မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းတီးမှု​ကို ချေဖျက်​နိုင်

မုန်းတီးမှု​ကို ချေဖျက်​နိုင်

မုန်းတီးမှု​ရဲ့ သားကောင် ဖြစ်​ဖူးပါသလား။

မဖြစ်ဖူးဘူး ဆိုရင်တောင် မုန်းတီးမှု ပုံစံ​တစ်မျိုး​မျိုးကို မြင်တွေ့​ဖူး​မှာ​ပါ။ နိုင်ငံ​မတူ လူမျိုး​မတူ​သူတွေ၊ လိင်တူ​ချင်း စွဲလမ်း​သူတွေကို မုန်းတီး​တာ​မျိုး မြင်တွေ့​နေ​ရတယ်။ ဒါ​ကြောင့် အစိုးရ​တွေ​က မုန်းတီးမှု​ကြောင့် ဖြစ်ပေါ်​လာတဲ့ ရာဇဝတ်မှု​တွေ​ကို တားမြစ်​တဲ့ ဥပဒေ​တွေ ထုတ်​နေကြတယ်။

အမုန်းခံ​ရသူတွေ​က တခြား​သူတွေကို မုန်း​ကြတယ်။ ကလဲ့စား ချေ​တတ်ကြ​တယ်။ ဒီလိုနဲ့ အမုန်း​သံသရာ လည်​နေတော့တယ်။

မလိုမုန်းထား​ခံရတာ၊ မကောင်းတဲ့​သဘော​နဲ့ ပုံသေ​သတ်မှတ်​ခံရတာ၊ ကဲ့ရဲ့​ခံရတာ၊ စော်ကား​ခံရတာ၊ ခြိမ်းခြောက်​ခံရတာ​မျိုး သင် ကြုံတွေ့​ဖူး​မယ်။ မုန်းတီးမှု​က အဲဒါတွေ​ထက် ပို​ဆိုးရွား​ပါ​တယ်။ ခက်ထန်​ကြမ်းတမ်း​စွာ ရန်လို​တာ၊ အနိုင်ကျင့်​တာ၊ ပိုင်ဆိုင်ရာတွေ ဖျက်ဆီး​တာ၊ စော်ကား​တာ၊ မုဒိမ်းကျင့်​တာ၊ သတ်ဖြတ်​တာ၊ လူမျိုးတုန်း​သတ်ဖြတ်​တာ​တွေ​အထိ ဖြစ်​နိုင်တယ်။

ဒီ​မဂ္ဂဇင်း​မှာ အောက်ပါ​မေးခွန်းတွေကို အဖြေပေး​ထားပြီး မုန်းတီးမှု​ကို ချေဖျက်​နိုင်​ပုံ​အကြောင်း ဖော်ပြ​ထား​တယ်။

  • မုန်းတီးမှု​တွေ ဘာကြောင့် ဒီလောက်​ များ​ရသလဲ။

  • အမုန်း​သံသရာ​ကို ဘယ်လို ချေဖျက်​နိုင်​သလဲ။

  • မုန်းတီးမှု ထာဝစဉ် ပပျောက်​သွားမယ့်​အချိန် ရောက်လာ​နိုင်​ပါ​ဦး​မလား။