မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်​လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—⁠စကားစမြည် စပြော​က သက်သေခံဖို့ အခွင့်အရေး ရစေ

အမှုဆောင်​လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—⁠စကားစမြည် စပြော​က သက်သေခံဖို့ အခွင့်အရေး ရစေ

ယေရှုဟာ ရှမာရိ​အမျိုးသမီးကို စကား စပြော​ခဲ့လို့ အလွတ်သဘော သက်သေခံ​နိုင်ခဲ့တယ်။ သူစိမ်းတွေကို စကား စပြော​ရာ​မှာ ကျွမ်းကျင်​လာ​အောင် ဘယ်လို လုပ်နိုင်သလဲ။

  • လူတွေနဲ့ ရင်းရင်းနှီးနှီး စကား​ပြောဆိုပါ။ ယေရှုဟာ မောပန်း​နေပေမဲ့ သောက်ဖို့​ရေ တောင်း​ရင်း​ စကား​စ​ပြောခဲ့တယ်။ သင်လည်း ရင်းရင်းနှီးနှီး စ​နှုတ်ဆက်​ပြီး ရာသီဥတု​အကြောင်း၊ လတ်တလော​ အဖြစ်အပျက်​တစ်ခု​အကြောင်း ပြောနိုင်ပါတယ်။ သင့်​ပန်းတိုင်​က စကားစမြည်​စပြော​ဖို့ ဆိုတာ သတိရပါ။ ဒါကြောင့် သင်နဲ့​စကား​ပြောတဲ့​သူ စိတ်ဝင်စား​နိုင်မယ့် အကြောင်းအရာကို ပြောပါ။ သူ မတုံ့ပြန်​ရင် နောက်​တစ်ယောက်နဲ့ စကား​ပြောနိုင်​ဖို့ ကြိုးစားပါ။ ယေဟောဝါ​ဆီ ရဲစွမ်းသတ္တိ တောင်းပါ။—⁠နေ ၂:၄။ တ ၄:⁠၂၉

  • အခွင့်အရေး​ရတာ​နဲ့ သတင်းကောင်း​အကြောင်း စပြော​ဖို့ အသင့်​ရှိပါ၊ ဒါပေမဲ့ မလောပါနဲ့။​ အပြန်အလှန် သဘာဝ​ကျ​ကျ ပြောဆိုပါ။ သင်​ပြောချင်တာ​ကိုပဲ ပြော​နေမယ်ဆိုရင် စိတ်​မ​သက်​မသာ​ဖြစ်လာပြီး စကား​စ ပြတ်​သွားနိုင်တယ်။ သက်သေ​မခံရ​သေး​ခင် စကား​စ ပြတ်​သွားတယ်​ဆိုရင် စိတ်မပျက်ပါနဲ့။ သင့်​အနေနဲ့ သတင်းကောင်း​အကြောင်း စဟော​ဖို့ ခက်တယ်​ဆိုရင် သက်သေ​ခံဖို့ ပန်းတိုင်​မထား​ဘဲ စကားစမြည် စပြော​ဖို့​ပဲ လေ့ကျင့်ပါ။ [ဗီဒီယို ၁ ပြပြီး ဆွေးနွေးပါ]

  • သင့်​ယုံကြည်ချက်​အကြောင်း ပြောပြခြင်း​အားဖြင့် သက်သေခံဖို့ အခွင့်အရေး ဖန်တီး​ပါ။ အဲဒီအခါ နားထောင်သူက ရှင်းပြ​ပေးဖို့ တောင်းဆို​လာနိုင်တယ်။ ယေရှုဟာ ရှမာရိ​အမျိုးသမီး မေးခွန်း​မေး​လာ​အောင် စိတ်ဝင်စားစရာ​အကြောင်း​တွေ ပြောခဲ့တယ်။ သတင်းကောင်း​အကြောင်း ပြောတဲ့​အချိန်မှာ အမျိုး​သမီးရဲ့​မေးခွန်းတွေ အဖြေ​ရ​သလော​က်​ဖြစ်နေပြီ။ [ဗီဒီယို ၂ ကို​ပြပြီး ဆွေးနွေးပါ၊ ပြီးတဲ့နောက် ဗီဒီယို ၃ ကို​ပြပြီး ဆွေးနွေးပါ။]