မာတိကာဆီ ကျော်သွား

လူနာ လိုအပ်ချက်နဲ့ အခွင့်အရေးကို ဖြည့်ဆည်းပေးတဲ့ သွေးအစားထိုး ကုသမှု

ဒီဗီဒီယိုက သွေးအစားထိုး ကုသမှုဆိုင်ရာ နည်းဗျူဟာတွေနဲ့အတူ ဆေးဘက်ဆိုင်ရာပိုင်း၊ လူ့ကျင့်ဝတ်ပိုင်း၊ အကုန်အကျပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကို ဖော်ပြထားပါတယ်။ သွေးမဲ့ဆေးပညာနဲ့ ခွဲစိတ်မှုနည်းစနစ်က ဘယ်လိုနည်းနဲ့ အကုန်အကျ သက်သာစေပြီး လူနာရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့အပြင် သူတို့ရဲ့ ကြိုတင် အသိပေးထားတဲ့ ရွေးချယ်မှုကို လေးစားရာကျသလဲဆိုတာ ဖော်ပြထားပါတယ်။ (၂၈ မိနစ်)

ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ

ဆရာဝန်တွေအတွက်

ဆေးပညာဆိုင်ရာကျင့်ဝတ်နဲ့ ဥပဒေ

ယေဟောဝါသက်သေတွေကို ကုသပေးတဲ့အခါ ဆရာဝန်တွေ သုံးသပ်သင့်တဲ့ ဆေးပညာဆိုင်ရာကျင့်ဝတ်၊ တရားရေးနဲ့ လူမှုရေးအချက်အလက်တွေ ဖြစ်ပါတယ်။

ဆရာဝန်တွေအတွက်

ဆေးဘက်ဆိုင်ရာ ကုထုံးတွေ၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေအပေါ် ဘာသာရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက်

ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုလုပ်ထုံးလုပ်နည်းမှာ ကိုယ့်အသွေးကို အသုံးပြုမှု၊ အဓိက သွေးအစိတ်အပိုင်းတွေကနေ ခွဲထုတ်ထားတာတွေကို အသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ ယေဟောဝါသက်သေတွေရဲ့ တရားဝင် ရပ်တည်ချက် အကျဉ်းချုပ် ဖြစ်ပါတယ်။

မေးလေ့ရှိတဲ့ မေးခွန်းများ

ယေဟောဝါသက်သေတွေက သွေးသွင်းခြင်းကို ဘာဖြစ်လို့ လက်မခံတာလဲ

ယေဟောဝါသက်သေတွေနဲ့ သွေးသွင်းခြင်းအကြောင်း အထင်လွဲမှားမှု များစွာရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်ကို လေ့လာကြည့်ပါ။

ဗီဒီယိုများ

ရိုးရှင်း၊ စိတ်ချရပြီး ထိရောက်တဲ့ သွေးအစားထိုးကုသမှု နည်းစနစ်များ

ကမ္ဘာတစ်ဝန်း သွေးအကြောင်း ဆွေးနွေးခန်းတွေမှာ တခြားသူတစ်ယောက်ရဲ့ သွေးကို သွင်းတဲ့ကုထုံးရဲ့ ကုန်ကျစရိတ်၊ နည်းစနစ်၊ ဘေးကင်းမှု၊ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို စိုးရိမ်မှု တိုးများလာနေတယ်။ ဆုတွေ ရထားတဲ့ ဒီဗီဒီယိုမှာ ဆေးဝါးကုသ၊ ခွဲစိတ်ကုသချိန်မှာ သွေးကို ရှောင်တဲ့ နည်းစနစ်တွေအကြောင်း ဆွေးနွေးထားတယ်။ (မိနစ် ၃၀)