မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒါဟာ အသစ်အဆန်းပဲ”

“ဒါဟာ အသစ်အဆန်းပဲ”

တောင်ကိုရီးယား​နိုင်ငံ​က အထက်တန်း​ပညာရေး အကြံပေး​တစ်ဦးဖြစ်တဲ့ ဆူဂျွန်​ဟာ jw.org ဝက်ဘ်ဆိုက်​ပေါ်​က ဗီဒီယိုတွေကို စာသင်ခန်းမှာ အသုံးပြုခဲ့တယ်။​ သူ အခုလိုပြောတယ်– သူငယ်ချင်းကောင်း​ဆိုတာ ဘာလဲ”ဆိုတဲ့ ကာတွန်း​သရုပ်ဖော် ​ဗီဒီယိုကို ကျောင်းသားတွေ သိပ်သဘောကျတာပဲ။ ဗီဒီယို ကြည့်ပြီးနောက် ‘သူငယ်ချင်းတွေနဲ့​ပတ်သက်ပြီး အခုလို တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါဟာ အသစ်အဆန်းပဲ’ လို့ သူတို့ပြောကြတယ်။ အကြံ ဉာဏ်​လိုတိုင်း ဒီဝက်ဘ်ဆိုက်မှာ ဝင်ကြည့်မယ်လို့လည်း တချို့ပြောကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေ​ကိုလည်း ဒီဗီဒီယိုကို သုံးကြည့်ဖို့ ကျွန်မ အကြံပေးတော့ စာသင်ခန်းထဲမှာ အဲဒါကိုသုံးရတာ သိပ်​အဆင်ပြေတယ်လို့ သူတို့ ပြောတယ်။”

တောင်ကိုရီးယားမှာ ကျောင်းသူ​ကျောင်းသားတွေကို အကျိုးပြုတဲ့ ​ဗီဒီယို​နောက်တစ်ခုကတော့ အနိုင်ကျင့်​သူကို လက်သီး​မသုံးဘဲ ရင်ဆိုင်နည်းဆိုတဲ့ ကာတွန်း​သရုပ်ဖော် ဗီဒီယိုဖြစ်တယ်။ သက်ငယ်ပြစ်မှု​တားဆီးရေး ဖောင်ဒေးရှင်း​မှာ အလုပ်လုပ်နေတဲ့ ကထိက​တစ်ယောက်က အတန်းထဲမှာ အဲဒီ​ဗီဒီယိုကို ပြခဲ့တယ်။ “ဗီဒီယိုမှာပါတဲ့ ကာတွန်း​သရုပ်ဖော်ပုံ​တွေက သိပ်ကောင်းတော့ ကျောင်းသူ​ကျောင်းသား အတော်များများ စိတ်ဝင်စားကြတယ်။ အနိုင်ကျင့်​ခံရတဲ့အခါ ရင်ဆိုင်နိုင်မယ့်နည်းတွေအပြင် အနိုင်ကျင့်​မခံရအောင် ရှောင်နိုင်မယ့်နည်း​တွေကိုပါ ဖော်ပြထားတော့ သိပ်အသုံးတည့်တာပဲ” လို့ သူပြောတယ်။ မူလ​တန်းနဲ့ အလယ်တန်း ကျောင်းသား​တွေကို စာသင်တဲ့​အခါ ဒီဗီဒီယိုကို အသုံးပြုခွင့်ပေးဖို့ ​ဖောင်ဒေးရှင်း​က တောင်းဆိုခဲ့တယ်။ အသုံးပြုခွင့်လည်း ရခဲ့တယ်။ ရဲတွေတောင် jw.org က ဗီဒီယိုတွေကို အသုံးပြုနေကြပါတယ်။

ဒီဝက်ဘ်ဆိုက်ကို ဝင်မကြည့်ဖူးဘူး​ဆိုရင် ဝင်ကြည့်ပါ။ ရှာဖွေရ လွယ်ကူပါတယ်။ ကျမ်းစာနဲ့ ကျမ်းစာ​စာပေတွေ​အပြင် အော်ဒီယိုဖိုင်တွေ၊ ဗီဒီယိုဖိုင်​တွေကို အခမဲ့ ​ကူးယူ နိုင်ပါတယ်။