မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှုတွေ ကြုံရပေမဲ့ အနာဂတ်မျှော်လင့်ချက်ရှိ

ဆင်းရဲခက်ခဲမှုတွေ ကြုံရပေမဲ့ အနာဂတ်မျှော်လင့်ချက်ရှိ

ဆင်းရဲခက်ခဲမှုတွေ ကြုံရပေမဲ့ အနာဂတ်မျှော်လင့်ချက်ရှိ

“နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသော ကာလဖြစ်မည်ကို သိမှတ်လော့။”—၂ တိမောသေ ၃:၁

အောက်မှာဖော်ပြထားတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တချို့ကို သင် ကြားဖူး၊ မြင်ဖူးပါသလား။

● လူ့အသက်ပေါင်းများစွာကို ခြွေယူသွားတဲ့ ရောဂါဆိုး။

● လူပေါင်းများစွာကို သေတွင်းပို့တဲ့ အငတ်ဘေး။

● လူထောင်ပေါင်းများစွာကို သေစေပြီး အိုးမဲ့အိမ်မဲ့ဖြစ်စေတဲ့ မြေငလျင်။

ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အလေးအနက်စဉ်းစားစေတဲ့ အချက်အလက်တွေကို နောက်ဆောင်းပါးတွေမှာ သုံးသပ်သွားပါမယ်။ ဒါ့အပြင် “နောက်ဆုံးသောနေ့ရက်များ” လို့ခေါ်တဲ့ အချိန်ကာလမှာ အဲဒီလိုဖြစ်လိမ့်မယ်ဆိုပြီး ကျမ်းစာမှာ ကြိုဟောထားတာကို တွေ့ရပါလိမ့်မယ်။ *

ဒီဆောင်းပါးကို ရေးသားရတဲ့ ရည်ရွယ်ချက်က ကျွန်ုပ်တို့ဟာ ပြဿနာတွေနဲ့ ရှုပ်ထွေးပြီး ဆင်းရဲခက်ခဲတဲ့ ဒီလောကမှာ အသက်ရှင်နေရတယ်ဆိုတာကို သင် ယုံကြည်လက်ခံလာအောင် ပြောပြဖို့မဟုတ်ပါဘူး။ ဆင်းရဲခက်ခဲမှုတွေကို သင်ကိုယ်တိုင်လည်း ကြုံတွေ့နေရတာပဲ။ ဒါကြောင့် ဒီဆောင်းပါးတွေရဲ့ ရည်ရွယ်ချက်က သင့်ကို မျှော်လင့်ချက်ပေးဖို့ပါ။ ကျမ်းစာကြိုဟောချက်ခြောက်ခု ပြည့်စုံခြင်းက မကြာခင်မှာ “နောက်ဆုံးသောနေ့ရက်များ” အဆုံးတိုင်တော့မယ်ဆိုတာကို ဆောင်းပါးတွေက ဖော်ပြပါလိမ့်မယ်။ ဒီဆောင်းပါးတွဲတွေမှာ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လူအများရဲ့ တုံ့ပြန်ချက်တချို့ကို သုံးသပ်မယ့်အပြင် လာမယ့်အနာဂတ်မှာ အခြေအနေတွေ ပိုကောင်းလာတော့မယ်ဆိုတာကို ယုံကြည်ဖို့လည်း အကျိုးအကြောင်းနဲ့ ရှင်းပြပေးပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဒီအဖြစ်ဆိုးတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုရတာလဲဆိုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာစောင်ရဲ့ စာမျက်နှာ ၁၆ နဲ့ ၁၇ မှာပါရှိတဲ့ “မကောင်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။