မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယင်းသည် ဘုရားသခင်၏အသန့်ရှင်းဆုံးနှင့် ကြီးမြတ်သောနာမတော်ဖြစ်ပေ၏”

“ယင်းသည် ဘုရားသခင်၏အသန့်ရှင်းဆုံးနှင့် ကြီးမြတ်သောနာမတော်ဖြစ်ပေ၏”

“ယင်းသည် ဘုရားသခင်၏အသန့်ရှင်းဆုံးနှင့် ကြီးမြတ်သောနာမတော်ဖြစ်ပေ၏”

ကူစာမှ နီကိုးလပ်စ်ဆိုသူသည် ၁၄၃၀ ပြည့်နှစ်တွင် သူဟောသောဟောပြောချက်တစ်ခု၌ ယင်းသို့ပြောဆိုခဲ့သည်။ * သူသည် အကြောင်းအရာများစွာကို စိတ်ဝင်စားသူဖြစ်သည်၊ ဥပမာ ဂရိ၊ ဟေဗြဲ၊ ဒဿနိကဗေဒ၊ ဘာသာတရား၊ သင်္ချာနှင့် နက္ခတ္တဗေဒပညာရပ်တို့ကို လေ့လာလိုက်စားခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် ရိုမန်ကက်သလစ်ကျမ်းဂန်ဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့ရသူတစ်ဦးဖြစ်လာခဲ့သည်။ ၁၄၄၈ ခုနှစ်တွင် ဗရင်ဂျီဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခံခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၅၀ ခန့်တွင် ကူစာမှ နီကိုးလပ်စ်သည် သက်ကြီးရွယ်အိုများအတွက် ဘိုးဘွားရိပ်သာကို ကူစ်မြို့တွင်တည်ထောင်ခဲ့ပြီး ယခုအခါ ဂျာမနီနိုင်ငံ၊ ဘောန်မြို့တောင်ဘက် မိုင် ၈၀ ခန့်တွင်တည်ရှိသော ဘင်ကာစ်တဲလ်ကူစ်မြို့အဖြစ် သိရှိကြသည်။ ယခုအခါ ဤအဆောက်အအုံတွင်ပင် စာမူပေါင်း ၃၁၀ ကျော်ရှိသည့် ကူစာစာကြည့်တိုက် ထားရှိသည်။ ယင်းစာမူများထဲမှတစ်ခုမှာ ကိုဒက်စ် ကူစန်နပ်စ် ၂၂၀ ဖြစ်ပြီး ယင်းတွင် ၁၄၃၀ ပြည့်နှစ်မှ ကူစာ၏ဟောပြောချက်ကို တွေ့ ရှိနိုင်သည်။ အစအဦး၌ နှုတ်မြွက်တော်ရှိ၏ (In principio erat verbum) ဟုခေါင်းစဉ်တပ်ထားသော ထိုဟောပြောချက်တွင် ကူစာမှ နီကိုးလပ်စ်သည် Jehovah (ယေဟောဝါ) အတွက် လက်တင်စာလုံးပေါင်း Iehoua ကိုအသုံးပြုခဲ့သည်။ * စာမျက်နှာ ၅၆ တွင် ဘုရားသခင့်နာမတော်နှင့်ပတ်သက်၍ ဤဖော်ပြချက်ပါရှိသည်– “ယင်းသည် ဘုရားသခင်ထံမှဖြစ်သည်။ နာမတော်ကို အက္ခရာလေးလုံးဖြင့်ဖော်ပြသော တက်တြာဂရမ်မီတန်ဖြစ်၏။ . . . ယင်းသည် ဘုရားသခင်၏အသန့်ရှင်းဆုံးနှင့် ကြီးမြတ်သောနာမတော်ဖြစ်ပေ၏။” ကူစာမှ နီကိုးလပ်စ်၏ဖော်ပြချက်သည် မူရင်းဟေဗြဲကျမ်းတွင် ဘုရားသခင့်နာမတော်ပါရှိသည်ဟူသောအချက်နှင့် ကိုက်ညီသည်။—ထွ. ၆:၃

၁၅ ရာစုအစောပိုင်းမှဖြစ်သော ယင်းကိုဒက်စ်သည် သက်တမ်းအကြာဆုံးတည်ရှိသောမှတ်တမ်းများထဲမှ တစ်ခုဖြစ်ပြီး ယင်းတွင် တက်တြာဂရမ်မီတန်ကို “Iehoua” ဟူ၍ပြန်ဆိုခဲ့သည်။ ဤရေးသားချက်သက်သေသာဓကသည် ရာစုနှစ်များတစ်လျှောက် ဘုရားသခင့်နာမတော်ကို အများဆုံး “Jehovah (ယေဟောဝါ)” နှင့်အလားတူသည့်ပုံစံများဖြင့် ရေးသားကူးယူခဲ့ကြောင်း ထပ်ဆင့်အထောက်အထားဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ကူစာမှ နီကိုးလပ်စ်ကို နီကိုလားအပ်စ် ခရဗ်စ် (ကရဗ်စ်)၊ နီကိုလားအပ်စ် ကူစန်နပ်စ်နှင့် နီကိုလားအပ်စ် ဗွန်ကူစ်ဟူ၍လည်း သိခဲ့ကြသည်။ ကူစ်မှာ သူမွေးဖွားရာ ဂျာမနီနိုင်ငံရှိမြို့အမည်ဖြစ်သည်။

^ အပိုဒ်၊ 3 ဟောပြောချက်သည် သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်ကို ထောက်ခံရန်ဖြစ်ခဲ့သည်။

[စာမျက်နှာ ၁၆ ပါပုံ]

ကူစာ စာကြည့်တိုက်