မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကောင်းမြတ်ခြင်းနှင့် မေတ္တာအကြောင်း သူတို့ပြောဆိုကြ’

‘ကောင်းမြတ်ခြင်းနှင့် မေတ္တာအကြောင်း သူတို့ပြောဆိုကြ’

‘ကောင်းမြတ်​ခြင်း​နှင့် မေတ္တာ​အကြောင်း သူတို့​ပြောဆို​ကြ’

မကြာသေးမီ​နှစ်များ​အတွင်း ပြင်သစ်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များသည် အပြင်းအထန် ရှုတ်ချ​ပြောဆို​ခံ​ခဲ့​ရ​ကြသည်။ သူတို့ကို​လူ​တို့​တလွဲ​ထင်​စေ​ကြဖို့ မမှန်​တစ်ဝက်​မှန်​တစ်ဝက်​စကား​နှင့် လွဲမှား​သော​သတင်းပေး​ချက်​များ​ကို ဆန့်ကျင်သူ​တို့​က အသုံးပြု​ခဲ့​ကြသည်။ ၁၉၉၉ ခုနှစ်​အစပိုင်း​တွင် ပြင်သစ်​တစ်နိုင်ငံ​လုံး​ရှိ ယေဟောဝါသက်သေ​များသည် ပြင်သစ်​ပြည်သူပြည်သား​တို့၊ သင်တို့​လှည့်ဖြား​ခံ​နေရ​ကြပြီ! အမည်​ရှိ​ဝေစာ စောင်ရေ ၁၂ သန်း​ကို​ဝေငှ​ခဲ့​ကြသည်။ ဤ​ဝေစာ​တွင် သူတို့အား​အသရေ​ဖျက်​ပြောဆို​သည့်​စကား​များ​ကို လူသိရှင်ကြား ဖော်ထုတ်​ခဲ့​ကြသည်။

ဤ​လှုပ်ရှားမှု​ပြီး​၍ ရက်​အနည်းငယ်​အကြာတွင် ဆရာဝန်​ဖြစ်သည့် ပါလီမန်​အဖွဲ့ဝင်​ဟောင်း​တစ်ဦး​ဖြစ်သူ မစ္စတာ ယားန် ဘော​နော​မ်​က ဒေသခံ​သတင်းစာ​တိုက်​တစ်ခု​ထံ​သို့ အိတ်ဖွင့်စာ​တစ်စောင်​ပေး​ပို့​ခဲ့​သည်။ သူက​ဤသို့​ရေးသားခဲ့​သည်– “ကျွန်တော့်​အိမ်​သို့ ယေဟောဝါသက်သေ​များ မကြာမကြာ​လာ​ကြသည်။ ကျွန်တော့်​ထံ​လာ၍ ကောင်းမြတ်​ခြင်း​နှင့် ကမ္ဘာလုံး​ဆိုင်ရာ​မေတ္တာ​အကြောင်း ပြောပြ​ကြသည်။ . . . သူတို့သည် အခွင့်​မရှိဘဲ အတင်း​ဝင်ရောက်ခြင်း​မရှိကြ​ပါ။ သူတို့သည် နူးညံ့​သိမ်မွေ့ စွာ တင်ပြ​ပြောဆို​ကြ​ပြီး ကျွန်တော်​၏​သံသယ​သဘောထားကို ကြင်နာ​စွာ​နားထောင်​ကြသည်။”

ယေဟောဝါသက်သေ​များ​၏ ဝိညာဉ်​ရေး​အမြင်​နှင့်​ပတ်သက်​၍ မစ္စတာ ဘော​နော​မ်​က​ဤသို့​ဆို​ခဲ့​သည်– “သူတို့၏ လောက​ပညာ​မဲ့​မှု​သည် လုံးဝ​ဘေးမ​ပြု​နိုင်​ပါ။ အခြား​တစ်ဖက်​တွင်​မူ နိုင်ငံရေးသမား​အချို့​၏ လောက​ပညာ​မဲ့​မှု​သည် နိုင်ငံသား​များ​၏​ငြိမ်သက်ခြင်း​နှင့် လူ့​အဖွဲ့အစည်း​၏​စည်းလုံး​ညီညွတ်မှု​ကို ပို​၍​အန္တရာယ်​ရှိစေသည်။”