၂ ပေတရု ၁:၁-၂၁

  • နှုတ်​ခွန်း​ဆက်​စ​ကား ()

  • ခေါ်​တော်​မူ​ခြင်း​ခံ​ရ​သူ​တွေ​အဖြစ် သစ္စာ​ရှိ​ပါ (၂-၁၅)

    • ယုံ​ကြည်​ခြင်း​မှာ ထပ်​ဖြည့်​စွက်​ရ​မယ့်​အရာများ (၅-၉)

  • ပရော​ဖက်​ပြု​ချက်​ဟာ ပို​ပြီး​သေချာ​လာ(၁၆-၂၁)

 ယေရှု​ခ​ရစ်ရဲ့​ကျွန်​နဲ့ တမန်​တော်​ဖြစ်​တဲ့ ကျွန်​တော် ရှိ​မုန်​ပေတ​ရု​က တန်​ဖိုး​ကြီး​တဲ့ ယုံ​ကြည်​ခြင်း​ကို ရ​ထား​တဲ့ ခင်​ဗျား​တို့​ဆီ စာ​ရေး​လိုက်​ပါ​တယ်။ ဘုရား​သခင်​နဲ့ ကယ်​တင်​ရှင် ယေရှု​ခ​ရစ်ရဲ့ ဖြောင့်​မတ်​ခြင်း​ကြောင့် အဲ​ဒီ​ယုံ​ကြည်​ခြင်း​မျိုး​ကို ကျွန်​တော်​တို့​အား​လုံး ရ​ရှိ​ထား​ကြ​တာ​ပါ။ ၂  ဘု​ရား​သခင်​နဲ့  သခင်​ယေရှု​အ​ကြောင်း​ တိ​ကျ​မှန်​ကန်​စွာ သိ​လာ​တဲ့​အတွက်+  ခင်​ဗျား​တို့​ဆီ​မှာ  မဟာ​ကရု​ဏာ​တော်​နဲ့ ငြိမ်​သက်​ခြင်း တိုး​ပွား​ပါ​စေ။ ၃  ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​မှု​နဲ့​အညီ အသက်​ရှင်​နိုင်​ဖို့ ကူ​ညီ​ပေး​တဲ့​အရာ အား​လုံး​ကို ဘု​ရား​သခင့် တန်​ခိုး​အား​ဖြင့် ကျွန်​တော်​တို့ ရ​ရှိ​ထား​ကြ​တယ်။ အဲ​ဒီ​လို​ရ​ရှိ​တဲ့​အတွက် မိမိ​ရဲ့ ဘုန်း​အသရေ​နဲ့  ဂုဏ်​အသရေ​ကြောင့်  ခေါ်​ယူ​တဲ့​အရှင်​အကြောင်း​ကို​လည်း ကျွန်​တော်​တို့ တိ​ကျ​မှန်​ကန်​စွာ သိ​လာ​ကြ​တယ်။+ ၄  အဲ​ဒီ​ဘုန်း​အသရေ​နဲ့ ဂုဏ်​အသရေ​ကြောင့် ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို တန်​ဖိုး​ကြီး​ပြီး အလွန်​မွန်မြတ်​တဲ့​က​တိ​တွေ ပေး​သနား​တယ်။+ အဲ​ဒီ​က​တိ​တွေ​ကြောင့် ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင်​လို ဝိညာဉ်​ပု​ဂ္ဂိုလ်တွေ ဖြစ်​လာ​နိုင်​မယ်။+ မှား​ယွင်း​တဲ့​အလို​ဆန္ဒတွေ​ကြောင့် ပေါ်​လာ​တဲ့ လော​က​ရဲ့ ဖောက်​ပြန်​ပျက်​စီး​တတ်​တဲ့ အဖြစ်​က​နေ ကျွန်​တော်​တို့ လွတ်​မြောက်​ခဲ့လို့ အဲ​ဒီ​က​တိ​တွေ​ကို ဘု​ရား​သခင် ပေး​သနား​ထား​တာ​ပါ။ ၅  ဒါ​ကြောင့် အစွမ်း​ကုန် ကြိုး​စား​အား​ထုတ်​ပြီး+  လုပ်​ဆောင်​ရ​မှာ​က ခင်ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​မှာ မွန်မြတ်​တဲ့​အကျင့်၊+  မွန်မြတ်​တဲ့​အကျင့်​မှာ အသိပ​ညာ၊+ ၆  အသိ​ပညာ​မှာ​ ချုပ်​တည်း​ခြင်း၊ ချုပ်​တည်း​ခြင်း​မှာ+ ခံ​နိုင်​ရည်၊ ခံနိုင်​ရည်​မှာ  ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​ခြင်း၊+ ၇  ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​ခြင်း​မှာ  ညီ​ရင်း​အစ်​ကို​ချစ်​ခြင်း၊ ညီ​ရင်း​အစ်​ကို​ချစ်​ခြင်း​မှာ မေတ္တာ​ကို+  ထပ်​ဖြည့်​စွက်လိုက်​ပါ။ ၈  အဲ​ဒီ​အရည်​အသွေး​တွေ တိုး​ပွား​များ​ပြား​နေ​မယ်​ဆို​ရင် သခင်​ယေရှု​ခ​ရစ်​အကြောင်း တိ​ကျ​မှန်​ကန်​တဲ့ အသိ​ပညာ​ကို လက်​တွေ့​ကျင့်​သုံး​တဲ့​အခါ မထိ​ရောက်​တာ၊ မတိုး​တက်​တာ​မျိုး ဖြစ်​တော့​မှာ​မဟုတ်​ဘူး။+ ၉  အဲ​ဒီ​အရည်​အသွေး​တွေ  မရှိ​တဲ့​သူက​တော့  မျက်​ကန်း​နဲ့  တူ​တယ်။ အလင်း​ကို​မမြင်​ရ​အောင် မျက်​စိ​ပိတ်​ထား​တဲ့​သူ​ပဲ။*+ အရင်​က သူ​ကျူး​လွန်​ခဲ့​တဲ့ အပြစ်​တွေ​ကို ဘု​ရား​သခင် သန့်​စင်​ပေး​လိုက်​မှန်း သူ​မေ့​လျော့​သွား​ပြီ။+ ၁၀  ဒါ​ကြောင့်  ညီ​အစ်​ကို​တို့၊ ခေါ်​တော်​မူ​ခြင်း​ခံ​ရ​သူ၊+  ရွေး​ချယ်​ခံ​ရ​သူ​တွေ​အဖြစ် သစ္စာ​ရှိ​မြဲရှိ​နိုင်​ဖို့ အစွမ်း​ကုန် ကြိုး​စား​ကြ​ပါ။  အဲဒီ​အရည်​အသွေး​တွေ​ကို အမြဲ ဖြည့်​စွက်​နေ​မယ်​ဆို​ရင် ခင်​ဗျား​တို့  ဘယ်​တော့​မှ  ကျ​ရှုံး​မှာ​မဟုတ်​ဘူး။+ ၁၁  ကယ်​တင်​ရှင် သခင်​ယေရှု​ခ​ရစ်ရဲ့  ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ+ ဝင်​ရောက်​ခွင့်  ကောင်း​ချီး​ကို  ခင်​ဗျား​တို့ ကြွယ်​ဝ​စွာ ခံစား​ရ​လိမ့်​မယ်။+ ၁၂  ခင်​ဗျား​တို့ သိ​ပြီး​သား​ဖြစ်​ပေမဲ့၊ အမှန်​တ​ရား​မှာ ခိုင်​မြဲနေ​ကြ​ပေမဲ့ ဒီ​အကြောင်း​တွေ​နဲ့​ပတ်​သက်​ပြီး ခင်​ဗျား​တို့​ကို အမြဲတမ်း သတိ​ပေး​ချင်​တယ်။ ၁၃  ဒီ​ခ​န္ဓာ​နဲ့*+ အသက်​ရှင်​နေ​သရွေ့ ခင်​ဗျား​တို့​ကို သတိ​ပေး​နှိုးဆော်​ဖို့+ လို​အပ်​တယ်​လို့  ကျွန်​တော်​ယူ​ဆ​တယ်။ ၁၄  သခင်​ယေရှု​ခ​ရစ် ရှင်း​ရှင်း​လင်း​လင်း အသိ​ပေး​ခဲ့​တဲ့​အတိုင်း မကြာ​ခင် ဒီ​ခန္ဓာ​ကို စွန့်​ရ​တော့​မယ်​ဆို​တာ ကျွန်​တော်​သိ​နေ​တယ်။+ ၁၅  ဒါ​ကြောင့် ကျွန်​တော် ထွက်​ခွာ​သွား​ပြီး​တဲ့ နောက်​ပိုင်း​မှာ​လည်း ဒီ​အကြောင်း​အရာတွေ​ကို ခင်​ဗျား​တို့ ပြန်​အမှတ်​ရ​နေ​အောင် ကျွန်​တော် အစွမ်း​ကုန် ကြိုး​စား​မှာ​ပဲ။ ၁၆  သခင်​ယေရှု​ခ​ရစ်ရဲ့  တန်​ခိုး​အကြောင်း၊ ရောက်​ရှိ​နေ​ခြင်း​အကြောင်း ခင်​ဗျား​တို့​ကို ပြော​ပြတုန်း​က လူ​တွေ​ထွင်​ထား​တဲ့  ယုံ​တမ်း​စ​ကား​တွေ​ကို အခြေ​ခံ​ပြီး ပြော​ခဲ့​တာ​မဟုတ်​ဘူး။ သူ့​ရဲ့ ကြီးမြတ်လှ​တဲ့ ဘုန်း​အသရေ​ကို+ ကျွန်​တော်​တို့​ကိုယ်​တိုင် မြင်​ခဲ့ရလို့ ပြော​ပြတာ​ပါ။ ၁၇  “သူ​ဟာ ငါမြတ်​နိုး​တဲ့ ငါ့​ရဲ့​ချစ်​သား​ပဲ”+ ဆို​တဲ့​စ​ကား​ကို မဟာ​ဘုန်း​တော်​ရှင် ပြော​ကြား​တဲ့​အချိန်​မှာ အဖဘု​ရား​သခင်​ဆီ​က ဂုဏ်​အသရေ​နဲ့ ဘုန်း​အသရေ​ကို  သူ​ရ​ရှိ​ခဲ့​တယ်။ ၁၈  သန့်​ရှင်း​တဲ့​တောင်​ပေါ်​မှာ  သူ​နဲ့​အတူ​ရှိ​နေ​တုန်း​က ကောင်း​ကင်​က​ထွက်​လာ​တဲ့ အဲ​ဒီ​စ​ကား​သံ​ကို ကျွန်​တော်​တို့ ကြား​ခဲ့ရ​တယ်။ ၁၉  ဒါ​ကြောင့်  ပရော​ဖက်​ပြု​ချက်​ဟာ ကျွန်​တော်​တို့​အတွက် ပို​ပြီး​သေချာ​လာ​တယ်။ (အရုဏ်​တက်​ပြီး မိုး​သောက်​ကြယ်+ မထွက်​လာ​မချင်း) အမှောင်​မှာ​ထွန်း​ထား​တဲ့ ဆီ​မီး​ကို+ အာ​ရုံ​စိုက်​သလို​မျိုး ခင်​ဗျား​တို့​ရဲ့ စိတ်​နှ​လုံး​မှာ အဲ​ဒီ​ပရော​ဖက်​ပြု​ချက်​ကို အာ​ရုံ​စိုက်​နေ​ကြ​တာ သိပ်​ကောင်း​ပါ​တယ်။ ၂၀  ကျမ်း​စာ​ပရော​ဖက်​ပြု​ချက်​ဆို​တာ တစ်​ဦး​တစ်​ယောက်​ရဲ့ အယူ​အဆ​ကို အခြေ​ခံ​ပြီး ပေါ်​ပေါက်​လာ​တာ မဟုတ်​မှန်း ခင်​ဗျား​တို့ ကောင်း​ကောင်း​သိ​ပါ​တယ်။ ၂၁  ပရော​ဖက်​ပြု​ချက်​ဆို​တာ လူ့​အလို​အတိုင်း ဖြစ်​ပေါ်​လာ​တာ မဟုတ်​ဘူး။+ လူ​တွေ​က သန့်​ရှင်း​သော စွမ်း​အား​တော်ရဲ့ လှုံ့​ဆော်​မှု​ကို​ခံ​ရလို့ ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ စ​ကား​တွေ​ကို ပြန်​ဟော​တာ​ဖြစ်​တယ်။+

အောက်ခြေမှတ်ချက်များ

“အဝေး​မှုန်​နေ​တဲ့​သူ​ပဲ” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “ဒီ​တဲ​အိမ်​မှာ။”