မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်ုပ်တို့၏နာခံမှုကို မည်သူ ရထိုက်သနည်း” ဟူသော လူထုဟောပြောပွဲကို လာရောက် နားထောင်ပါလေ

“ကျွန်ုပ်တို့၏နာခံမှုကို မည်သူ ရထိုက်သနည်း” ဟူသော လူထုဟောပြောပွဲကို လာရောက် နားထောင်ပါလေ

“ကျွန်ုပ်​တို့၏​နာခံမှု​ကို မည်သူ ရထိုက်​သနည်း” ဟူသော လူထု​ဟောပြောပွဲ​ကို လာရောက် နားထောင်ပါ​လေ

နာခံမှု​ဟူသော​အယူအဆ​သည် လူများစွာ​အတွက် မနှစ်မြို့​စ​ရာ​ဖြစ်သည်။ အများ​၏​သဘောထား​မှာ “ငါ​ကြိုက်​တာ​ကို လွတ်လွတ်လပ်လပ်​လုပ်ချင်​တယ်” ဟူ၍​ဖြစ်သည်။ ကျွန်ုပ်​တို့အားလုံး​သည် နေ့စဉ်​အသက်တာတွင် နာခံမှု​ကို တန်ဖိုး​ထား​ကြသည်။ သင်သည် သတိပေး​ဆိုင်းဘုတ် သို့​မဟုတ် ညွှန်ကြားချက်​များ​ကို လိုက်နာ​သည့်​အချိန်တိုင်း နာခံမှု​ကို အတိုင်းအတာ​တစ်ခု​အထိ တင်ပြ​နေပါ​သည်။ လူ့​အဖွဲ့အစည်း​တွင် စည်းကမ်း​နှင့် ငြိမ်သက်မှု​ရှိ​ရန် လောက​အာဏာပိုင်​များ​၏ ဥပဒေ​များ​ကို နာခံမှု​လိုအပ်ကြောင်း မည်သူသည် လျောက်ပတ်​စွာ​ငြင်းဆို​နိုင်​ပါ​မည်​နည်း။ သို့​ဖြစ်၍ လူအားလုံး​က​သာ ယာဉ်​စည်းကမ်း​များ​ကို မလိုက်နာ​ဘဲ​နေကြ​မည်​ဆိုလျှင် မည်သို့​ဖြစ်လာ​မည်​ကို စဉ်းစား​ကြည့်​ပါ!

သို့သော်၊ လူတို့သည် အခွင့်အာဏာကို အခြားသူများ​အပေါ် အသုံးပြု​သောအခါ ရလဒ်များ​မှာ အမြဲ​မကောင်း​ခဲ့​ပါ။ ရှေး​အချိန်​ကတည်းက သမ္မာကျမ်းစာ​တွင် ဤသို့​ဖော်ပြ​ခဲ့​သည်– “လူသည် မိမိ​အကျိုး​ပျက်​အောင် တစ်ယောက်ကို​တစ်ယောက် အုပ်စိုး​ရ၏။” (ဒေ. ၈:၉) ကျွန်ုပ်​တို့၏​ယုံကြည်မှု​နှင့် နာခံမှု​တို့ကို ရထိုက်​သော အုပ်စိုးရှင်​တစ်ပါး​ရှိပါ​သလော။ ရှိ​မည်​ဆိုလျှင်၊ ကျွန်ုပ်​တို့ မည်သို့​သိမြင်​နိုင်​မည်​နည်း။ ထို​သူ၏​အုပ်ချုပ်မှု​အောက်တွင် အဘယ်အရာကို ကျွန်ုပ်​တို့​မျှော်လင့်​နိုင်​သနည်း။ အဆိုပါ​မေးခွန်းများကို “ကျွန်ုပ်​တို့၏​နာခံမှု​ကို မည်သူ​ရထိုက်​သနည်း” ဟူ​သည့် စိတ်​လှုပ်ရှား​ဖွယ် လူထု​ဟောပြောပွဲ​က အဖြေပေး​ပါ​လိမ့်​မည်။ ဤ​ဟောပြောချက်ကို အောက်တိုဘာ​လ​မှ စတင်​ကျင်းပ​မည့် ယေဟောဝါသက်သေ​များ​၏ ခရိုင်​စည်းဝေးကြီး​များ​တွင် တင်ဆက်​သွားပါ​လိမ့်​မည်။ ဤသို့​သော​စည်းဝေးကြီး​များ​ကို ကမ္ဘာ​တစ်ဝန်း​တွင် ရာ​နှင့်​ချီ​၍ ကျင်းပ​ပါ​မည်။ သင်​နှင့်​အနီးဆုံး​နေရာကို ရှာတွေ့နိုင်​ရန် သင့်​ဒေသ​ရှိ ယေဟောဝါသက်သေ​များနှင့် ဆက်သွယ်​ပါ သို့​မဟုတ် စာမျက်နှာ ၅ တွင် ဖော်ပြ​ထားသော ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူများ​၏ လိပ်စာ​သို့ စာရေး​ဆက်သွယ်​ပါ။