၁ ယောဟန် ၃:၁-၂၄

  • ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ် (၁-၃)

  • ဘုရားသခင်ရဲ့သားသမီးနဲ့ နတ်ဆိုးရဲ့သားသမီးများ (၄-၁၂)

    • မာရ်နတ်လုပ်သမျှကို ယေရှုချေဖျက် ()

  • အချင်းချင်း ချစ်ပါ (၁၃-၁၈)

  • ဘုရားသခင်ဟာ ကျွန်တော်တို့စိတ်နှလုံးထက် ပိုကြီးမြတ် (၁၉-၂၄)

 အဖဘုရားက  ကျွန်တော်တို့ကို ဘယ်လောက်တောင် ချစ်မြတ်နိုးတယ်ဆိုတာ စဉ်းစားကြည့်ပါ။+ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ သားသမီးတွေလို့ ခေါ်တယ်။+ တကယ်လည်း ဘုရားသခင်ရဲ့ သားသမီးတွေပါပဲ။ ဒါကြောင့် ဒီလောကက ကျွန်တော်တို့ကို မသိဘူး။+ ဘုရားသခင်ကို သူတို့မှ မသိပဲကိုး။+ ၂  ချစ်ရသူတို့၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်နေကြပေမဲ့+ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘုရားသခင် မဖော်ပြသေးဘူး။+ ဖော်ပြတဲ့အခါကျရင်တော့ ဘုရားသခင်လို ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဘာလို့လဲဆိုတော့ အဲဒီအခါကျရင် ဘုရားသခင်ကို ကျွန်တော်တို့ တကယ်မြင်တွေ့ရမှာ ဖြစ်လို့ပဲ။ ၃  အဲဒီလို မျှော်လင့်ချက်ရှိသူတိုင်းဟာ အဲဒီအရှင် စင်ကြယ်သလို မိမိကိုယ်ကို စင်ကြယ်စေရမယ်။+ ၄  အပြစ်လုပ်လေ့ရှိသူဟာ တရားမဲ့တာတွေကို လုပ်လေ့ရှိသူပဲ။ အပြစ်ဆိုတာ တရားမဲ့ခြင်းပဲ။ ၅  ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖယ်ရှားဖို့ ယေရှုခရစ် ရောက်လာခဲ့မှန်းကိုလည်း+ ခင်ဗျားတို့ သိပါတယ်။  သူ့မှာ  အပြစ်မရှိဘူး။ ၆  သူနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ရင် အပြစ်လုပ်လေ့ မရှိဘူး။+ အပြစ်လုပ်လေ့ရှိသူဟာ သူ့ကို မသိဘူး၊ မယုံကြည်ဘူး။ ၇  သားသမီးတို့၊ ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်စားပါစေနဲ့။ ဖြောင့်မှန်ရာကို လုပ်လေ့ရှိသူဟာ ဖြောင့်မတ်သူပဲ။  ယေရှု  ဖြောင့်မတ်သလိုမျိုးပေါ့။ ၈  အပြစ်လုပ်လေ့ရှိသူကတော့ မာရ်နတ်ရဲ့ ဘက်တော်သားဖြစ်တယ်။ မာရ်နတ်ဟာ အစအဦးကတည်း+ အပြစ်လုပ်သူဖြစ်လို့ပဲ။ မာရ်နတ်လုပ်သမျှကို ချေဖျက်ဖို့ ဘုရားသခင်ရဲ့သားတော် ရောက်လာခဲ့တာ။+ ၉  ဘုရားသခင်ရဲ့ သားသမီးမှန်ရင် အပြစ်လုပ်လေ့မရှိဘူး။+  သူ့ဆီမှာ ဘုရားသခင်ရဲ့ စွမ်းအားတော်* ရှိနေလို့ပဲ။ သူဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်တဲ့အတွက်  အပြစ်လုပ်လေ့မရှိဘူး။+ ၁၀  ဖြောင့်မှန်ရာကို မလုပ်တဲ့သူဟာ ဘုရားသခင်ရဲ့ ဘက်တော်သား မဟုတ်ဘူး။ ညီအစ်ကိုကို မုန်းတဲ့သူလည်း ဘုရားသခင်ရဲ့ ဘက်တော်သား မဟုတ်ဘူး။+ ဒီနည်းနဲ့ ဘုရားသခင်ရဲ့ သားသမီးနဲ့ မာရ်နတ်ရဲ့သားသမီးကို ခွဲခြားနိုင်တယ်။ ၁၁  အချင်းချင်း ချစ်ကြပါဆိုတဲ့ စကားကို အစကတည်းက ခင်ဗျားတို့ ကြားနာခဲ့ရတယ်။+ ၁၂  ဆိုးညစ်သူရဲ့ ဘက်တော်သားဖြစ်ပြီး ကိုယ့်ညီကိုသတ်ခဲ့တဲ့ ကာအိနလို မဖြစ်ကြပါနဲ့။+ သူက ညီကို ဘာလို့သတ်တာလဲ။ သူ့အကျင့်က ဆိုးညစ်ပြီး+ ညီရဲ့အကျင့်က ဖြောင့်မတ်လို့ပဲ။+ ၁၃  ညီအစ်ကိုတို့၊  လောကက ခင်ဗျားတို့ကိုမုန်းရင်  မအံ့သြပါနဲ့။+ ၁၄  ကျွန်တော်တို့ဟာ လူသေလိုဖြစ်ခဲ့ကြပေမဲ့ အခုတော့ ညီအစ်ကိုတွေကို ချစ်တဲ့မေတ္တာကြောင့်+ အသက်ရှင်နေမှန်း+ သိပါတယ်။ ညီအစ်ကိုကို မချစ်တဲ့သူဟာ လူသေဖြစ်နေတုန်းပဲ။+ ၁၅  ညီအစ်ကိုကို မုန်းတဲ့သူဟာ  လူ့အသက်ကို သတ်တဲ့သူဖြစ်တယ်။+  လူ့အသက်သတ်ရင်  ထာဝရအသက်  မရနိုင်ဘူးဆိုတာ  ခင်ဗျားတို့  သိပါတယ်။+ ၁၆  ခရစ်တော်က  ကျွန်တော်တို့အတွက် အသက်စွန့်ခဲ့လို့  ချစ်ခြင်းမေတ္တာအကြောင်း ကျွန်တော်တို့ နားလည်လာတယ်။+ ကျွန်တော်တို့လည်း ညီအစ်ကိုအတွက် အသက်စွန့်ဖို့ တာဝန်ရှိတယ်။+ ၁၇  စည်းစိမ်ဥစ္စာ ချမ်းသာတဲ့သူတစ်ယောက်က ဆင်းရဲချို့ငဲ့နေတဲ့ ညီအစ်ကိုကို မြင်လျက်နဲ့ မသနားဘူးဆိုရင် သူဟာ ဘုရားသခင်ကို ချစ်တဲ့သူလို့ ပြောလို့ရပါ့မလား။+ ၁၈  သားသမီးတို့၊ ခင်ဗျားတို့ရဲ့ မေတ္တာကို အပြောလောက်သာ+ မဟုတ်ဘဲ လုပ်ရပ်နဲ့+ တကယ်ပြကြပါ။+ ၁၉  ဒီနည်းနဲ့  ကျွန်တော်တို့ဟာ အမှန်တရားရဲ့ ဘက်တော်သားတွေဖြစ်မှန်း သိနိုင်ကြမယ်။ မေတ္တာတော် ခံစားရသူတွေအနေနဲ့ စိတ်ချလက်ချဖြစ်နေမယ်။ ၂၀  အပြစ်ရှိတယ်လို့ စိတ်ထဲ ခံစားနေရရင်တောင် ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်၊* အရာအားလုံးကို ကိုယ်တော် သိနေတယ်ဆိုတာ မမေ့ကြပါနဲ့။+ ၂၁  ချစ်ရသူတို့၊ ကျွန်တော်တို့ စိတ်ထဲမှာ အပြစ်ရှိတယ်လို့ မခံစားရဘူးဆိုရင် ဘုရားသခင်ဆီ  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်* ရှိလိမ့်မယ်။+ ၂၂  ပညတ်တွေကို လိုက်နာနေတဲ့အတွက်၊  ဘုရားနှစ်သက်တာတွေကို  လုပ်ဆောင်နေတဲ့အတွက် ဘုရားဆီ တောင်းလျှောက်သမျှ  ကျွန်တော်တို့  ရလိမ့်မယ်။+ ၂၃  သားတော်ယေရှုခရစ်ရဲ့ နာမည်ကို ယုံကြည်ရမယ်၊+ သူမိန့်မှာခဲ့တဲ့အတိုင်း  အချင်းချင်း  ချစ်ရမယ် ဆိုတဲ့ပညတ်ပဲ။+ ၂၄  ပညတ်တွေကို လိုက်နာသူဟာ ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့သူပဲ၊ ဘုရားသခင်ကလည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတယ်။+ ဘုရားသခင်ဟာ ကျွန်တော်တို့နဲ့  တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေမှန်း  ပေးသနားထားတဲ့ စွမ်းအားတော်ကြောင့် သိရတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “မျိုးစေ့။”
ဒါမှမဟုတ်၊ “ဘုရားသခင်ဟာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သိတာထက် ပိုသိတယ်။”
ခက်ဆစ်ကိုကြည့်။