မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၉

မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

(ဗျာဒိတ် ၂၁:၁-၅)

  1. ၁။ စိတ်ကူးကြည့်ပါ၊ သင်နဲ့ ကျွန်တော်၊

    တို့အားလုံး ရောက်နေ၊ မြေကြီးသစ်ပေါ်မှာ။

    မြင်ယောင်ကြည့်ပါ၊ တွေးသိခံစား၊

    ငြိမ်သက်ခြင်း၊ လွတ်လပ်ခြင်းအမှန် ရှိမှာ။

    မကောင်းမှုများ မရှိတော့ပါ၊

    ဘုရားအုပ်စိုးမှု တည်မြဲသွားမှာ။

    ရောက်ရှိလာ မြေကြီးသစ် အစပြုသောခါ၊

    တို့စိတ်နှလုံးမှ ချီးမွမ်းသီချင်း ပွင့်အံလာ။

    (ထပ်ကျော့ပိုဒ်)

    “ဘုရား ကျေးဇူးကြီး၊ အမှုများ အားလုံးတွက်။

    ချစ်သားအားဖြင့် အရာရာ အသစ်ဖြစ်လာ။

    တို့ စိတ်နှလုံးထဲမှ လျှံထွက်တေးကျူးသံများ။

    ချီးမွမ်းခြင်း၊ ဂုဏ်တော်၊ ဘုန်းတော်အားလုံး ကိုယ်တော်ပိုင်။”

  2. ၂။ မျှော်တွေးကြည့်ပါ၊ သင်နဲ့ ကျွန်တော်

    ကမ္ဘာသစ်တစ်ခုထဲမှာ ရောက်ရှိနေသလို

    ရင်တုန်ထိတ်လန့် စိုးရွံ့ဖွယ်များ

    မြင်နေရ၊ ကြားရတော့မှာ မဟုတ်ပါ။

    မိန့်ထားသလို အမှန်ပြည့်စုံလာ၊

    လူသားတွေပေါ် ကိုယ်တော့်တဲ လွှမ်းခြုံ။

    သေလွန်သူတွေကို ကိုယ်တော် ထမြောက်ပေးမှာ၊

    သူတို့နဲ့ တို့များ ကျေးဇူးတော် ချီးမွမ်းနေမှာ။

    (ထပ်ကျော့ပိုဒ်)

    “ဘုရား ကျေးဇူးကြီး၊ အမှုများ အားလုံးတွက်။

    ချစ်သားအားဖြင့် အရာရာ အသစ်ဖြစ်လာ။

    တို့ စိတ်နှလုံးထဲမှ လျှံထွက်တေးကျူးသံများ။

    ချီးမွမ်းခြင်း၊ ဂုဏ်တော်၊ ဘုန်းတော်အားလုံး ကိုယ်တော်ပိုင်။”