JW LIBRARY SIGN LANGUAGE
JW Library ထဲ Playlists တွေ ရွှေ့ပြောင်းခြင်း
JW Library မှာ လက်သင်္ကေတပြစကားနဲ့ စာပေတွေ ရနိုင်ပါပြီ။ playlists တွေကို နေရာရွှေ့ပြောင်းဖို့အတွက် JW Library Sign Language မှာ backup file တစ်ခု ဖန်တီးပြီး JW Library မှာ ပြန်ထည့်ပါ။ JW Library Sign Language မှာ ကူးယူထားတဲ့ စာစောင်တွေကိုတော့ ပြောင်းရွှေ့လို့ မရပါ။ ပြန်ကူးယူရပါမယ်။
Backup တစ်ခုကို ဖန်တီးပြီး ပြန်ထည့်နည်း
JW Library Sign Language ထဲက backup ဖိုင်ကို JW Library ထဲထည့်ဖို့ဆိုရင် လက်သင်္ကေတပြစကားနဲ့ playlists တွေကို JW Library ထဲ ကူးထည့်ရပါမယ်။ မှတ်စုတွေ၊ အရောင်ခြယ်ထားတာလိုမျိုး JW Library ထဲမှာ ရှိနှင့်ပြီးသားအချက်အလက်တွေ မပျက်သွားပါ။
JW Library Sign Language ပင်မစာမျက်နှာ ကနေ Settings ကိုနှိပ်ပါ
Backup ဖန်တီးပါကိုနှိပ်ပြီး သိမ်းဆည်းပါ ဒါမှမဟုတ် backup file ကိုဝေမျှပါ
JW Library ကိုဖွင့်ပါ
ကိုယ်ပိုင် လေ့လာမှု စာမျက်နှာကို သွားပါ
အရန်သိမ်းဆည်းခြင်း (Backup and Restore) ကိုနှိပ်ပါ
Restore Backup ကိုနှိပ်ပြီး သင်ဖန်တီးထားတဲ့ backup file ကိုနှိပ်ပါ
ဖိုင်တွေကို ရွှေ့ပြောင်းဖို့ Import ကိုနှိပ်ပါ
မှတ်ချက်– အကြိမ်ကြိမ်လုပ်မယ်ဆိုရင်တော့ playlists တွေ ထပ်သွားနိုင်တယ်။

