ခရစ်ယာန်​အသက်တာ​လမ်းစဉ်

တခြားသူတွေ ကိုယ့်ကို ချီးမွမ်းတဲ့အခါ နှိမ့်ချပါ

တခြားသူတွေ ကိုယ့်ကို ချီးမွမ်းတဲ့အခါ နှိမ့်ချပါ

ကျွန်တော်​တို့ကို တခြား​သူတွေ ချီးမွမ်း​တဲ့​အခါ​တွေ ရှိ​နိုင်တယ်။ လူတွေက ကျွန်တော်​တို့ကို စိတ်ရင်းမှန်နဲ့ ရိုးရိုးသားသား ချီးမွမ်း​တယ်​ဆိုရင် အားပေးမှု​ဖြစ်စေတယ်။ (ပ ၁၅:၂၃။ ၃၁:၁၀၊ ၂၈) ဒါပေမဲ့ ချီးမွမ်း​ခံရတဲ့​အခါ ကိုယ်​က တခြားသူ​ထက် ပို​တော်တယ်လို့ မထင်​မိအောင်၊ မာန​စိတ် မဝင်​အောင် သတိထား​ရမယ်။

ယေရှု​လို သစ္စာစောင့်သိ​ပါ—ချီးမွမ်း​ခံရ​ချိန်မှာ ဗီဒီယိုကို ကြည့်​ပါ။ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကျွန်တော်​တို့ ဘာ​အတွက် ချီးမွမ်း​ခံရ​နိုင်သလဲ။

  • ဆိုင်းရပ်စ်​ကို ညီအစ်ကို​တွေ ဘယ်လို ချီးမွမ်း​ကြသလဲ။

  • သူတို့​ချီးမွမ်း​တာ​က ဘယ်လိုနည်းနဲ့ လိုအပ်​တာ​ထက် ပို​နေသလဲ။

  • ဆိုင်းရပ်စ်​ရဲ့ နှိမ့်ချတဲ့ တုံ့ပြန်​ပုံ​ကနေ ဘာသင်ခန်းစာ​တွေ သင်ယူ​နိုင်သလဲ။