တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့ စနေနေ့၊ ဧပြီ ၁၂၊ ၂၀၂၅ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ဝင်ကြေးမကောက်ခံတဲ့ ဒီအစီအစဉ်နှစ်ခုကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်– ကျမ်းစာ အထူးဟောပြောချက် “အမှန်တရားကို ရှာတွေ့နိုင်သလား” ယေရှုပြောခဲ့တဲ့ အမှန်တရားအကြောင်း၊ အမှန်တရားကို ဘယ်မှာ ရှာတွေ့နိုင်သလဲ ဆိုတဲ့အကြောင်းကို လေ့လာကြည့်ပါ။ အထူးဟောပြောချက်ကို ရှာပါ ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့ ယေဟောဝါသက်သေတွေက ယေရှုရဲ့ သေခြင်း အောက်မေ့ရာနေ့ကို ယေရှု မိန့်မှာခဲ့ပုံအတိုင်း ကျင်းပကြတယ်။—လုကာ ၂၂:၁၉။ အောက်မေ့ရာနေ့ကို ရှာပါ မေးလေ့ရှိတဲ့ မေးခွန်းများ ဘယ်သူတွေ တက်ရောက်နိုင်သလဲ ဘယ်သူမဆို တက်ရောက်နိုင်တယ်။ မိသားစုကိုပါ ခေါ်လာနိုင်တယ်။ အစီအစဉ်က ဘယ်လောက် ကြာသလဲ ကျမ်းစာအထူးဟောပြောချက်က နာရီဝက်ပဲ ကြာပါတယ်။ ပြီးနောက် ပရိသတ်ပါဝင်ဆွေးနွေးနိုင်တဲ့ တစ်နာရီကြာ ကျမ်းစာလေ့လာမှု အစီအစဉ် ရှိပါတယ်။ အောက်မေ့ရာနေ့ အစီအစဉ်ကတော့ တစ်နာရီလောက် ကြာပါမယ်။ အစီအစဉ်တွေကို ဘယ်မှာ ကျင်းပမလဲ ကျင်းပတဲ့နေရာ သိရဖို့ အထက်မှာပါတဲ့ “အောက်မေ့ရာနေ့ကို ရှာပါ” ဒါမှမဟုတ် “အထူးဟောပြောချက်ကို ရှာပါ” ကို နှိပ်ပါ။ ဝင်ကြေးပေးဖို့ လိုသလား မလိုပါ။ အလှူငွေ ကောက်ခံသလား မကောက်ခံပါ။ ယေဟောဝါသက်သေတွေရဲ့ ဘယ်အစည်းအဝေးမှာမှ အလှူငွေ မကောက်ခံပါ။—မဿဲ ၁၀:၈။ ဘယ်လို ဝတ်စားရမလဲ အတိအကျ သတ်မှတ်ထားတာတော့ မရှိပေမဲ့ ယေဟောဝါသက်သေတွေက ဣန္ဒြေသိက္ခာရှိရှိ ဝတ်စားဆင်ယင်ကြတယ်။ အောက်မေ့ရာနေ့ အစီအစဉ်ကို ဘယ်လို ကျင်းပသလဲ အစီအစဉ် အစနဲ့ အဆုံးမှာ သီချင်းဆိုပြီး ယေဟောဝါသက်သေ ဓမ္မအမှုဆောင်တစ်ဦးက ဆုတောင်းပါမယ်။ ယေရှုရဲ့ သေခြင်း အရေးကြီးပုံ၊ ကျွန်တော်တို့အတွက် ဘုရားသခင်နဲ့ ခရစ်တော် လုပ်ပေးခဲ့ရာတွေကနေ အကျိုးရရှိနိုင်ပုံကို အဓိက တင်ဆက်ပါလိမ့်မယ်။ အသေးစိတ် သိချင်ရင် “ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲ ကျင်းပပုံက တခြားဘာသာရေးအဖွဲ့တွေ ကျင်းပပုံနဲ့ ဘာကြောင့် မတူတာလဲ” ဆောင်းပါးကို ဖတ်ပါ။ အောက်မေ့ရာနေ့ ကျင်းပမယ့် ရက်စွဲများ ၂၀၂၅ ခုနှစ်– စနေနေ့၊ ဧပြီ ၁၂ ရက် ၂၀၂၆ ခုနှစ်– ကြာသပတေးနေ့၊ ဧပြီ ၂ ရက် ၂၀၂၇ ခုနှစ်– တနင်္လာနေ့၊ မတ် ၂၂ ရက် ထပ်သိချင်ရင် အောက်ပါဗီဒီယိုတွေကို ကြည့်ပါ။ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ လူအားလုံးနဲ့သက်ဆိုင်တဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာနေ့ ကျင်းပပုံအကြောင်း၊ ယေရှုရဲ့ သေခြင်းကြောင့်ရရှိမယ့် လှပတဲ့အနာဂတ်အကြောင်း ဗီဒီယိုမှာ ရှုစားကြည့်ပါ။ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ ကျွန်တော်တို့ အပြစ်အတွက် ယေရှုအသေခံခဲ့တယ်လို့ ပြောတာကို ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ သေဆုံးခြင်းကနေ လူသန်းနဲ့ချီ အကျိုးရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဗီဒီယိုမှာ လေ့လာကြည့်ပါ။ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ အစည်းအဝေးခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ဘယ်လို ကျင်းပသလဲဆိုတာ ဗီဒီယိုမှာ လေ့လာကြည့်ပါ။ ဖိတ်စာကို ကူးယူပါ။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျွန်တော်တို့အကြောင်း ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့ မြန်မာ လက်သင်္ကေတပြဘာသာစကား ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့ https://cms-imgp.jw-cdn.org/img/p/1102025385/univ/art/1102025385_univ_sqr_xl.jpg