မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၇

ယေဟောဝါကို တစ်သက်တာလုံး ဝတ်ပြုခြင်း

ယေဟောဝါကို တစ်သက်တာလုံး ဝတ်ပြုခြင်း

(မဿဲ ၂၂:၃၇)

  1. ၁။ အို ယေဟောဝါ၊ ချုပ်ခြာမင်းမြတ်၊

    ကျွန်တော် ချစ်ပြီး နာခံ ကိုယ်တော်သာ။

    အကြွင်းမဲ့ ဝတ်ပြု ခံထိုက်သူ၊

    ကိုယ်တော်ကိုသာ စဉ်ဝတ်ပြုနေမှာ။

    အမိန့်တော်များကို သစ္စာရှိ လိုက်နာ၊

    သတိပေးချက် မြတ်နိုးလှပါ။

    (ထပ်ကျော့ပိုဒ်)

    အို ယေဟောဝါ၊ ထိုက်တော်မူသော

    အကြွင်းမဲ့ ဆည်းကပ်မှု ဆက်ပါတယ်။

  2. ၂။ အမှုတော်များ ကိုယ်တော်ကို ချီးမြှောက်၊

    ကမ္ဘာ၊ ကြယ်၊ လတို့ ဘုန်းတော် ကြေညာ။

    သစ္စာရှိဖို့၊ ဘုန်းကျော်စောဖို့

    ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားနေမှာ။

    မှုဆောင်သွားမယ်၊ တစ်သက်လုံးပေးကာ

    သက်သေပြမယ်၊ စစ်မှန်သစ္စာ။

    (ထပ်ကျော့ပိုဒ်)

    အို ယေဟောဝါ၊ ထိုက်တော်မူသော

    အကြွင်းမဲ့ ဆည်းကပ်မှု ဆက်ပါတယ်။