မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၈

အဆုံးအထိ ခံရပ်နေပါ

အဆုံးအထိ ခံရပ်နေပါ

(မဿဲ ၂၄:၁၃)

  1. ၁။ နှုတ်မြွက်တော်နဲ့ ကတိတော်များ

    ခံရပ်နိုင်ဖို့ အကြောင်းပေ။

    သင်သိရှိလက်ခံထားရာများ

    ရင်းမြစ်ခိုင်၊ မှန်ကန်လှပေ။

    သန့်ရှင်းယုံကြည်ခြင်းမှာ မြဲနေ၊

    စိတ်စွဲလမ်း ဘုရားနေ့ကြီး။

    သမာဓိနဲ့ ခိုင်မြဲရပ်တည်၊

    စမ်းသပ် သန့်စင်ခံရမယ်။

  2. ၂။ ပျောက်သွားနိုင်တဲ့ ကနဦးမေတ္တာ၊

    ဆက်ရှိနေဖို့ ထိန်းပါ။

    အခက်အခဲတွေ ရင်ဆိုင်ရလည်းပဲ

    မြဲမြဲတို့ ခံရပ်နေမှာ။

    ဘယ်စမ်းသပ်မှုမျိုး တွေ့ရစေ၊

    ယုံမှားခြင်း၊ ကြောက်ခြင်း ပယ်ရှား။

    ယေဟောဝါ ကယ်လွှတ်ပေးလိမ့်မှာ၊

    တို့နား အမြဲရှိနေမှာ။

  3. ၃။ အဆုံးထိ ခံရပ်သောသူတိုင်း

    ကယ်တင်ခံရလိမ့်မယ်။

    အသက်စာမှာ သူတို့နာမည်

    ရေးမှတ်ထားခြင်း ခံရမယ်။

    တို့များ ပန်းတိုင်ထား ကြိုးစားရ၊

    ခံရပ်စွမ်း အဆုံးရောက်တဲ့ထိ၊

    ယေဟောဝါထံမှ ကောင်းချီးကြောင့်

    ဝမ်းမြောက်မှုနဲ့ ပြည့်နေမှာ။

(ဟီ. ၆:၁၉။ ယာ. ၁:၄။ ၂ ပေ. ၃:၁၂။ ဗျာ. ၂:၄ တို့ကိုလည်း ကြည့်ပါ။)