ကင်းမျှော်စင်—လေ့လာရန် စာစောင် ဇွန် ၂၀၁၃
ယေဟောဝါရဲ့ အဓိက အရည်အသွေးတွေလောက် သိပ်မလေ့လာဖြစ်တဲ့ တခြားအရည်အသွေးတွေကို ဒီစာစောင်က ပိုတန်ဖိုးထားလေးမြတ်စေပါလိမ့်မယ်။
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါကို နာခံခြင်းကြောင့် ကျွန်မ ကောင်းချီးများစွာ ခံစားရ
အယ်လီဇာ ပီချိုလီရဲ့ ဘဝအတ္ထုပ္ပတ္တိကို ဖတ်ကြည့်ပါ။ အခက်အခဲ၊ ကိုယ်ကျိုးစွန့်မှု၊ ဆုံးၡုံးမှု များစွာ ရှိခဲ့ပေမဲ့ အကောင်းမြင်သဘောထားကို သူ ဆက်ထိန်းထားခဲ့တယ်။
ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ပါ
ချဉ်းကပ်ရလွယ်တယ်၊ မျက်နှာမလိုက်ဘူးဆိုတာ ဘာကို ဆိုလိုသလဲ။ ယေဟောဝါဘုရားရဲ့ ပုံသက်သေကို ဆန်းစစ်ခြင်းက အဲဒီအရည်အသွေးတွေ တင်ပြဖို့ ကူညီပေးပါလိမ့်မယ်။
ယေဟောဝါရဲ့ ရက်ရောမှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို တန်ဖိုးထားလေးမြတ်ပါ
ယေဟောဝါဟာ ရက်ရောမှု၊ အကျိုးသင့်အကြောင်းသင့်ရှိမှု တင်ပြရာမှာ ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ ဘုရားသခင့် ပုံသက်သေအကြောင်း လေ့လာခြင်းက အလားတူ အရည်အသွေးတွေ တင်ပြဖို့ ကူညီပေးပါလိမ့်မယ်။
ယေဟောဝါရဲ့ သစ္စာစောင့်သိမှုနဲ့ ခွင့်လွှတ်မှုကို တန်ဖိုးထားလေးမြတ်ပါ
သစ္စာစောင့်သိမှုနဲ့ ခွင့်လွှတ်မှုဟာ မိတ်ဆွေစစ်ဖြစ်ကြောင်း ဖော်ပြတဲ့ နှစ်လိုဖွယ် အရည်အသွေးတွေ ဖြစ်တယ်။ ယေဟောဝါရဲ့ ပုံသက်သေကို တုပခြင်းက အရေးကြီးတဲ့ အဲဒီအရည်အသွေးတွေ မွေးမြူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
ကျမ်းစာမှာပါတဲ့ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ သားတွေ၊” “ထောင်ကျနေသော နာမ်ဝိညာဉ်သတ္တဝါများ” ဆိုတာ ဘယ်သူတွေလဲ။
ယေဟောဝါ ပုံသွင်းတာကို လက်ခံပါ
“အိုးထိန်းသမား” ယေဟောဝါဟာ လူတွေ၊ လူမျိုးတွေကို ပုံသွင်းပေးတယ်။ ဒီကနေ ဘာသင်ယူနိုင်သလဲ။ ဒီနေ့ ဘုရားသခင့် ပုံသွင်းမှုကနေ ဘယ်လို အကျိုးရနိုင်သလဲ။
အကြီးအကဲတို့၊ “ခြေကုန်လက်ပန်းကျနေသူ” ကို သင်တို့ လန်းဆန်းစေမလား
သိုးထိန်းလည်ပတ်မှုတွေအတွက် အကြီးအကဲတွေ ဘယ်လို ပြင်ဆင်နိုင်သလဲ။ “ဘုရားသခင်ဆီက ဆုကျေးဇူး” ကို ဝေမျှပေးခြင်းအားဖြင့် ပင်ပန်းနေသူ၊ စိတ်ဓာတ်ကျနေသူကို အကြီးအကဲတွေ အားပေးနိုင်ပါတယ်။
သင် မှတ်မိသလား
မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် စာစောင်တွေကို သင် အသေအချာ ဖတ်ရှုခဲ့ပါသလား။ ဘယ်လောက် မှတ်မိသလဲဆိုတာ စမ်းကြည့်ပါ။