မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

တရားစီရင်ရာနေ့ဆိုတာ ဘာလဲ

တရားစီရင်ရာနေ့က ဘာဖြစ်လို့ ပျော်ရွှင်စရာအချိန်ဖြစ်မှာလဲ

ကျမ်းစာခေတ်မှာ ဘုရားသခင်က မိမိကိုဝတ်ပြုတဲ့သူတွေ မတရားမှုကနေ ကာကွယ်မှုရအောင် တရားသူကြီးတွေကို ခန့်အပ်ပေးတယ်။ (တရားသူကြီး ၂:၁၈) အနာဂတ် တရားစီရင်ရာနေ့ဟာ ပျော်ရွှင်စရာအချိန်ဖြစ်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခုလုံးကို တရားစီရင်မယ့်အရှင် ယေဟောဝါဘုရားက လူသားတွေကို မတရားမှုကနေ ကာကွယ်ပေးမှာဖြစ်လို့ပါ။ဆာလံ ၉၆:၁၂၊ ၁၃; ဟေရှာယ ၂၆:၉ တို့ကိုဖတ်ပါ။

အသက်ရှင်သူတွေနဲ့ သေလွန်သူတွေကို တရားစီရင်ဖို့ ယေရှုကို ဘုရားသခင်ခန့်အပ်ထားပါတယ်။ (တမန်တော် ၁၀:၄၂; ၁၇:၃၁) ဘုရားသခင်အကြောင်းမသိဘဲ သေဆုံးသွားရတဲ့သူတွေ အများကြီးရှိပါတယ်။ အနာဂတ်တရားစီရင်ရာနေ့မှာ ယေရှုက သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေးပါလိမ့်မယ်။ ဒါမှ သူတို့က ဘုရားသခင်ကို သိရှိပြီး ချစ်မြတ်နိုးလာနိုင်မှာဖြစ်တယ်။တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။

အနာဂတ်တရားစီရင်ရာနေ့က ဘာဖြစ်လို့ အနှစ်တစ်ထောင်ကြာမှာလဲ

အနှစ်တစ်ထောင်အတွင်း သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်။ (ဗျာဒိတ် ၂၀:၄၊ ၁၂) သူတို့က ဘုရားသခင်ရဲ့ ပညတ်တွေကို သင်ယူပြီး ကျင့်သုံးဖို့ အချိန်လိုအပ်ပါတယ်။ အသက်ပြန်ရှင်ပြီးမှ သူတို့ရဲ့လုပ်ရပ်အပေါ်မူတည်ပြီး တရားစီရင်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအချက်က ဒီနေ့လူအများ လက်ခံထားတဲ့ယူဆချက်နဲ့မတူပါဘူး။ရောမ ၆:၇ ကိုဖတ်ပါ။

အနှစ်တစ်ထောင်တရားစီရင်ရာနေ့ မတိုင်ခင် ရုတ်တရက်ကျရောက်လာမယ့် တရားစီရင်ရာနေ့အကြောင်းကိုလည်း ကျမ်းစာမှာဖော်ပြထားတယ်။ မျက်နှာဖုံးဆောင်းပါးမှာ ဆွေးနွေးထားတဲ့အတိုင်း အဲဒီနေ့ကို ဆုံးခန်းတိုင်မယ့်နေ့လို့လည်း ခေါ်ပါတယ်။ အဲဒီနေ့မှာ ဘုရားသခင်က မိမိကိုစော်ကားတဲ့သူတွေ၊ ဆိုးသွမ်းတဲ့သူတွေကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ (၂ ပေတရု ၃:၇) ဒါကြောင့် ဘုရားသခင်ကိုချစ်တဲ့မေတ္တာ မပျောက်သွားအောင် ဆက်ထိန်းထားဖို့လိုတယ်။၂ ပေတရု ၃:၉၊ ၁၃ ကိုဖတ်ပါ။