ဖိတ်ခေါ်ပါတယ်

ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့

၂၀၂၆၊ ဧပြီ ၂၊ ကြာသပတေးနေ့

ဝင်ကြေး မကောက်ခံတဲ့ ဒီအစီအစဉ်နှစ်ခုကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်

ကျမ်းစာ အထူးဟောပြောချက်

“ကမ္ဘာမြေကို ဘယ်သူ ကုစားပေးမလဲ”

ကမ္ဘာမြေနဲ့ လူတွေအတွက် တောက်ပတဲ့ အနာဂတ်အကြောင်း လာလေ့လာကြည့်ပါ။

အထူးဟောပြောချက် ရှာပါ

ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာအစီအစဉ်

ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာအစီအစဉ်ကို ယေရှု မိန့်မှာခဲ့ပုံအတိုင်း ကျင်းပကြတယ်။—လုကာ ၂၂:၁၉

မေးလေ့ရှိတဲ့ မေးခွန်းများ

ဘယ်သူတွေ လာနိုင်သလဲ

ဘယ်သူမဆို လာနိုင်တယ်။ မိသားစုကိုပါ ခေါ်လာနိုင်တယ်။

အစီအစဉ်တွေ ဘယ်လောက် ကြာမလဲ

ကျမ်းစာ အထူးဟောပြောချက်ဟာ နာရီဝက် ကြာပါမယ်။ ပြီးနောက် ပရိသတ် ပါဝင်ဆွေးနွေးနိုင်တဲ့ တစ်နာရီကြာ ကျမ်းစာလေ့လာမှု ရှိပါမယ်။

အောက်မေ့ရာအစီအစဉ်ကတော့ တစ်နာရီလောက် ကြာပါမယ်။

ဘယ်မှာ ကျင်းပမလဲ

ကျင်းပတဲ့နေရာ သိဖို့ အထက်မှာ ပါတဲ့ “အောက်မေ့ရာအစီအစဉ် ရှာပါ” ဒါမှမဟုတ် “အထူးဟောပြောချက် ရှာပါ” ကို နှိပ်ပါ။

လာတက်တဲ့အခါ တစ်ခုခု လုပ်ဖို့၊ အသင်းဝင်ဖို့ လိုမလား

မလိုပါဘူး။

အလှူငွေ ကောက်ခံသလား

မကောက်ခံပါဘူး။ ယေဟောဝါသက်သေတွေရဲ့ ဘယ်အစည်းအဝေးမှာမှ အလှူငွေ မကောက်ခံပါဘူး။—မဿဲ ၁၀:၈

ဘယ်လို ဝတ်စားရမလဲ

အတိအကျ သတ်မှတ်ထားတာ မရှိပေမဲ့ ယေဟောဝါသက်သေတွေဟာ ဣန္ဒြေသိက္ခာရှိရှိ ဝတ်စားဆင်ယင်ကြတယ်။

အောက်မေ့ရာအစီအစဉ်ကို ဘယ်လို ကျင်းပသလဲ

အစီအစဉ် အစနဲ့ အဆုံးမှာ သီချင်းဆိုပြီး ယေဟောဝါသက်သေ ဓမ္မအမှုဆောင်တစ်ယောက်က ဆုတောင်းပါမယ်။ ယေရှုရဲ့ သေခြင်း အရေးကြီးပုံ၊ ကျွန်တော်တို့အတွက် ဘုရားသခင်နဲ့ ယေရှု လုပ်ပေးခဲ့တာတွေကနေ အကျိုးရရှိနိုင်ပုံကို ကျမ်းစာအခြေခံပြီး ဟောပြောပါမယ်။

အသေးစိတ် သိချင်ရင် “ယေဟောဝါသက်သေတွေ သခင့်ညစာစားပွဲ ကျင်းပပုံက တခြားဘာသာရေးအဖွဲ့တွေ ကျင်းပပုံနဲ့ ဘာကြောင့် မတူတာလဲ” ဆောင်းပါးကို ဖတ်ပါ။

လာမယ့်နှစ် အောက်မေ့ရာနေ့ ရက်စွဲများ

၂၀၂၆ ခုနှစ်– ဧပြီ ၂၊ ကြာသပတေးနေ့

၂၀၂၇ ခုနှစ်– မတ် ၂၂၊ တနင်္လာနေ့

၂၀၂၈ ခုနှစ်– ဧပြီ ၉၊ တနင်္ဂနွေနေ့

ထပ်သိချင်ရင် အောက်ပါဗီဒီယိုတွေကို ကြည့်ပါ။

လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့သေခြင်း

အောက်မေ့ရာအစီအစဉ် ကျင်းပပုံအကြောင်း၊ ယေရှုခရစ်ရဲ့ သေခြင်းကြောင့် ရရှိလာမယ့် တောက်ပတဲ့ အနာဂတ်အကြောင်း ဗီဒီယိုမှာ ရှုစားကြည့်ပါ။

ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ

ကျွန်တော်တို့အပြစ်အတွက် ယေရှု အသေခံတယ်လို့ ပြောတာ ကြားဖူးကြမယ်။ လူတစ်ယောက် အသေခံလိုက်တာနဲ့ လူသန်းချီ ဘယ်လိုလုပ် အကျိုးရသွားသလဲ။

ဖိတ်စာကို နှစ်သက်ရာ format နဲ့ ကူးယူပါ။