မြန်မာ
ယေရှုရဲ့ အမှုဆောင်လုပ်ငန်း
https://cms-imgp.jw-cdn.org/img/p/1011760/univ/art/1011760_univ_sqr_xl.jpg

ယေရှုရဲ့ အမှုဆောင်လုပ်ငန်း—ဇာတ်လမ်းတွဲ မိတ်ဆက်

ဇာတ်လမ်းတွဲ


နမူနာ ဗီဒီယို

ဘာသာစကား သင်္ကေတ။

ဘာသာစကား ၅၀၀ ကျော်နဲ့ ရနိုင်

ယေရှုရဲ့ သွန်သင်ချက်တွေကို ကမ္ဘာတစ်ဝန်းက လူတွေ ကိုယ့်ဘာသာစကားနဲ့ လေ့လာနိုင်မယ်

ကျမ်းစာ သင်္ကေတ။

ဇာတ်ညွှန်းဟာ ကျမ်းစာပါပဲ

မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေထဲက ကျမ်းစကားတွေကိုပဲ တိုက်ရိုက်ယူထားပါတယ်

သုတေသန သင်္ကေတ။

သေသေချာချာ သုတေသန လုပ်ထား

အချက်အလက်တွေ မှန်ကန်တိကျဖို့ နှစ်နဲ့ချီ သုတေသန လုပ်ထားပါတယ်


ဗီဒီယိုအပိုင်းများ

မျက်မမြင်သူတွေ၊ အမြင်အာရုံ မကောင်းသူတွေအတွက် အသံသရုပ်ဖော်ချက်တွေလည်း ရနိုင်ပါတယ်။

အပိုင်း ၁

တစ်မူထူးခြားတဲ့ ကလေးလေး ယေရှုကို ပြုစုပျိုးထောင်ခွင့် ယောသပ်နဲ့ မာရိတို့ ရခဲ့ကြတယ်။

အပိုင်း ၂

မေရှိယ ပေါ်ထွန်းပြီ ဖြစ်ကြောင်း နှစ်ခြင်းပေးသူ ယောဟန် ကြေညာတယ်။ ယေရှု စတင်ဟောပြောသွန်သင်တယ်။

အပိုင်း ၃

နိကောဒင်၊ ရှမာရိအမျိုးသမီးနဲ့ နာဇရက်မြို့သားတွေကို ယေရှု ဟောပြောသွန်သင်တယ်။ လက်ခံသူတွေ ရှိသလို လက်မခံသူတွေလည်း ရှိတယ်။

အပိုင်း ၄

မကျန်းမာသူတွေကို ယေရှု ကုသပေးတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်။ မိမိနောက်လိုက်ဖို့ လူတွေကို ဖိတ်ခေါ်တယ်၊ တမန်တော် ၁၂ ယောက်ကို ရွေးချယ်တယ်။

အပိုင်း ၅

လူများစွာကို ယေရှု ကုသပေးပြီးနောက် တောင်ပေါ်တရားတော် ဟောတယ်။ တောင်ပေါ်တရားတော်ဟာ ယေရှုရဲ့ နာမည်အကြီးဆုံး တရားတော်ပဲ။

အပိုင်း ၆

မုဆိုးမတစ်ယောက်ရဲ့ သား အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးတယ်။ ပုံဥပမာတွေ သုံးပြီး သွန်သင်ပေးတယ်။ ပရိသတ်ရဲ့ စိတ်ရင်းမှန်ကို ပေါ်လာစေတယ်။

နောက်ထပ်အပိုင်းတွေလည်း ထပ်ထွက်လာပါဦးမယ်

စုစုပေါင်း အပိုင်း ၁၈ ပိုင်း ရှိမှာ ဖြစ်ပြီး နှစ်တိုင်း တစ်ပိုင်းပြီးတစ်ပိုင်း ထုတ်ပေးသွားပါမယ်။ ၂၀၂၇ ခုနှစ်အတွက် အပိုင်းသစ်တွေကို မေလမှာ ရပါမယ်။


ယေရှုရဲ့ သွန်သင်ချက်တွေက သင့်အသက်တာကို ဘယ်လို အကျိုးပြုနိုင်သလဲ

ယေရှုအကြောင်း၊ ယေရှုရဲ့ သွန်သင်ချက်တွေက သင့်ဘဝကို ဘယ်လို အကျိုးပြုကြောင်း သင် ပိုသိလာဖို့ ယေဟောဝါသက်သေတွေ ဝမ်းမြောက်ဝမ်းသာ ကူညီပေးချင်ကြပါတယ်။ ထပ်သိချင်ရင် jw.org မှာ ဝင်ကြည့်ပါ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ အခမဲ့ ကျမ်းစာလေ့လာကြည့်ပါ။

ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ

ကျမ်းစာမေးခွန်းများရဲ့ အဖြေ

ယေရှုအကြောင်း အမှန်တရား

ယေရှုနဲ့ပတ်သက်ပြီး သိချင်တဲ့ မေးခွန်းတွေကို ကျမ်းစာကနေ အဖြေရှာကြည့်ပါ။

ကျမ်းစာမေးခွန်းများရဲ့ အဖြေ

ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ

လူသားတွေ သားသမီး ရသလို ဘုရားသခင်လည်း သားသမီး ရတာ မဟုတ်ဘူးဆိုရင် ယေရှုက ဘယ်လိုနည်းနဲ့ ဘုရားသခင်ရဲ့ သား ဖြစ်သလဲ။

ကျမ်းစာမေးခွန်းများရဲ့ အဖြေ

ယေရှုဟာ မေရှိယ ဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား

မေရှိယ တစ်ယောက်ထက်မက ရှိနိုင်သလား။

အရေးကြီးတဲ့ သွန်သင်ချက်များ

ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ

ကျွန်တော်တို့ရဲ့ အပြစ်အတွက် ယေရှု အသေခံခဲ့တယ်ဆိုတာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်သောသူရဲ့ ပူဇော်သက္ကာက သန်းနဲ့ချီတဲ့ လူတွေအတွက် တကယ် အကျိုးရှိနိုင်သလား။