၁ ယောဟန် ၂:၁-၂၉

  • အပြစ်ဖြေရာပူဇော်သက္ကာ ယေရှု (၁၊ ၂)

  • ဘုရားသခင်ရဲ့ ပညတ်တွေကို လိုက်နာခြင်း (၃-၁၁)

    • ပညတ်သစ်နဲ့ ပညတ်ဟောင်း (၇၊ ၈)

  • စာရေးရတဲ့ အကြောင်းရင်းများ (၁၂-၁၄)

  • လောကကို မချစ်ပါနဲ့ (၁၅-၁၇)

  • အန္တိခရစ်တွေကို ရှောင်ဖို့ သတိပေးချက် (၁၈-၂၉)

 သားသမီးတို့၊ ဒီအကြောင်းအရာတွေကို ရေးရတာက ခင်ဗျားတို့ အပြစ်မလုပ်မိအောင်ပါ။ ဒါပေမဲ့ တစ်ယောက်ယောက်  အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ* ရှိပါတယ်။ သူကတော့  အဖဘုရားနဲ့အတူရှိနေတဲ့  ဖြောင့်မတ်သူ  ယေရှုခရစ်ပဲ။+ ၂  သူဟာ ကျွန်တော်တို့သာမက+ တစ်လောကလုံးရဲ့  အပြစ်အတွက်+ အပြစ်ဖြေရာပူဇော်သက္ကာပဲ။+ ၃  အဲဒီအပြစ်ဖြေရာ ပူဇော်သက္ကာကြောင့် သူ့ကို ကျွန်တော်တို့ သိကျွမ်းလာတယ်။ သူ့ရဲ့ပညတ်ချက်တွေကို အမြဲလိုက်နာမယ်ဆိုရင် သူ့ကိုသိကျွမ်းသူတွေဖြစ်မှန်း သိရတယ်။ ၄  “သူ့ကို သိကျွမ်းတယ်” လို့ပြောပေမဲ့ ပညတ်တွေကို မလိုက်နာတဲ့သူဟာ လူလိမ်ပဲ။ အဲဒီလူမှာ အမှန်တရား မရှိဘူး။ ၅  သူ့စကားကို လိုက်နာတဲ့သူကတော့ ဘုရားသခင်ကို တကယ်ချစ်တဲ့သူပဲ။+ ကျွန်တော်တို့ဟာ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှန်း ဒီနည်းနဲ့ သိရတယ်။+ ၆  သူနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတယ်လို့ ပြောတဲ့သူဟာ သူလျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲလျှောက်လှမ်းရမယ့်  တာဝန်ရှိတယ်။+ ၇  ချစ်ရသူတို့၊  ပညတ်သစ်ကို ကျွန်တော် ပေးနေတာမဟုတ်ဘူး။ အစကတည်းက ခင်ဗျားတို့ရထားတဲ့ ပညတ်ဟောင်းအကြောင်း+ ပြောပြနေတာ။ အဲဒီပညတ်ဟောင်းဆိုတာ ခင်ဗျားတို့ကြားခဲ့ရတဲ့ တရားစကားပဲ။ ၈  ဒါပေမဲ့ ကျွန်တော်ပြောပြမယ့် ပညတ်ကို ပညတ်သစ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီပညတ်နဲ့ပတ်သက်ပြီး ယေရှုကိုယ်တိုင် နမူနာပြခဲ့သလို ခင်ဗျားတို့လည်း လိုက်နာနေလို့ပါ။ ဒါကြောင့် အမှောင် ကွယ်ပျောက်ပြီး စစ်မှန်တဲ့အလင်း ထွန်းလင်းနေပြီ။+ ၉  အလင်းထဲမှာ ရှိတယ်လို့ ပြောပေမဲ့ ကိုယ့်ညီအစ်ကိုကို မုန်းနေတယ်ဆိုရင်+ သူဟာ အမှောင်ထဲမှာ ရှိနေတုန်းပဲ။+ ၁၀  ကိုယ့်ညီအစ်ကိုကို ချစ်တဲ့သူဟာ အလင်းထဲမှာ ရှိနေတယ်။+ သူ ခလုတ်တိုက်လဲစရာအကြောင်း  မရှိဘူး။ ၁၁  ကိုယ့်ညီအစ်ကိုကို မုန်းတဲ့သူကတော့  အမှောင်ထဲမှာ  ရှိနေတယ်။ အမှောင်ထဲမှာ လျှောက်လှမ်းနေတယ်။+ အမှောင်ထဲမှာ ဘာမှမမြင်ရတဲ့အတွက် ဘယ်ကိုသွားနေမှန်း သူမသိဘူး။+ ၁၂  သားသမီးတို့၊ ဘုရားသခင်က သူ့နာမည်ကိုထောက်ပြီး+ ခင်ဗျားတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီဖြစ်လို့ ကျွန်တော် စာရေးလိုက်တာပါ။ ၁၃  ဖခင်တို့၊  အစအဦးကတည်းက တည်ရှိတဲ့သူကို ခင်ဗျားတို့ သိကျွမ်းလာတဲ့အတွက် ကျွန်တော် စာရေးလိုက်တာပါ။ လူပျိုတို့၊ ဆိုးညစ်သူကို ခင်ဗျားတို့ အနိုင်ရတဲ့အတွက်+ ကျွန်တော် စာရေးလိုက်တာပါ။ သားသမီးတို့၊ အဖဘုရားကို  ခင်ဗျားတို့ သိကျွမ်းလာတဲ့အတွက်+ ကျွန်တော် စာရေးလိုက်တာပါ။ ၁၄  ဖခင်တို့၊  အစအဦးကတည်းက တည်ရှိတဲ့သူကို ခင်ဗျားတို့ သိကျွမ်းလာတဲ့အတွက် ကျွန်တော်စာရေးလိုက်တာပါ။ လူပျိုတို့၊ ခင်ဗျားတို့ဟာ ခွန်အားရှိသူတွေ၊+ ရင်ထဲမှာ တရားစကားစွဲမြဲနေသူတွေ၊+ ဆိုးညစ်သူကို အနိုင်ရသူတွေဖြစ်လို့+ ကျွန်တော် စာရေးလိုက်တာပါ။ ၁၅  လောကကိုဖြစ်စေ၊ လောကမှာရှိတဲ့အရာတွေကိုဖြစ်စေ မချစ်ပါနဲ့။+ လောကကို ချစ်တဲ့သူဟာ အဖဘုရားကို မချစ်တဲ့သူပဲ။+ ၁၆  သွေးသားအလိုဆန္ဒ၊+ မျက်စိရဲ့အလိုဆန္ဒ၊+ မိမိစည်းစိမ်အကြောင်း ဝါကြွားခြင်းစတဲ့ လောကမှာရှိတဲ့ အရာအားလုံးဟာ အဖဘုရားဆီက လာတာမဟုတ်ဘူး။ လောကမှာရှိတဲ့ လူတွေဆီက လာတာပဲ။ ၁၇  အဲဒီအပြင် ဒီလောကရော လောကမှာရှိတဲ့ လူတွေလိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်။+ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်။+ ၁၈  သားသမီးတို့၊ အခုအချိန်ဟာ နောက်ဆုံးအချိန်ပဲ။  ခရစ်တော်ကိုဆန့်ကျင်သူ* ပေါ်လာမယ်လို့+ ခင်ဗျားတို့ ကြားထားတဲ့အတိုင်း ခရစ်တော်ကိုဆန့်ကျင်သူ အမြောက်အမြား အခုပဲ ပေါ်လာပြီ။+  ဒါကြောင့်  နောက်ဆုံးအချိန်ကို ရောက်နေပြီဆိုတာ  သိနိုင်တယ်။ ၁၉  သူတို့ဟာ ကျွန်တော်တို့လို လူစားမျိုး မဟုတ်တော့ ကျွန်တော်တို့ဆီကနေ ထွက်သွားကြပြီ။+ ကျွန်တော်တို့လို လူစားမျိုးဖြစ်ရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပဲ။  အခု  သူတို့ထွက်သွားပြီဆိုတော့ ကျွန်တော်တို့လို လူစားမျိုးမဟုတ်မှန်း  ထင်ရှားပြီပေါ့။+ ၂၀  သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားသခင်က ခင်ဗျားတို့ကို ဘိသိက်ပေးထားပြီ။+ အမှန်တရားကို ခင်ဗျားတို့အားလုံး သိကြပြီ။ ၂၁  အမှန်တရားကို မသိလို့မဟုတ်ဘဲ+ အမှန်တရားကို ခင်ဗျားတို့ သိနေလို့၊ ကျွန်တော်ပြောနေတဲ့ အမှန်တရားမှာ မုသာမရှိလို့+  ကျွန်တော်စာရေးလိုက်တာပါ။ ၂၂  ယေရှုဟာ ခရစ်တော်ဖြစ်တယ်ဆိုတာကို  ငြင်းပယ်သူဟာ  လူလိမ်မဟုတ်လား။+ အဖဘုရားနဲ့ သားတော်ကို ငြင်းပယ်သူဟာ ခရစ်တော်ကိုဆန့်ကျင်သူပဲ။*+ ၂၃  သားတော်ကို ငြင်းပယ်သူဟာ အဖဘုရားရဲ့ကျွန် မဟုတ်ဘူး။+ သားတော်ကို အသိအမှတ်ပြုသူဟာ+ အဖဘုရားရဲ့ကျွန်ပဲ။+ ၂၄  ခင်ဗျားတို့ကတော့ အစကတည်းက ကြားနာခဲ့တာတွေကို ရင်ထဲမှာ စွဲမြဲနေစေပါ။+ အစကတည်းက ကြားနာခဲ့တဲ့အရာဟာ ရင်ထဲမှာ စွဲမြဲနေရင် သားတော်နဲ့ရော အဖဘုရားနဲ့ပါ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လိမ့်မယ်။ ၂၅  အဲဒီအပြင် ထာဝရအသက်ကိုပါ ရလိမ့်မယ်လို့+ ဘုရားသခင်ကိုယ်တိုင် ကတိပေးထားတယ်။ ၂၆  လူတချို့က ခင်ဗျားတို့ကို လှည့်စားဖို့ကြိုးစားနေလို့  ဒီအကြောင်းတွေ  ကျွန်တော်ရေးလိုက်တယ်။ ၂၇  ဘုရားသခင်က  ခင်ဗျားတို့ကို စွမ်းအားတော်နဲ့ ဘိသိက်ပေးထားတာဖြစ်လို့+ ခင်ဗျားတို့ဆီမှာ စွမ်းအားတော် ရှိနေလိမ့်မယ်။ ခင်ဗျားတို့ကို ဘယ်သူမှ သင်ပေးစရာမလိုဘူး။ ဘုရားသခင်က စွမ်းအားတော်ကို  သုံးပြီး  ခင်ဗျားတို့ကို အရာရာ  သွန်သင်ပေးနေတယ်။+ ခင်ဗျားတို့ကို ဘိသိက်ပေးထားတယ်ဆိုတဲ့ အချက်ဟာ မှန်တယ်၊ မုသာစကား မဟုတ်ဘူး။ ဒါကြောင့် စွမ်းအားတော် သွန်သင်ပေးတဲ့အတိုင်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပါ။+ ၂၈  သားသမီးတို့၊ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပါ။ ဒါဆိုရင် သူပေါ်ထွန်းတဲ့အခါ ရဲရဲဝံ့ဝံ့ပြောဆိုခွင့်*+ ရှိကြလိမ့်မယ်။ သူရောက်ရှိချိန်မှာ ရှက်စိတ်နဲ့ နောက်ဆုတ်နေရတဲ့အဖြစ်မျိုး ကြုံရမှာမဟုတ်ဘူး။ ၂၉  သူဟာ ဖြောင့်မတ်သူဖြစ်မှန်း ခင်ဗျားတို့ သိတယ်ဆိုရင် ဖြောင့်မှန်ရာကို လုပ်ဆောင်သူတိုင်းဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်မှန်းလည်း ခင်ဗျားတို့ သိကြမှာပဲ။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ရှေ့နေလိုက်ပေးမယ့်သူ။”
ခက်ဆစ် “အန္တိခရစ်” ကိုကြည့်။
ခက်ဆစ် “အန္တိခရစ်” ကိုကြည့်။
ခက်ဆစ်ကိုကြည့်။