ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အဆုံးနီးလာတာနဲ့အမျှ ကြံ့ကြံ့ခံ ရပ်တည်ပါ

အဆုံးနီးလာတာနဲ့အမျှ ကြံ့ကြံ့ခံ ရပ်တည်ပါ

ဘာကြောင့် အရေးကြီး​သလဲ– အရင်က မကြုံဖူး​တဲ့ ထူးခြားတဲ့ အဖြစ်အပျက်​တွေ ဖြစ်ပျက်​လာတော့​မယ်။ အဲဒါတွေ​က ကျွန်တော်​တို့​ရဲ့ ရဲစွမ်းသတ္တိနဲ့ ဘုရား​အပေါ် ယုံကြည်​ကိုးစားမှု​ကို စမ်းသပ်မှု​ ဖြစ်စေ​နိုင်တယ်။ ကြီးစွာသောဒုက္ခ​ဟာ မှားယွင်း​တဲ့​ ဘာသာ ဖျက်ဆီး​ခံရ​ခြင်း​နဲ့ အစပြု​မယ်။ (မ ၂၄:၂၁။ ဗ ၁၇:၁၆၊ ၁၇) အဲဒီလို ရုန်းရင်းဆန်ခတ်​ ဖြစ်နေ​ချိန်မှာ တရား​စီရင်ခြင်း​ သတင်းကို ကျွန်တော်​တို့ ကြေညာ​ရ​ဖွယ် ရှိတယ်။ (ဗ ၁၆:၂၁) အဲဒီအချိန်မှာ မာဂေါဂ​ပြည်​က ဂေါဂ​မင်းရဲ့ တိုက်ခိုက်မှု​ကို ကျွန်တော်​တို့ ခံရ​ကြ​မယ်။ (ယဇ ၃၈:၁၀-၁၂၊ ၁၄-၁၆) အဲဒီအချိန်မှာ ယေဟောဝါ​က “အနန္တ​တန်ခိုးရှင် ဘုရားသခင်​ရဲ့ နေ့ကြီး​မှာ တိုက်​မယ့်​ စစ်ပွဲ” ကို စတင်​ပါ​လိမ့်မယ်။ (ဗ ၁၆:၁၄၊ ၁၆) အဲဒီ​အနာဂတ်​ ဖြစ်ရပ်​တွေ ကြုံတွေ့​ရတဲ့အခါ ရဲစွမ်းသတ္တိ​ ရှိဖို့​ဆိုရင် လက်ရှိ ယုံကြည်ခြင်း​ စမ်းသပ်မှု​တွေ​ကို ကြံ့ကြံ့ခံ​ဖို့ လိုတယ်။

လုပ်ဆောင်​နိုင်​ပုံ–

  • ယေဟောဝါ​ရဲ့ မြင့်မား​တဲ့ ကိုယ်ကျင့်တရား​ စံနှုန်း​တွေ​နဲ့​အညီ နေထိုင်ပါ။—ရှာ ၅:၂၀

  • ခရစ်ယာန်​ချင်း​တွေ​နဲ့​အတူ ဆက်​ဝတ်ပြု​နေပါ။ —ဟီ ၁၀:၂၄၊ ၂၅

  • ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က​ လာတဲ့ ညွှန်ကြားချက်​တွေ​ကို ချက်ချင်း​ လိုက်နာပါ။—ဟီ ၁၃:၁၇

  • အရင်တုန်းက မိမိ​လူမျိုး​ကို ယေဟောဝါ ကယ်တင်​ခဲ့​ပုံ​တွေ​ကို ပြန်တွေး​တော​ဆင်ခြင်​ပါ။—၂ပ ၂:၉

  • ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ဘုရားသခင်​ကို ယုံကြည်​ကိုးစား​ပါ။—ဆ ၁၁၂:၇၊ ၈

ရဲစွမ်းသတ္တိ​ ရှိဖို့ လို​မယ့် အနာဂတ်​ ဖြစ်ရပ်​များ—ကောက်နုတ်​ချက် ဗီဒီယိုကို ကြည့်​ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကိုယ့်​အသင်းတော်ကို တခြား​အသင်းတော်​နဲ့ ပေါင်း​လိုက်တဲ့အခါ ကြေညာသူ​တွေ​ရဲ့ နာခံမှု ဘယ်လို စမ်းသပ်ခံ​ရသလဲ။

  • ရဲစွမ်းသတ္တိနဲ့ နာခံမှု ဘယ်လို ဆက်စပ်​နေသလဲ။

  • အာမဂေဒုန်​ ရောက်တဲ့အခါ ဘာကြောင့် ရဲစွမ်းသတ္တိ​ ရှိဖို့ လို​မလဲ။

  • ရဲစွမ်းသတ္တိ​ ရှိဖို့ လိုအပ်​လာမယ့် အနာဂတ်​ ဖြစ်ရပ်​တွေ​အတွက် အခု​ကတည်းက ပြင်ဆင်​ပါ

    ဘယ်​ကျမ်းစာ​မှတ်တမ်းက ယေဟောဝါ​ရဲ့ ကယ်တင်​နိုင်စွမ်း​ကို ယုံကြည်​စိတ်ချ​ဖို့ ကူညီ​ပေး​နိုင်​သလဲ။—၂ရာ ၂၀:၁-၂၄