မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အာဖရိက ဆာဟာရတောင်ပိုင်း

အာဖရိက ဆာဟာရတောင်ပိုင်းမှာရှိတဲ့ “ငါးနှစ်အောက်ကလေး ၃၈ ရာခိုင်နှုန်းပဲ မွေးစာရင်းရှိတယ်” လို့ ယူနီဆက်ဖ်က ထုတ်ပြန်တယ်။ ကမ္ဘာ့တချို့ဒေသတွေမှာ “ကလေးတွေ မိဘတွေဆီက အမွေဆက်ခံခွင့်ရဖို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအတွက် မွေးစာရင်း မရှိမဖြစ်လိုအပ်တယ်” ဆိုပြီး အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်းဆိုင်ရာ ယူနီဆက်ဖ်ရဲ့ လက်ထောက် ဒေသန္တရအုပ်ချုပ်ရေးမှူး အဲလ်ခ် ဗိရှ် က ပြောတယ်။

အီတလီ

လေ့လာမှုတစ်ခုအရ အီတလီက မြီးကောင် ပေါက်လေးတွေ အကြောက်ဆုံးအရာက အင်တာနက်ကနေ အနိုင်ကျင့်ခြင်း ဖြစ်တယ်။ အသက် ၁၂ ကနေ ၁၇ နှစ်ကြား လူငယ် တွေထဲက ၇၂ ရာခိုင်နှုန်းဟာ အင်တာနက်ကနေ အနိုင်ကျင့်မှာကို ကြောက်ကြတယ်။ မူးယစ်ဆေးစွဲမှာကိုကြောက်သူ (၅၅ ရာခိုင်နှုန်း)၊ လူကြီးတွေရဲ့ မတော်မတရားကျင့်မှာကိုကြောက်သူ (၄၄ ရာခိုင်နှုန်း)၊ လိင်ဆိုင်ရာကူးစက်ရောဂါရမှာကိုကြောက်သူ (၂၄ ရာခိုင်နှုန်း) နဲ့နှိုင်းယှဉ်ရင် အများဆုံးဖြစ်တယ်။

ဂျပန်

ဂျပန်တိုင်းမ် သတင်းစာအရ၊ ဂျပန်နိုင်ငံက လူလတ်ပိုင်းအလုပ်သမားတွေထဲမှာ အလုပ်မှာရာထူးတိုးပေးတာကို ငြင်းတဲ့သူ များလာတယ်။ လေးဆယ်ရာခိုင်နှုန်းက စည်းကမ်းမဲ့မှုတွေ၊ ပျံ့နှံ့နေတဲ့မရိုးသားမှုတွေကို မနှစ်သက်ကြတဲ့အတွက်ဖြစ်တယ်။ အများစုကတော့ အထက်လူကြီးကို ကိုယ့်ရဲ့သဘောထားတွေ တင်ပြခွင့်မရတာ၊ လွတ်လွတ်လပ်လပ် ပြောခွင့်မရတာတွေကြောင့် ဖြစ်တယ်။ အရင်တုန်းက အလုပ်သမားတွေဟာ ကိုယ့်ရဲ့အလုပ်ရှင်တွေအပေါ် သစ္စာရှိကြပေမဲ့ အခု လူလတ်ပိုင်းအလုပ်သမား ၆၀ ရာခိုင်နှုန်းဟာ ခဏတဖြုတ်အလုပ်ဝင်လုပ်တာဖြစ်ပြီး ပိုကောင်းတဲ့အလုပ်ရရင် ပြောင်းသွားကြတယ်။

ဘရာဇီး

ဘရာဇီးမှာ ၁၉၈၀ ကနေ ၂၀၁၀ ပြည့်နှစ်အထိ လူပေါင်း ၈၀၀,၀၀၀ နီးပါးဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်။ သေဆုံးသူတွေထဲက ၄၅၀,၀၀၀ ဟာ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်ကြားတွေ ဖြစ်တယ်။ သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို လေ့လာကြည့်တဲ့အခါ အဲဒီလို သတ်ဖြတ်မှုတွေက မိသားစုရန်ပွဲ၊ အိမ်နီးချင်းနဲ့ မသင့်မြတ်မှု၊ ကားဒရိုင်ဘာအချင်းချင်း စကားများရာကနေ ဖြစ်ကြတာ ဖြစ်တယ်။