မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အမေရိကန်ပြည်ထောင်စု

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလစ်မြို့မှာ ၄၆၉ စတုရန်းမိုင်နီးပါး ကျယ်ပြန့်တဲ့ နေရာအတွင်းက အချက်ပြမီးပွိုင့်ပေါင်း ၄,၅၀၀ နီးပါးကို တစ်ပြိုင်တည်းချိတ်ဆက်ထားပြီး ထိန်းချုပ်ပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာအရ လော့စ်အိန်ဂျလစ်မြို့ဟာ “အဲဒီလို တစ်မြို့လုံးကို ချိတ်ဆက် ထိန်းချုပ်မှုလုပ်ဆောင်တဲ့ ပထမဆုံးမြို့ကြီး” ဖြစ်တယ်။

ကမ္ဘာ့သတင်း

၁၉၉၀ ကနေ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ အဝလွန်သူဦးရေဟာ ၈၂ ရာခိုင်နှုန်း တိုးများလာတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးဆန်းစစ်မှုတစ်ရပ်က ထုတ်ပြန်တယ်။ ကမ္ဘာ့ဒေသတော်တော်များများမှာ အစာရေစာမလောက်ငမှု ပြဿနာရှိနေဆဲဖြစ်ပေမဲ့ အဝလွန်ခြင်းကြောင့် သေဆုံးတာက အာဟာရ ချို့တဲ့ပြီး သေဆုံးတာထက် သုံးဆပိုများနေတယ်။ “လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က အစာရေစာ မလောက်မငဖြစ်ခဲ့ပေမဲ့ အခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် အစားအစာ အလျှံပယ်ရရှိနေပါပြီ။ ဒါပေမဲ့ အဲဒီအစားအစာတွေက ကျန်းမာရေးနဲ့မညီတဲ့အတွက် လူတွေကို ကျန်းမာရေးချို့တဲ့စေပါတယ်” ဆိုပြီး သုတေသနပြုရာမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မက်ဂျစ် အက်ဇက်တီက ပြောခဲ့တယ်။

မစ်ဝေးကျွန်း

“ကမ္ဘာ့အသက်အကြီးဆုံးငှက်” လို့မှတ်တမ်းတင်ထားတဲ့ ပင်လယ်ဇင်ယော်ငှက်မကြီး (Laysan albatross) ဟာ ငှက်ကလေး ထပ်ပေါက်ပြန်ပါပြီ။ ငှက်မကြီးက အသက်ဘယ်လောက်ရှိပြီလဲ။ သိပ္ပံပညာရှင်တွေ သူ့ကိုခြေရာခံဖို့ ရေဒီယိုလှိုင်းကြိုး ပထမဆုံးတပ်ပေးတဲ့ ၁၉၅၆ ခုနှစ်မှာ သူဟာ အသက် ငါးနှစ်သားလောက်ရှိတဲ့အတွက် အခုဆိုရင် အသက် ၆၀ ကျော်ခဲ့ပါပြီ။ ဒီပင်လယ်ဇင်ယော်ငှက်မကြီးရဲ့ သက်တမ်းတစ်လျှောက်မှာ မိုင်ပေါင်း နှစ်သန်း၊ သုံးသန်းနီးပါး ပျံသန်းခဲ့တဲ့အတွက် ကမ္ဘာကနေ လကမ္ဘာအထိ အသွားအပြန် လေးငါးခြောက်ခေါက်နဲ့ ညီမျှတဲ့ အကွာအဝေးဖြစ်ပါတယ်။

တောင်အာဖရိက

လေ့လာမှုတစ်ခုအရ တောင်အာဖရိကအမျိုးသမီး သုံးပုံတစ်ပုံဟာ အသားဖြူစေတဲ့ ဆပ်ပြာတွေ၊ လိမ်းဆေးတွေကို သုံးစွဲကြတယ်။ အဲဒီအသားဖြူဆေးတွေဟာ အန္တရာယ်ရှိတဲ့အတွက် နိုင်ငံ တော်တော်များများမှာ ပိတ်ပင်ထားတဲ့ပစ္စည်းတွေဖြစ်တယ်။ အဲဒီပစ္စည်းတွေဟာ ကင်ဆာဖြစ်စေတယ်၊ ကျောက်ကပ်ပျက်စီးစေတယ်၊ စိတ်ကျစေ၊ ပူပင်သောကရောက်စေ၊ အင်ပျဉ်ထစေပြီး အမာရွတ်ထင်ကျန်စေပါတယ်။