ညီအစ်ကို အလက်စန်ဒါ ထောင်ကနေ လွတ်လာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်
ရုရှား

ညီအစ်ကို အလက်စန်ဒါ ရှက်ဖ်ချော့ ရုရှားထောင်ကနေ လွတ်လာ

ညီအစ်ကို အလက်စန်ဒါ ရှက်ဖ်ချော့ ရုရှားထောင်ကနေ လွတ်လာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ ညီအစ်ကို အလက်စန်ဒါ ရှက်ဖ်ချော့ ထောင်ဒဏ်စေ့လို့ ပြန်လွတ်လာပါပြီ။ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှာ အပြစ်ရှိတယ်လို့ စီရင်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရတယ်။ အဲဒီမတိုင်ခင် ၂၀၁၉ တုန်းကလည်း ငါးလနီးပါး အချုပ်ကျခဲ့တယ်။

အလက်စန်ဒါကို ကလေးတွေ ကြိုဆိုနေ

ထောင်မကျခင် တရားရုံးမှာ အမှုကြားနာချိန်အတွင်း အကောင်းမြင်စိတ်ရှိအောင် ဘာက ကူညီပေးတယ်ဆိုတာ သူ ဒီလိုပြောပြတယ်– “ကျွန်တော်က အမှုနိုင်ဖို့ တိုက်ပွဲဝင်နေတာမဟုတ်ဘူး၊ ဘုရားသခင်အပေါ် သစ္စာရှိဖို့ တိုက်ပွဲဝင်နေတာ။ ဒါကြောင့် တရားရုံးဆုံးဖြတ်ချက်က အဓိကမဟုတ်ဘူး။ လူတွေကို အတတ်နိုင်ဆုံး သက်သေခံဖို့ အာရုံစိုက်တယ်။ ဒါကြောင့် ဒီအခြေအနေကို ကျေကျေနပ်နပ်ကြီး ခံရပ်နိုင်တာပါ။”

အချုပ်ကျနေချိန်မှာ ဆာလံ ၉၁ ကိုဖတ်ပြီး သူ နှစ်သိမ့်မှု ရခဲ့တယ်။ အခန်းငယ် ၁၅ မှာ ကျေးကျွန်တွေကို ယေဟောဝါ ဒီလို ကတိပြုထားတယ်– “သူဆုတောင်းတဲ့အခါ ငါဖြေကြားမယ်။ သူဒုက္ခရောက်တဲ့အခါ သူနဲ့အတူ ငါရှိမယ်။ သူ့ကိုကယ်တင်ပြီး ဂုဏ်တင်မယ်။”

အလက်စန်ဒါရဲ့မိသားစုမှာ ဘာသာရေးကြောင့် နှိပ်စက်ခံရတာ ဒါ ဦးဆုံးအကြိမ် မဟုတ်ဘူး။ ၁၉၅၁ ခုနှစ်တုန်းက ဆိုက်ဘေးရီးယားကို နယ်နှင်ခံရတဲ့ ယေဟောဝါသက်သေ ၁၀,၀၀၀ နီးပါးထဲမှာ အလက်စန်ဒါရဲ့ဘိုးဘေးတွေ ပါတယ်။ အလက်စန်ဒါရဲ့ မိဘနှစ်ပါးလုံးလည်း အဲဒီမှာပဲ မွေးခဲ့တာ။

ယေဟောဝါရဲ့ အုပ်ချုပ်မှုဘက် ရပ်တည်ပြီး သစ္စာစောင့်သိကြတဲ့ အလက်စန်ဒါ၊ သူ့မိသားစုနဲ့ တခြားညီအစ်ကို/မအားလုံးရဲ့ ပုံသက်သေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။—၁ သက်သာလောနိတ် ၁:၂၊ ၃