မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာမဂေဒုန်—ရုတ်တရက်ကမ္ဘာကုန်ခြင်းလော

အာမဂေဒုန်—ရုတ်တရက်ကမ္ဘာကုန်ခြင်းလော

အာမဂေဒုန်—ရုတ်တရက်​ကမ္ဘာ​ကုန်​ခြင်း​လော

အာမဂေဒုန်။ ဤ​စကားလုံး​က အစုလိုက်​အပြုံလိုက်​ပျက်စီးခြင်း သို့​မဟုတ် စကြဝဠာ​လောင်ကျွမ်း​ပျက်စီးခြင်း​ဆိုင်ရာ ပုံရိပ်​များ​ကို မြင်ယောင်​စေ​သလော။ ကမ္ဘာ့​ဒေသ​အတော်များများ​တွင် နေ့စဉ်​သုံး​စကား​ဖြစ်လာ​သည့် “အာမဂေဒုန်” ကဲ့သို့​သော ကျမ်းစာ​အသုံးအနှုန်း​များ မရှိသလောက်​ပင်။ လူသား​တို့​ရင်ဆိုင်​ရမည့် ဝမ်းနည်းဖွယ်​အလားအလာကို ဖော်ပြ​ရန် ထိုစကား​လုံး​ကို ကျယ်ကျယ်ပြန့်ပြန့်​အသုံးပြု​ခဲ့​ကြပြီ။ လာ​အံ့​ဆဲ​ဆဲ “အာမဂေဒုန်” ၏​ထိတ်လန့်ဖွယ်​မြင်ကွင်း​များနှင့်​စပ်လျဉ်း၍ ဖျော်ဖြေရေး​လုပ်ငန်း​တွင် လူ့​စိတ်ကူး​စိတ်​သန်း​များနှင့် ပြည့်နေ​သည်။ ထိုစကား​လုံး​သည် နက်နဲ​သော​လျှို့ဝှက်ချက်​များနှင့် တလွဲ​ရှုမြင်ချက်များ​ဖြင့် လွှမ်း​နေသည်။ အာမဂေဒုန်​၏​အဓိပ္ပာယ်​နှင့်​စပ်လျဉ်း၍ ယူဆချက်များ​စွာ​ရှိသော်လည်း အများစုမှာ ၎င်း​အသုံးအနှုန်း​၏​ရင်းမြစ်​ဖြစ်သော ကျမ်းစာ​သွန်သင်ရာ​နှင့် မကိုက်ညီ​ပါ။

သမ္မာကျမ်းစာ​က အာမဂေဒုန်​ကို “ကမ္ဘာ​ကုန်” ခြင်း​နှင့်​ဆက်စပ်​ထား​ရာ ထိုစကား​လုံး​၏ အဓိပ္ပာယ်​မှန်​ကို ရှင်းရှင်းလင်းလင်း​နားလည်​ရန် အရေးကြီးကြောင်း သင်​သဘောမတူ​ပေ​လော။ (မဿဲ ၂၄:၃) ထို့​ပြင် အာမဂေဒုန်​သည် အဘယ်အရာ​ဖြစ်​ကြောင်း အဖြေရှာ​ရန် အမှန်တရား​၏​အဓိက​ရင်းမြစ်​ဖြစ်သော သမ္မာကျမ်းစာ​ကို သုံးသပ်ခြင်းက ကျိုးကြောင်း​ညီ​သည်မဟုတ်​ပေ​လော။ ယင်းသည် သင်​နှင့် သင့်​မိသားစု​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ထိုသို့​ဆန်းစစ်​ကြည့်​ခြင်း​က အာမဂေဒုန်​သည် ရုတ်တရက်​ကမ္ဘာ​ကုန်​ခြင်း​ဖြစ်​မည့်​အစား ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် အသက်ရှင်​နေထိုင်​လို​သူများ​အတွက် ပျော်ရွှင်ဖွယ်​ကောင်းသော​အစ​ဖြစ်​ကြောင်း သိစေ​မည်။ နောက်​ဆောင်းပါး​တွင်​ဆွေးနွေး​ထားသော အာမဂေဒုန်​၏​ဆိုလိုရင်း​အမှန်​ကို သင်​သုံးသပ်​သည်​နှင့်​အမျှ အရေးပါသော ကျမ်း​ဆိုင်ရာ​အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်​လာ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အာမဂေဒုန်​ကို အဘယ်အရာ​ဟု သင်​ထင်​သနည်း

• နျူကလီးယား မီးလောင်​တိုက်​သွင်း​ခြင်း

• ဝန်းကျင်​ဆိုင်ရာ ဘေးအန္တရာယ်

• ကမ္ဘာ​နှင့်​ဂြိုဟ်​တစ်လုံး တိုက်မိခြင်း

• ဆိုးယုတ်မှု​ကို ဘုရားသခင်​ဖျက်ဆီးခြင်း