မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြီးကောင်ပေါက်အရွယ်၏ ရွှင်လန်းဖွယ်ရာနှင့် စိန်ခေါ်ချက်များ

မြီးကောင်ပေါက်အရွယ်၏ ရွှင်လန်းဖွယ်ရာနှင့် စိန်ခေါ်ချက်များ

မြီး​ကောင်​ပေါက်​အရွယ်၏ ရွှင်လန်းဖွယ်​ရာ​နှင့် စိန်ခေါ်ချက်​များ

မြီး​ကောင်​ပေါက်​အရွယ်​သည် ဘဝတွင် အပျော်ရွှင်ဆုံး​အချိန်​အခါ ဖြစ်​နိုင်​သည်။ မြီး​ကောင်​ပေါက်​များစွာ​အတွက်​တော့ ယင်း​သို့​ပင်​ဖြစ်၏။ လူကြီး​များစွာ​သည် မိမိတို့၏​ဆယ်ကျော်သက်​ဘဝကို ပြန်တမ်း​တ,တတ်ကြ​သည်။

တစ်ချိန်တည်း​တွင် ကျွန်ုပ်​တို့သည် “ခဲယဉ်း​သော​ကာလ” တွင် အသက်​ရှင်​နေကြ​ကြောင်း အသိအမှတ်ပြု​ကြ​ရမည်။ (၂ တိမောသေ ၃:၁) ယင်းကြောင့်၊ ယခင်​လူမျိုးဆက်​များ တွေ့ကြုံ​ခံစား​ခဲ့​ရသည့် ဖိအားပေး​မှု​နှင့်​မတူ​သည့်​ဖိအား​ကို လူငယ်များ ထပ်ဆင့်​ခံစား​ကြ​ရ၏။ ထို့​ကြောင့်၊ ဆယ်ကျော်သက်​မဂ္ဂဇင်း​တစ်စောင်​၏ အမှုဆောင်​အယ်ဒီတာ ဆ​ဘရီ​နာ ဆို​လင်း​ဝိုင်း​လ်​က မြီး​ကောင်​ပေါက်​အရွယ်​သည် “အောက်​သို့​ကျ​လျှင် ပိုက်ကွန်​မခံ​ထား​သည့် ကြိုး​တန်း​ပေါ်​လမ်းလျှောက်​ရခြင်း” နှင့်​တူ​သည်​ဟု ဖော်ပြ​ခဲ့​ခြင်း​ဖြစ်​နိုင်​ပေမည်။ မှန်ပါသည်၊ စိတ်ဓာတ်​ထကြွ​လှုပ်ရှား​တတ်​သည့် ဤ​အရွယ်​တွင် စိတ်​တိုင်း​မကျ​ခြင်း၊ စိုးရိမ်​ပူပန်ခြင်း​နှင့် စိတ်ရှုပ်​ထွေး​ခြင်း​တို့ ပြည့်နှက်​နေနိုင်​သည်။ “ကလေး​ဘဝ​နှင့် လူကြီး​ဘဝ​စပ်ကြား​ကာလ အဆိုးရွားဆုံး​အခြေအနေ​များ​ကို ဆယ်ကျော်သက်​များ​ဖြေရှင်း​နေရ​၏” ဟု ဝိုင်း​လ် ရေးသားခဲ့​သည်။

သင်သည် မြီး​ကောင်​ပေါက်​တစ်ဦး​ဖြစ်ပါ​က သင်ရင်​ဆိုင်​ရသည့်​အခက်အခဲ​များ​ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​သနည်း။ သင်သည် မြီး​ကောင်​ပေါက်​တစ်ဦး၏​မိဘ​ဖြစ်ပါ​က ဤ​စိတ်ဓာတ်​ထကြွ​လှုပ်ရှား​တတ်​သည့်​နှစ်များ​ကို ပြန်သတိရ​ကာ သင့်​သားသမီး တွေ့ကြုံ​နေရာများ​ကို ပို​ပြီး​နားလည်​ရန် အဘယ်အရာက ကူညီ​နိုင်​သနည်း။ ဤ​အခန်းဆက်​ဆောင်းပါး​များ​တွင် မြီး​ကောင်​ပေါက်​အရွယ်​အကြောင်းကို ဆန်းစစ်​ကြ​ရန် လူငယ်များ​ရော လူကြီး​များ​ကို​ပါ ဖိတ်ခေါ်ပါ​သည်။ ယင်း​သို့​ပြုခြင်း​ဖြင့် လူငယ်များသည် မြီး​ကောင်​ပေါက်​အရွယ်ကို အောင်မြင်စွာ​ကျော်ဖြတ်​နိုင်​ပါ​လိမ့်​မည်။