မာတိကာဆီ ကျော်သွား

ဆေးပညာ​ဆိုင်ရာ​ကျင့်ဝတ်​နဲ့ ဥပဒေ

ယေဟောဝါသက်သေတွေ​က အသက်ကို​တန်ဖိုး​ထားပြီး သူတို့​ကိုယ်တိုင်နဲ့ သားသမီးတွေ​အတွက် အကောင်းဆုံး​ဆေး​ကုသမှု​ကို ရှာဖွေကြ​တယ်။ ခွဲစိတ်​တာ၊ မေ့​ဆေးသုံး​တဲ့ ကုထုံး၊ ကိရိယာ၊ နည်း​စနစ်​တွေ​အပြင် သွေး​တိတ်​ဆေး​စတဲ့ ဆေးဝါး​ကုသမှု​အမျိုးမျိုးကို လက်ခံကြတယ်။ ဒါပေမဲ့ ပကတိ​သွေး၊ သွေးနီဥ၊ သွေး​ဖြူ​ဥ၊ သွေးဥမွှား၊ သွေးရည်ကြည်​တွေကို သွင်း​တာ​နဲ့ နောက်ပိုင်း​ပြန်​သွင်း​ဖို့​အတွက် ခွဲစိတ်မှု​မ​လုပ်​ခင် ကိုယ့်​သွေး​ကို ထုတ်ပြီး​သိမ်းထား (PAD) တာ​ကို ကျမ်းစာက​တားမြစ်​တယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်​ကြတယ်။

ယေဟောဝါ​သက်သေ​ဖြစ်တဲ့​လူနာ​ကို ကုသ​ပေးတဲ့​အခါ ဆရာဝန်တွေ​သုံးသပ်​ရမယ့် ဆေးပညာ​ဆိုင်ရာ​ကျင့်ဝတ်၊ ဥပဒေ​ရေးရာ​နဲ့ လူမှုရေး​အချက်အလက်​တွေ ဖြစ်ပါတယ်။