မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြူရော်ရော်မှ အညိုရောင်သို့—အရေပြားနှင့်ပတ်သက်သည့် ပြောင်းလဲနေသော အယူအဆများ

ဖြူရော်ရော်မှ အညိုရောင်သို့—အရေပြားနှင့်ပတ်သက်သည့် ပြောင်းလဲနေသော အယူအဆများ

ဖြူရော်ရော်​မှ အညို​ရော​င်​သို့—အရေပြားနှင့်​ပတ်သက်​သည့် ပြောင်းလဲ​နေသော အယူအဆ​များ

အဘယ်အရာ​သည် သင့်အတွက် ကျန်းမာ​ရေး​ကောင်းခြင်း​၏ လက္ခဏာ​ဖြစ်​သနည်း။ ကျစ်လျစ်​ပြီး နေလောင်​ထား​သည့်​ညို​နေသော ခန္ဓာကိုယ်​လော။ ဥရောပတိုက်​သား​အများအပြား​နှင့် မြောက်​အမေရိက​လူမျိုးများ​အတွက် ထိုသို့​ဖြစ်သည်။ သို့သော် ထိုသို့​အမြဲတမ်း မဟုတ်​ခဲ့​ပေ။ လွန်ခဲ့သော​နှစ်များ​က ဥရောပ​သူများ​သည် မိမိတို့​ကိုယ်ကို နေရောင်ခြည်​မှ​ကာကွယ်​ရန် အနား​ပြန့်ကား​သော​ဦးထုပ်များ​ဆောင်း​ပြီး နေ​ကာ​ထီး​များ​ကို သယ်ဆောင်​သွား​ကြသည်။ ဖြူရော်ရော်​အသားအရေ​ကို အထက်တန်းလွှာ​၏​အမှတ်လက္ခဏာ​အဖြစ် ယူမှတ်​ကြသည်။ နေလောင်​၍​ညို​နေသော​အသားအရေ​သည် ကာယ​လုပ်သား​၏ အမှတ်သညာ​ဖြစ်​ခဲ့​သည်။

ပို​၍​ရှေးကျ​သော​အချိန်​များ​၌၊ အဆိပ်​ဖြစ်သည်​ဟု ယနေ့ လူသိ​များသော​ပစ္စည်း​များ​ကို အသားအရေ​ပို​၍​ဖြူ​လာ​စေရန် အသုံးပြု​ကြသည်။ သာဓက​အနေ​နှင့် ဘီ.စီ.အီး. ၄၀၀ ပြည့်နှစ်​လောက်​ကတည်းက ဂရိ​လူမျိုးများ​သည် ခဲ​ကာဗွန်နိတ် မျက်နှာ​လိမ်း​ပေါင်​ဒါ​မှုန့်​ဖြင့် သူတို့၏​အသားအရေ​ကို ပို​ဖြူ​စေ​ခဲ့​ကြသည်။ ရောမ​ဧကရာဇ် နီရို​၏​မိဖုရား ပေါ်​ပီ​ယာ ဆ​ဗီး​နား​သည် မျက်နှာ​ဖြူ​လာ​စေရန် အဆိပ်​ရှိသော ယင်း​အမှုန့်​ကို သုံးခဲ့​သည်။ ၁၆ ရာစု​တွင် အီတလီ​အမျိုးသမီး​အချို့​သည် သူတို့၏​မျက်နှာ​ပို​ဝင်း​ပ​လာ​စေရန် စိန်​ဓာတ်​ပေါင်း​ကို သုံးခဲ့​ကြသည်။ သို့သော် ၁၉၂၀ ပြည့်လွန်​နှစ်များ​အစောပိုင်းကတည်းက ပြင်သစ်​အဝတ်အစား​ဒီဇိုင်နာ ကိုကိုး ချန်​နယ်​သည် နေလောင်​၍​ညို​သော​အသားအရေ​ကို ခေတ်​စား​လာအောင်​ပြု​ခဲ့​ပြီး လူအများ​အပြား​က နေလောင်​သော​ကိုယ်ခန္ဓာ​ကို ဖက်ရှင်​ကျ​သည်​ဟု ယူမှတ်​လာ​ကြသည်။ သို့​နှင့် လူတို့သည် နာရီ​ပေါင်း​များစွာ နေ​ပူ​စာ​လှုံ​ကြသည်။

သို့သော် အိမ်ပြင်​တွင်​အပန်းဖြေ​သွား​သူ​တိုင်း ပို​ညို​သော​အသားအရေ​ကို လိုချင်​ကြသည်​မဟုတ်။ နေ​ပူ​ခံ​ခြင်း​သည် သူတို့​ယဉ်ကျေးမှု​အဝင်​မဟုတ်ပေ။ သူတို့သည် နေရောင်​ကြောင့် အသားညို​ခြင်း​ထက် တစ်နေ့တာ နေရောင်ခြည်​နွေး​နွေး​နှင့် လေပြေ​ည​င်း​တို့​ကြောင့်​ခံစားရ​သည့် လန်းဆန်း​ပေါ့ပါး​မှု​တို့ကို သာ၍​နှစ်သက်​ကြသည်။ သူတို့၏​အသားအရေ​သည် အဘယ်ကြောင့် နေပူဒဏ်​မှ​ကာကွယ်​မှု လိုအပ်​သနည်း။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

၂၀ ရာစု အစောပိုင်း​မှ ကမ်းခြေ​မြင်ကွင်း

[Credit Line]

Brown Brothers