မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နမူနာတင်ဆက်နည်းများ

နမူနာတင်ဆက်နည်းများ

ကင်းမျှော်စင်

မေးခွန်း– မိတ်ဆွေ အကြွေးတင်နေပြီး ပေးစရာလည်းမရှိ ဖြစ်နေချိန်မှာ သူငယ်ချင်းက လိုတဲ့ငွေကို လက်ဆောင်အနေနဲ့ပေးရင် ဘယ်လိုခံစားရမလဲ။ ဘုရားလည်း ကျွန်တော်တို့ကို လက်ဆောင်တစ်ခု ပေးထားတယ်။

ကျမ်းချက်– ယော. ၃:၁၆

ဝေငှပုံ– ဘုရားပေးတဲ့လက်ဆောင်ဟာ လူအားလုံးအတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြပေးတယ်။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

မေးခွန်း– [ဝေစာရဲ့ မျက်မှာဖုံးကိုပြ] ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့နှလုံးထဲမှာ ရှိနေတာလား၊ တင်စားချက်လား ဒါမှမဟုတ် ကောင်းကင်မှာရှိတဲ့ အုပ်ချုပ်မှုတစ်ခုလား။ မိတ်ဆွေဘယ်လို ထင်ပါသလဲ။

ကျမ်းချက်– ဒံ. ၂:၄၄။ ဟေရှာ. ၉:၆

ဝေငှပုံ– ဒီဝေစာထဲမှာ ဘုရားသခင့်နိုင်ငံတော်ကနေ ဘာအကျိုးရမလဲဆိုတာကို ရှင်းပြထားတယ်။

အောက်မေ့ရာပွဲ ဖိတ်စာ

ဝေငှပုံ– အရေးကြီးတဲ့ ပွဲတော်တစ်ခုကို တက်ရောက်ဖို့ ဖိတ်ခေါ်နေပါတယ်။ [ဖိတ်စာ ကမ်းပေးပါ။] ဧပြီလ ၁၁ ရက်နေ့မှာ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပမယ်။ ကိုယ်တော်အသေခံခဲ့လို့ ဘာအကျိုးရသလဲ ဆိုတဲ့ဟောပြောချက်ကို ကြားရမယ်။ ဝင်ကြေးမကောက်ခံဘူး။ အချိန်နဲ့နေရာကို ဖိတ်စာမှာ ပြထားတယ်။ မိတ်ဆွေကိုလည်း ဖိတ်ခေါ်ပါတယ်။

ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ

နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။