စစ်လက်နက်အားလုံး ဖျက်ဆီးခံရတော့မယ်

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

ကမ္ဘာပေါ်မှာ ငြိမ်သက်ခြင်း ရှိနိုင်ပါဦးမလား

သင် ဘယ်လိုထင်ပါသလဲ

  • ရှိနိုင်

  • မရှိနိုင်

  • ရှိကောင်းရှိနိုင်

ကျမ်းစာ သွန်သင်ရာ

ယေရှုခရစ် အုပ်ချုပ်တဲ့အခါ “လမင်းတည်ရှိနေသရွေ့ [ထာဝစဉ်] ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။”—ဆာလံ ၇၂:၇

ကျမ်းစာမှ နောက်ထပ်သိရှိနိုင်ရာများ

  • ကမ္ဘာပေါ်မှာ လူဆိုးတွေ ရှိတော့မှာ မဟုတ်ဘူး။ လူကောင်းတွေကတော့ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁

  • စစ်ပွဲတွေ လုံးဝမရှိတော့အောင် ဘုရား လုပ်ပေးမယ်။—ဆာလံ ၄၆:၈၊ ၉

အခုချိန်မှာ စိတ်ငြိမ်သက်မှု တကယ်ရနိုင်မလား

လူတချို့ ယုံကြည်ရာ . . . ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခနဲ့ မတရားမှု ရှိနေသရွေ့ စိတ်ငြိမ်သက်မှု မရနိုင်ဘူး။ သင် ဘယ်လို ထင်ပါသလဲ။

ကျမ်းစာ သွန်သင်ရာ

ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိသူတွေဟာ အခုချိန်မှာတောင် “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ရရှိနိုင်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇

ကျမ်းစာမှ နောက်ထပ်သိရှိနိုင်ရာများ

  • ဘုရားသခင်က ဆင်းရဲဒုက္ခနဲ့ မတရားမှုကို ဖယ်ရှားပြီး ‘အရာခပ်သိမ်းကို အသစ်ဖန်ဆင်း’ မယ်လို့ ကတိပြုထားတယ်။—ဗျာဒိတ် ၂၁:၄၊ ၅

  • “ဘုရားသခင်ကို မှီခို” အားကိုးမယ်ဆိုရင် စိတ်ငြိမ်သက်မှု ရနိုင်တယ်။—မဿဲ ၅:၃