မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၈

“တရားစကား သွန်သင်ပေး”

“တရားစကား သွန်သင်ပေး”

(တမန်တော် ၁၈:၁၁)

  1. ၁။ တရားစကား သင်ပေးသူများ၊

    ဝမ်းမြောက်မှု ခံစားရ။

    တို့ရရှိ အကျိုးကျေးဇူးမှာ

    ထူးမြတ်လှ မနှိုင်းသာ။

    သားတော်ကို တုပ သွန်သင်ပေး

    မေတ္တာသာ အဓိက။

    ကူညီမှု ရယူ လက်ခံသူမှာ

    ဘုရားနဲ့ ရင်းနှီးလာ။

  2. ၂။ မှန်ရာကို ကြိုးစားလုပ်ဆောင်ကြ၊

    ကျမ်းစာ သင်ပေးသူများ၊

    ဘုရားအလင်း ဖော်ပြရာမှာ

    တို့စိတ်ရင်း ပေါ်လွင်မှာ။

    ကျမ်းစာကို စေ့စေ့လေ့လာပါ၊

    သတင်းကောင်း ရှာတွေ့မှာ။

    ကောင်းမြတ်ရတနာ မျှဝေနိုင်ကြ

    ကိုယ်တိုင်လည်း အကျိုးရ။

  3. ၃။ မွန်မြတ်တရား သင်ပေးနိုင်ရေး

    ယေဟောဝါ ထောက်မပေး။

    အသနားခံ တောင်းဆုပြုသူ၊

    ကိုယ်တော်ရှင် ဖြေဆိုပေး။

    တရားစစ်မှန်မို့ တို့မြတ်နိုး၊

    သိလာသမျှ ခံယူ။

    မေတ္တာထား တို့သင်ပေးသူများပေါ်၊

    သူတို့လည်း ပြန်မျှဝေ။