မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၂

သီချင်းသစ်

သီချင်းသစ်

(ဆာလံ ၉၈)

  1. ၁။ တေးသစ် သီဆိုကျူး ချီးမွမ်းဂုဏ်ပြု ဘုရားရှင်အား။

    ဂုဏ်တင်ဖော်ထုတ်ပြောပြ၊ ကြီးမြတ် အမှုတော်များ။

    ချီးမွမ်း တို့ဘုရား၊ အားကြီးလက်ရုံး အောင်ပွဲခံပြီ။

    ဖြောင့်မတ်ခြင်းတရားဖြင့်

    စီရင်သောသူ ဖြစ်ပေ။

    (ထပ်ကျော့ပိုဒ်)

    သီဆိုကြ၊

    တေးသစ် ပျံ့လွင့်ပါစေ။

    သီဆိုကြ၊

    ယေဟောဝါ တို့ဘုရင်။

  2. ၂။ ဝမ်းမြောက်စွာ ဟစ်ကြွေး၊ ချီးမြှောက် ဘုရားရှင် တို့ဘုရင်။

    ပျော်ရွှင်စွာ သီချင်းဆို၊ မြတ်နာမအား ဂုဏ်တင်။

    ကြီးမားတဲ့ လူအုပ်နဲ့ ချီးမြှောက်တေး သံမြှင့်သီကြွေး။

    စောင်း၊ တံပိုးနဲ့ နှဲခရာ

    မြိုင်ဆိုင်တေးသံ ပျံ့စေ။

    (ထပ်ကျော့ပိုဒ်)

    သီဆိုကြ၊

    တေးသစ် ပျံ့လွင့်ပါစေ။

    သီဆိုကြ၊

    ယေဟောဝါ တို့ဘုရင်။

  3. ၃။ ကြီးမားပင်လယ်ထဲ ရှိသမျှ ချီးမြှောက် တေးဆိုစေ။

    မြေပေါ်မှ ဖန်ဆင်းရာများနဲ့ ပေါင်းစည်း သီကြွေး။

    ကုန်းများလည်း ရွှင်လန်း၊ မြစ်၊ ချောင်းတွေ လက်ခုပ်တီးပါစေ။

    ချိုင့်ဝှမ်းများနဲ့ တောတောင်၊

    ဂုဏ်တင်တေး သီကျူးစေ။

    (ထပ်ကျော့ပိုဒ်)

    သီဆိုကြ၊

    တေးသစ် ပျံ့လွင့်ပါစေ။

    သီဆိုကြ၊

    ယေဟောဝါ တို့ဘုရင်။

(ဆာ. ၉၆:၁။ ၁၄၉:၁။ ဟေရှာ. ၄၂:၁၀ တို့ကိုလည်း ကြည့်ပါ။)