မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

တရုတ်

၂၀၁၃ ခုနှစ်ရဲ့ ဦးဆုံးကိုးလအတွင်း ပေကျင်းမြို့ရဲ့ ကွာရှင်းမှုနှုန်းက ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၄၁ ရာခိုင်နှုန်း မြင့်တက်လာတယ်။ အဲဒီလိုမြင့်တက်သွားတာက အိမ်ရောင်းလို့ရတဲ့ ငွေအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ပေးရမှာကိုရှောင်ဖို့ ဖြစ်တယ်ဆိုပြီး ပညာရှင်တွေက ဆိုတယ်။ တချို့အခြေအနေမှာ ဆိုရင် ကွာရှင်းထားတဲ့ လင်မယားပိုင် နောက်အိမ်တစ်လုံးကိုရောင်းမယ် ဆိုရင် အခွန်ဆောင်စရာမလိုပါဘူး။

ကမ္ဘာ့သတင်း

လူတွေ အာဟာရ ရရှိအောင် အင်းဆက်ပိုးကောင် လေးတွေစားဖို့ ကုလသမဂ္ဂက အကြံပြုထားတယ်။ အာဟာရလည်းရှိ စားလို့လည်းရတဲ့ အင်းဆင်ပိုးကောင်လေးတွေကို “အသားအစားထိုး စားနိုင်တယ်” လို့ မှတ်တမ်းတစ်ခုမှာ မကြာသေးခင်က ဆိုထားတယ်။ ဒါပေမဲ့ “အင်းဆက်ပိုးကောင်လေးတွေစားတာကို လူတချို့နှစ်သက်မှာမဟုတ်ဘူး” လို့ အဲဒီမှတ်တမ်းက အသိအမှတ်ပြုတယ်။

ကနေဒါ

ဖန်ပြွန်သန္ဓေသားဆေးခန်းတွေဟာ အေးခဲအောင်လုပ်ထားတဲ့သန္ဓေသားလောင်းတွေရဲ့ ပိုင်ရှင်တွေကို ဆက်သွယ်လို့မရတဲ့အတွက် အကျပ်ရိုက်အခက်တွေ့နေတယ်။ ဆေးခန်းတစ်ခုတည်းမှာတောင် ဖန်ပြွန်သန္ဓေသားလောင်း ၁,၀၀၀ ထိန်းသိမ်းထားရပြီး သူတို့ရဲ့ပိုင်ရှင်တွေကတော့ “ပျောက်ချင်းမလှပျောက်သွားကြပြီ” လို့ ဆိုတယ်။

အိုင်ယာလန်

၂၀၁၃ ခုနှစ်အထိ အိုင်ယာလန်ကက်သလစ်တွေက လက်ထပ်မယ်ဆိုရင် ဘာသာရေးအခမ်းအနားနဲ့လက်ထပ်တာ၊ ရုံးတက်လက်မှတ်ထိုးတာကိုသာ ရွေးချယ်ခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ လူသာပဓာနဝါဒီအုပ်စုတစ်စု စီစဉ် ပေးတဲ့ ဘာသာရေးအခမ်းအနားမပါတဲ့ လက်ထပ်ပွဲအစီအစဉ်ကိုလည်း ရွေးချယ်နိုင်လာတယ်။ သတင်းတစ်ပုဒ်အရ “ရုံးတက်လက်မှတ်ထိုးတာထက်လည်းပိုချင်၊ ဘာသာရေးအခမ်းအနားလည်းမပါစေချင်တဲ့ ထိမ်းမြားလိုသူတွေ များလွန်းလို့” လက်ထပ်ပွဲစီစဉ်ပေးသူတွေ မနိုင်မနင်းဖြစ်နေတယ်။