ကင်းမျှော်စင်—လေ့လာရန် စာစောင် ဇန်နဝါရီ ၂၀၁၈

ဒီလထုတ်မှာ ၂၀၁၈၊ ဖေဖော်ဝါရီ ၂၆ ကနေ ဧပြီ ၁ အထိ လေ့လာရန် ဆောင်းပါးတွေ ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ​—မာဒါဂတ်စကာမှာ

မာဒါဂတ်စကာရဲ့ ကျယ်ပြန့်လှတဲ့ ရပ်ကွက်မှာ နိုင်ငံတော်သတင်း ဖြန့်ဝေဖို့ ကူညီပေးနေတဲ့ အမှုတော်ဆောင်တချို့နဲ့ တွေ့ဆုံကြည့်ပါ။

“မောပန်းသူကို ငါခွန်အားပေးမယ်”

အဆုံးနီးလာတာနဲ့အမျှ ဘဝဖိစီးမှုတွေ တိုးများလာမယ်ဆိုတာ မျှော်လင့်ထားကြရမယ်။ ခွန်အားရဖို့ ယေဟောဝါကို မျှော်ကိုးရမှာဖြစ်ကြောင်း ၂၀၁၈ နှစ်ချုပ်ကျမ်းချက်က သတိပေးတယ်။

ကြည်နူးစရာ စည်းလုံးမှုနဲ့ အောက်မေ့ရာပွဲ

အောက်မေ့ရာပွဲက ဘုရားလူမျိုးရဲ့ စည်းလုံးမှုကို ဘယ်လို တိုးပွားစေသလဲ။ နောက်ဆုံးအောက်မေ့ရာပွဲကို ဘယ်တော့ ကျင်းပမလဲ။

အရာအားလုံးရှိထားတဲ့အရှင်ကို ဘာကြောင့် ပေးနေရမလဲ

ဘုရားကိုချစ်ကြောင်း ဖော်ပြတဲ့နည်းတစ်နည်း ပေးကမ်းခြင်းဖြစ်တယ်။ ကိုယ့်ရဲ့အဖိုးတန်ရာတွေနဲ့ ယေဟောဝါကို ဂုဏ်တင်ခြင်းကနေ ဘယ်လို အကျိုးရသလဲ။

ဘယ်လို မေတ္တာမျိုးက စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရစေသလဲ

၂ တိမောသေ ၃:၂-၄ မှာ ဖော်ပြထားတဲ့ မေတ္တာနဲ့ ဘုရားရေးရာမေတ္တာ ဘယ်လို ကွာခြားသလဲ။ အဖြေက စစ်မှန်တဲ့ ကျေနပ်ပျော်ရွှင်မှု ခံစားရဖို့ ကူညီပေးနိုင်ပါတယ်။

လူတွေရဲ့ခြားနားမှုကိုကြည့်ပါ

နောက်ဆုံးကာလမှာ တွေ့ရတဲ့ လူတွေရဲ့ အကျင့်စရိုက်နဲ့ ဘုရားလူမျိုးရဲ့ အကျင့်စရိုက် ဘယ်လို ကွာခြားသလဲ။

သင်သိပါသလား

ရှေးခေတ် အစ္စရေးတွေရဲ့ နေ့စဉ် တရားရေးအငြင်းပွားမှုတွေမှာ မောရှေပညတ်ပါမူတွေကို တကယ် ကျင့်သုံးကြသလား။