မာတိကာဆီ ကျော်သွား

ဗီဒီယိုများ

အောက်ပါ မှတ်တမ်း​ဗီဒီယိုတွေက ဆရာဝန်များ၊ လူမှုရေး​ဝန်ထမ်း​များ၊ ဥပဒေ​အဖွဲ့သား​များ​အတွက် ဖြစ်ပါတယ်။ ဗီဒီယိုမှာ​ပါတဲ့ သိပ္ပံ​ပညာရှင်​တွေ၊ ဆေးပညာ​ရှင်​တွေဟာ ယေဟောဝါသက်သေတွေ မဟုတ်​ကြပါဘူး။ နိုင်ငံတကာ အသိအမှတ်ပြု ဆရာဝန်တွေ၊ ကျင့်ဝတ်​ပညာရှင်​တွေ၊ ဥပဒေ​ပညာရှင်​တွေ၊ ပညာပေး​သူတွေ ဖြစ်​ကြပါတယ်။

 

ရိုးရှင်း၊ စိတ်ချရပြီး ထိရောက်တဲ့ သွေးအစားထိုးကုသမှု နည်းစနစ်များ

ကမ္ဘာတစ်ဝန်း သွေးအကြောင်း ဆွေးနွေးခန်းတွေမှာ တခြားသူတစ်ယောက်ရဲ့ သွေးကို သွင်းတဲ့ကုထုံးရဲ့ ကုန်ကျစရိတ်၊ နည်းစနစ်၊ ဘေးကင်းမှု၊ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို စိုးရိမ်မှု တိုးများလာနေတယ်။ ဆုတွေ ရထားတဲ့ ဒီဗီဒီယိုမှာ ဆေးဝါးကုသ၊ ခွဲစိတ်ကုသချိန်မှာ သွေးကို ရှောင်တဲ့ နည်းစနစ်တွေအကြောင်း ဆွေးနွေးထားတယ်။ (မိနစ် ၃၀)

လူနာ လိုအပ်ချက်နဲ့ အခွင့်အရေးကို ဖြည့်ဆည်းပေးတဲ့ သွေးအစားထိုး ကုသမှု

ဒီဗီဒီယိုက သွေးအစားထိုး ကုသမှုဆိုင်ရာ နည်းဗျူဟာတွေနဲ့အတူ ဆေးဘက်ဆိုင်ရာပိုင်း၊ လူ့ကျင့်ဝတ်ပိုင်း၊ အကုန်အကျပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကို ဖော်ပြထားပါတယ်။ သွေးမဲ့ ဆေးပညာနဲ့ ခွဲစိတ်မှုနည်းစနစ်က ဘယ်လိုနည်းနဲ့ အကုန်အကျသက်သာစေပြီး လူနာရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့အပြင် ကြိုတင်အသိပေးထားတဲ့ သူတို့ရဲ့ ရွေးချယ်မှုကို လေးစားရာ ကျသလဲဆိုတာ ဖော်ပြထားပါတယ်။ (၂၈ မိနစ်)