မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၁-၃

‘မင်းရဲ့အကျင့်ကို ငါသိတယ်’

‘မင်းရဲ့အကျင့်ကို ငါသိတယ်’

၁:၂၀။ ၂:၁၊ ၂

  • “ကြယ်​ခုနစ်လုံး”– ဘိသိက်ခံ အကြီးအကဲ​များနဲ့ တခြား အကြီးအကဲ​အားလုံး

  • “[ယေရှုရဲ့] ညာလက်​မှာ”– ကြယ်တွေ​ဟာ ယေရှုရဲ့ အပြည့်အဝ ထိန်းချုပ်မှု၊ အာဏာ၊ လမ်းညွှန်မှု​အောက်မှာ ရှိတယ်။ အကြီးအကဲ​အဖွဲ့​ထဲ​က တစ်ယောက်ယောက်ကို တည့်မတ်​ပေးဖို့ လိုတယ်​ဆိုရင် ယေရှု​က သူ့ကို သင့်တော်​တဲ့​အချိန်​မှာ သင့်တော်​တဲ့​နည်းနဲ့ တည့်မတ်​ပေးပါလိမ့်မယ်

  • “ရွှေ​ဆီမီးတိုင် ခုနစ်ခု”– ခရစ်ယာန်​အသင်းတော်များ။ တဲတော်မှာ​ရှိတဲ့ ဆီမီးတိုင်​က အလင်း​ပေး​သလို ခရစ်ယာန်​အသင်းတော်တွေက ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရား​အလင်း ထွန်းလင်းပေး​တယ်။ (မ ၅:၁၄) ယေရှုဟာ ဆီမီးတိုင်​တွေ “အလယ်မှာ သွားလာ” တာ​က အသင်းတော်​တွေရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်​နေတာကို ဆိုလိုတယ်