အပိုင်း လေး

“သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို အစွမ်းကုန် ခုခံကာကွယ်မယ်”—တိုက်ခိုက်မှုကြားကနေ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ကယ်တင်ခံရ

“သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို အစွမ်းကုန် ခုခံကာကွယ်မယ်”—တိုက်ခိုက်မှုကြားကနေ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ကယ်တင်ခံရ

ယေဇကျေလ ၃၉:၂၅

အာရုံစိုက်ရာ။ ယေဟောဝါက မိမိလူမျိုးကို ကြီးစွာသောဒုက္ခမှာ ကာကွယ်ပေး

ယေဟောဝါက မိမိလူမျိုးကို ချစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ဖြေရှင်းချက် တောင်းတယ်။ ဘုရားကို ဝတ်ပြုကိုးကွယ်ပါတယ် ပြောပြီး လုပ်ရပ်အားဖြင့် သစ္စာမဲ့သူတွေနဲ့ပတ်သက်ပြီး ဘုရား ဘယ်လို ခံစားရသလဲ။ ကြီးစွာသောဒုက္ခမှာ ဘယ်သူတွေ ကပ်ကျော်လွတ်မြောက်မယ်ဆိုတာနဲ့ပတ်သက်ပြီး ဘုရား ဘယ်လို ဆုံးဖြတ်မလဲ။ မေတ္တာရှင် ယေဟောဝါက ဆိုးသွမ်းတဲ့ လူသန်းပေါင်းများစွာကို ဘာကြောင့် ကွပ်မျက်မလဲ။

ဒီအပိုင်းမှာ

အခန်း ၁၅

“မင်း ပြည့်တန်ဆာလုပ်နေတာကို ငါရပ်တန်းက ရပ်စေမယ်”

ပြည့်တန်ဆာတွေအကြောင်း ယေဇကျေလကျမ်းနဲ့ ဗျာဒိတ်ကျမ်း ဖော်ပြချက်တွေကနေ ဘာသင်ယူနိုင်သလဲ။

အခန်း ၁၆

“နဖူးမှာ မှတ်သားပါ”

ယေဇကျေလခေတ်က သစ္စာရှိသူတွေ မှတ်သားကယ်တင်ခံရပုံက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတယ်။

အခန်း ၁၇

“ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်”

မာဂေါဂပြည်သား ဂေါဂဆိုတာ ဘယ်သူလဲ။ ဘယ်ပြည်ကို ကျူးကျော်သလဲ။

အခန်း ၁၈

“ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်”

ဂေါဂရဲ့ တိုက်ခိုက်မှုက ယေဟောဝါကို ဒေါသထွက်စေတယ်။ ဘုရားက မိမိလူမျိုးကို ကာကွယ်မယ်။