ဆေးဘက်ဆိုင်ရာ အချက်အလက်များ
အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ ယေဟောဝါသက်သေ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေအတွက် အထောက်အကူဖြစ်မယ့် အချက်အလက်တွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲမှ
ယေဟောဝါသက်သေများအတွက် အထောက်အပံ့
ယေဟောဝါသက်သေများအတွက် ဆေးရုံဆက်သွယ်ရေး ကော်မတီ
ယေဟောဝါသက်သေများက သက်သေခံ လူနာတွေကို ကုသပေးတဲ့ ဆေးဘက်ဆိုင်ကျွမ်းကျင်သူတွေကို ပံ့ပိုးပေးဖို့ ကမ္ဘာချီကွန်ရက်ကို ထူထောင်ထားပါတယ်။ ဒီစာစောင်က ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့အဖွဲ့အစည်းတွေရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကို ဖော်ပြထားပါတယ်။
ဆေးဘက်ဆိုင်ရာ ကုထုံးတွေ၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေအပေါ် ဘာသာရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက်
ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုလုပ်ထုံးလုပ်နည်းမှာ ကိုယ့်အသွေးကို အသုံးပြုမှု၊ အဓိက သွေးအစိတ်အပိုင်းတွေကနေ ခွဲထုတ်ထားတာတွေကို အသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ ယေဟောဝါသက်သေတွေရဲ့ တရားဝင် ရပ်တည်ချက် အကျဉ်းချုပ် ဖြစ်ပါတယ်။
အထောက်အထားကို အခြေခံတဲ့ ဆေးဘက်ဆိုင်ရာအချက်အလက်
ဒီဝက်ဘ်ဆိုက်မှာ ရနိုင်တဲ့ အခမဲ့အချက်အလက်များ။ ဆေးကုသမှုနဲ့ခွဲစိတ်မှု ကျွမ်းကျင်သူများအတွက် ဆေးဘက်ဆိုင်ရာအချက်အလက်တွေအပြင် နှံ့နှံ့စပ်စပ်သိတဲ့ ဒေသခံကိုယ်စားလှယ်တွေဆီက အခမဲ့ပြသတင်ဆက်မှု တောင်းဆိုနိုင်ပုံလည်း ပါဝင်တယ်။
ဆေးပညာ လုပ်ထုံးများ
သွေးမသွင်းဘဲ ကုသနိုင်တဲ့ နည်းလမ်းများ
ခွဲစိတ်ကုသရမယ့် လူနာတွေအတွက် သင့်တော်မယ့် စိတ်ချရပြီး ထိရောက်တဲ့ နည်းလမ်းတွေကို ခြုံငုံ ဖော်ပြထားပါတယ်။ အဲဒီနည်းလမ်းတွေကတော့ လူနာအမျိုးမျိုးနဲ့ သက်ဆိုင်ပြီး ခွဲစိတ်ကုသနေချိန်တစ်လျှောက် အသုံးပြုနိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေ ဖြစ်တယ်။
သားဖွား၊ မီးယပ်လူနာတွေ သွေးသွန်ခြင်း၊ သွေးအားနည်းခြင်း မဖြစ်အောင် ကုသနည်းများ
သားဖွား၊ မီးယပ်လူနာတွေကို သွေးမသွင်းဘဲ ကုသပေးနည်း အကျဉ်းချုပ် ဖော်ပြထားပါတယ်။ မီးဖွားပြီး သွေးသွန်တာကို ဟန့်တားကုသရာမှာ ဒီအပိုင်းကို သုံးနိုင်ပါတယ်။ ကိုးကားချက်ရာနဲ့ချီ လင့်ခ်ပေးထားပါတယ်။
စိုးရိမ်ဖွယ်အဆင့် အစာအိမ်သွေးယိုခြင်း၊ သွေးအားနည်းခြင်းကို သွေးမသွင်းဘဲ ကုသနည်း
အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း စိုးရိမ်ဖွယ်အဆင့်ကို သွေးမသွင်းဘဲ ကုသနိုင်တဲ့နည်း အကျဉ်းချုပ်ပါ။ ဆေးဂျာနယ်မှာ ပညာရှင်တွေ သုံးသပ်ဖော်ပြထားတဲ့ ကိုးကားချက် ၅၀၀ ကျော်ကိုလည်း လင့်ခ်ပေးထားပါတယ်။
သွေးထွက်လွန်ခြင်းနဲ့ သွေးအားနည်းရောဂါကို သွေးမသွင်းဘဲ ကုသနည်းများ
အထောက်အထားပေါ် အခြေခံတဲ့ ကုသနည်းတွေအပြင် အခြေအနေဆိုးတဲ့ လူနာတွေကို သွေးမသွင်းဘဲ ကုသပေးခဲ့တဲ့ ဆေးပညာရှင်ရဲ့ အကြံဉာဏ်တွေကိုပါ ဖော်ပြထားပါတယ်။ ဆေးဂျာနယ်မှာ ပညာရှင်တွေ သုံးသပ်ဖော်ပြထားတဲ့ ကိုးကားချက် ၅၀၀ ကျော်ကို လင့်ခ်ပေးထားပါတယ်။