၁ ဘုရင်များ ၇:၁-၅၁

  • ရှော​လ​မုန်​ရဲ့ နန်း​ဆောင် (၁-၁၂)

  • ကျွမ်း​ကျင်​တဲ့​ဟိ​ရံ​က ရှော​လ​မုန်​ကို ကူညီ (၁၃-၄၇)

    • ကြေး​နီ​တိုင်​နှစ်​တိုင် (၁၅-၂၂)

    • ကြေး​နီ​ရေ​ကန် (၂၃-၂၆)

    • ကြေး​နီ တွန်း​လှည်း​ဆယ်​ခု၊ အင်​တုံ​ဆယ်​လုံး (၂၇-၃၉)

  • ရွှေ​ထည်​အသုံး​အဆောင်​တွေ ပြီး​စီး (၄၈-၅၁)

 ရှော​လ​မုန်​က  နန်း​တော်​တစ်​ဆောင်​ကို​လည်း တည်​ဆောက်​တယ်။ ၁၃ နှစ်​အကြာ​မှာ နန်း​တော်​ပြီး​စီး​သွား​တယ်။+ ၂  အလျား​အတောင် ၁၀၀၊ အနံ​အတောင် ၅၀၊ အမြင့်​အတောင် ၃၀ ရှိ​တဲ့ လက်​ဘ​နွန်​စံ​အိမ်​ကို​လည်း+ တည်​ဆောက်​တယ်။ စံ​အိမ်​ရဲ့ သစ်​က​တိုး​တိုင်​တွေ​ဟာ လေး​တန်း​ရှိ​တယ်။ အဲဒီ​တိုင်​တွေ​ပေါ်​မှာ သစ်​က​တိုး​ရက်​မတွေ+ ရှိ​တယ်။ ၃  ရက်​မတွေ​ပေါ်​က စံ​အိမ်​ကိုယ်​ထည်​ကို သစ်​က​တိုး​ပျဉ်​ချပ်​တွေ​နဲ့ ကာ​တယ်။ တိုင်​တွေ​က* တစ်​တန်း​မှာ ၁၅ တိုင်၊ စု​စု​ပေါင်း ၄၅ တိုင်​ရှိ​တယ်။ ၄  ဘောင်​ပါ​တဲ့ ပြတင်း​ပေါက်​တွေ​က သုံး​တန်း​ရှိ​တယ်။ ပြတင်း​ပေါက်​တွေ​ဟာ သုံး​တန်း​စ​လုံး​မှာ ဟို​ဘက်​ဒီ​ဘက် မျက်​နှာ​ချင်း​ဆိုင် ဖြစ်​နေ​တယ်။ ၅  မျက်​နှာ​ချင်း​ဆိုင်​ဖြစ်​နေ​တဲ့ ပြတင်း​ပေါက် မျက်​နှာ​စာ​မှာ​လို​ပဲ ဝင်​ပေါက်​နဲ့ တံခါး​တိုင် အားလုံး​မှာ​လည်း လေး​ထောင့်​ဘောင်​တွေ​ရှိ​တယ်။ ၆  ပြီး​တော့ အလျား​အတောင် ၅၀၊ အနံ​အတောင် ၃၀ ရှိ​တဲ့ ကျောက်​တိုင်​နန်း​ဆောင်​ကို တည်​ဆောက်​တယ်။ နန်း​ဆောင်​ရှေ့​မှာ ကျောက်​တိုင်​တွေ​နဲ့ မျက်​နှာ​ကြက်​ပါ​တဲ့ မုခ်​ဦး​ရှိ​တယ်။ ၇  အဲဒီ​နောက် အမှု​အခင်း​တွေ​ကို ကြား​နာ​ဖို့ ရာ​ဇ​ပလ္လင်​နန်း​ဆောင်​ကို+ တည်​ဆောက်​တယ်။ တရား​စီရင်​ရာ နန်း​ဆောင်​လို့​လည်း+ ခေါ်​တယ်။ ကြမ်း​ပြင်​က​နေ ထုပ်​တန်း​တွေ​အထိ သစ်​က​တိုး​သား​တွေ​နဲ့ ကာ​လိုက်​တယ်။ ၈  သူ​စံ​မြန်း​ဖို့ နန်း​တော်​ကို ရာ​ဇ​ပလ္လင်​နန်း​ဆောင်​ရဲ့ ခပ်​လှမ်း​လှမ်း​က အနောက်​ဘက်​ဝင်း​ထဲ​မှာ+ ဆောက်​တယ်။ ရာ​ဇ​ပလ္လင်​နန်း​ဆောင်​နဲ့ လက်​ရာ​ချင်း​တူ​တယ်။ ဖာ​ရော​သမီး​တော်​အတွက် မိ​ဖု​ရား​နန်း​ဆောင်​ကို​လည်း ရာ​ဇ​ပလ္လင်​နန်း​ဆောင်​နဲ့ တူ​အောင် တည်​ဆောက်​တယ်။+ ၉  အုတ်​မြစ်​က​နေ  တံ​စက်မြိတ်​အထိ၊ နန်း​ဆောင် အပြင်​ဘက်​က​နေ တံတိုင်း​ကြီး​အထိ+ နန်း​ဆောင်​အားလုံး​ကို တိုင်း​ထွာ​ပြီး ဆစ်​ထား​တဲ့ အဖိုး​တန်​ကျောက်​တုံး​တွေ၊+ ကျောက်​ဖြတ်​လွှ​နဲ့ ညှိ​ထား​တဲ့ ကျောက်​တုံး​တွေ​နဲ့ ဆောက်​တယ်။ ၁၀  အဖိုး​တန်​တဲ့ ဧရာ​မကျောက်​တုံး​တွေ​နဲ့ အုတ်​မြစ်​ချ​တယ်။ ကျောက်​တုံး​တ​ချို့​က ဆယ်​တောင်၊ တ​ချို့​ကျ​တော့ ရှစ်​တောင်​ရှိ​တယ်။ ၁၁  တိုင်း​ထွာ​ပြီး​ဆစ်​ထား​တဲ့ အဖိုး​တန်​ကျောက်​တွေ​ကို အဲဒီ​အုတ်​မြစ်​ကျောက်​တွေ​ပေါ် ထပ်​ဆင့်​ပြီး တည်​ဆောက်​တယ်။ သစ်​က​တိုး​သား​တွေ​ကို​လည်း သုံး​တယ်။ ၁၂  တံတိုင်း​ကြီး​ကို​တော့ ဆစ်​ထား​တဲ့​ကျောက်​တုံး သုံး​ဆင့်၊ သစ်​က​တိုး​သား​ရက်​မ တစ်​တန်း​ထည့်​ပြီး ဆောက်​တယ်။ ယေဟောဝါ​အိမ်​တော်​နဲ့ မုခ်​ဦး​ရှိ​ရာ+ အတွင်း​ရင်​ပြင်​ရဲ့ တံတိုင်း​နဲ့+ တူ​တယ်။ ၁၃  ရှော​လ​မုန်​မင်း​ကြီး​က လူ​လွှတ်​ပြီး တိုင်​ရာ​မြို့​က​နေ ဟိ​ရံ​ကို+ ခေါ်​လာ​ခိုင်း​တယ်။ ၁၄  သူ့​မိ​ခင်​က န​ဿလိ​အနွယ်​ဝင် မု​ဆိုး​မ၊ ဖခင်​က​တော့ တိုင်​ရာ​လူမျိုး  ပန်း​တဉ်း​ဆ​ရာ​ဖြစ်​တယ်။+ ဟိရံ​ဟာ  ကြေး​ထည်​အမျိုး​မျိုး  သွန်း​လုပ်​တဲ့  အတတ်​ပညာ​ကို+  ကျွမ်း​ကျင်​တယ်။  အတွေ့​အကြုံ​လည်း  အများ​ကြီး​ရှိ​တယ်။ ဒါ​ကြောင့် သူ​ရောက်​လာ​ပြီး ရှောလမုန်​မင်း​ကြီး ခိုင်း​သမျှ လုပ်​ပေး​တယ်။ ၁၅  သူ​က အမြင့် ၁၈ တောင်​စီ​ရှိ​တဲ့ ကြေး​နီ​တိုင်​နှစ်​တိုင်​ကို+ သွန်း​လုပ်​တယ်။ တိုင်​လုံး​ပတ်​ကို တိုင်း​ရင် ၁၂ တောင်​ရှိ​တယ်။+ ၁၆  တိုင်​ထိပ်​ပေါ်​မှာ​တင်​ဖို့ ထိပ်​ဖူး​နှစ်​ခု​ကို ကြေး​နီ​နဲ့​သွန်း​လုပ်​တယ်။ ထိပ်​ဖူး​နှစ်​ခု​စ​လုံး ငါး​တောင်​စီ မြင့်​တယ်။ ၁၇  အဲဒီ​ထိပ်​ဖူး​တွေ​မှာ ကျစ်​ကြိုး​တွေ​နဲ့ လုပ်​ထား​တဲ့ ကွန်​ရက်​တွေ​ကို တပ်​လိုက်​တယ်။+ ထိပ်​ဖူး​နှစ်​ခု​စ​လုံး​မှာ ကွန်​ရက်​ခု​နစ်​ခု​စီ ရှိ​တယ်။ ၁၈  အဲဒီ​ထိပ်​ဖူး​တွေ​ကို အလှ​ဆင်​ဖို့ ကွန်​ရက်​တစ်​ခု​စီ​ရဲ့ ပတ်​လည်​မှာ သလဲ​သီး​နှစ်​တန်း​ လုပ်​တယ်။ ထိပ်​ဖူး​နှစ်​ခု​စ​လုံး​ကို အဲဒီ​လို​ပဲ လုပ်​တယ်။ ၁၉  မုခ်​ဦး​နဲ့​ကပ်​လျက်​မှာ​ရှိ​တဲ့  တိုင်​တွေ​ရဲ့ ထိပ်​ဖူး​မှာ နှင်း​ပန်း​ပုံ​ရှိ​တဲ့​အပိုင်း​ဟာ လေး​တောင်​မြင့်​တယ်။ ၂၀  အဲဒီ​အပိုင်း​က တိုင်​နှစ်​တိုင်​ပေါ်​မှာ၊ ကွန်​ရက်​တပ်​ထား​တဲ့​အပိုင်း​ရဲ့ အပေါ်​နား​လေး​မှာ ရှိ​တယ်။ ထိပ်​ဖူး​တစ်​ခု​စီ​ရဲ့ ပတ်​လည်​မှာ သလဲ​သီး​အလုံး ၂၀၀ ကို အတန်း​လိုက် တပ်​တယ်။+ ၂၁  အဲဒီ​နောက် ဗိမာန်​တော်​ရဲ့ မုခ်​ဦး​တိုင်​တွေ​ကို+ သူ​စိုက်​ထူ​လိုက်​တယ်။ ညာ​ဘက်​တိုင်​ကို ယာ​ခိန်၊* ဘယ်​ဘက်​တိုင်​ကို ဗော​ဇ* ဆို​ပြီး နာ​မည်​ပေး​တယ်။+ ၂၂  တိုင်​ထိပ်​တွေ​ဟာ နှင်း​ပန်း​နဲ့​တူ​တယ်။ ဒီ​လို​နဲ့ တိုင်​တွေ​ကို လုပ်​ပြီး​သွား​တယ်။ ၂၃  ပြီး​တော့ အမြင့် ၅ တောင်​ရှိ​တဲ့ ကြေး​နီ​ရေ​ကန်​ကို+ သူ​သွန်း​လုပ်​တယ်။ ရေ​ကန်​အဝ​ဟာ စက်​ဝိုင်း​ပုံ​ရှိ​ပြီး အချင်း ၁၀ တောင်​ရှိ​တယ်။ ရေ​ကန်​အဝ​ပတ်​လည်​ကို တိုင်း​ရင် အတောင် ၃၀ ရှိ​တယ်။+ ၂၄  ရေ​ကန်​အဝ​ရဲ့​အောက်​ဘက် ရေ​ကန်​ပတ်​လည်​ကို ဘူး​သီး​ပုံ​တွေ​နဲ့+ အလှ​ဆင်​တယ်။ တစ်​တောင်​မှာ ဘူး​သီး​ပုံ​ဆယ်​ခု ရှိ​တယ်။ ဘူး​သီး​ပုံ​အတန်း နှစ်​တန်း​ရှိ​ပြီး ရေ​ကန်​နဲ့​တစ်​စပ်​တည်း သွန်း​လုပ်​တယ်။ ၂၅  ရေ​ကန်​ကို နွား​ရုပ် ၁၂ ကောင်​အပေါ်+ တင်​တယ်။ နွား​တွေ​က အရှေ့​ဘက်​ကို သုံး​ကောင်၊ အနောက်​ဘက်​ကို သုံး​ကောင်၊ တောင်​ဘက်​ကို သုံး​ကောင်၊ မြောက်​ဘက်​ကို သုံး​ကောင် မျက်​နှာ​မူ​ပြီး ရေ​ကန်​ကို ထမ်း​ထား​တယ်။ နွား​ရုပ်​တွေ​က အရပ်​လေး​မျက်​နှာ​ကို မျက်​နှာ​မူ​ထား​တယ်။ ၂၆  ရေ​ကန်​ရဲ့​အထူ​ဟာ လက်​လေး​သစ်* ရှိ​တယ်။ ရေ​ကန်​အဝ​ဟာ ဖလား​နှုတ်​ခမ်း​ဝ​လို၊ နှင်း​ပန်း​လို ဖြစ်​နေ​တယ်။ ရေ​ကန်​ထဲ​မှာ ရေ​ဗတ်* ၂,၀၀၀ ဆံ့​တယ်။ ၂၇  အဲဒီ​နောက် ကြေး​နီ​တွန်း​လှည်း​ဆယ်​ခု​ကို+ သူ​လုပ်​တယ်။ တွန်း​လှည်း​တစ်​ခု​စီ​က အလျား​လေး​တောင်၊ အနံ​လေး​တောင်၊ အမြင့်​သုံး​တောင်​ရှိ​တယ်။ ၂၈  တွန်း​လှည်း​ပုံ​စံ​က​တော့ ပတ်​လည်​မှာ ကြေး​နီ​ချပ်​တွေ ကပ်​ထား​တယ်။ အဲဒီ​ကြေး​နီ​ချပ်​တွေ​ကို ဘောင်​ကွပ်​ထား​တယ်။ ၂၉  ဘောင်​ကွပ်​ထား​တဲ့ ကြေး​နီ​ချပ်​တွေ​မှာ​ရော ဘောင်​တွေ​မှာ​ပါ ခြင်္သေ့​ရုပ်၊+ နွား​ရုပ်၊ ခေရုဗိမ်​ရုပ်​တွေ+ ရှိ​တယ်။ ခြင်္သေ့​ရုပ်၊ နွား​ရုပ်​တွေ​ရဲ့ အထက်​နဲ့​အောက်​မှာ က​နုတ်​ပန်း​ပုံ ဖော်​ထား​တယ်။ ၃၀  တွန်း​လှည်း​တစ်​ခု​စီ​မှာ ကြေး​နီ​ဘီး​လေး​ဘီး​နဲ့ ကြေး​နီ​ဝင်​ရိုး​တွေ​ရှိ​တယ်။ ဝင်​ရိုး​တွေ​ပေါ်​မှာ ထောင့်​တိုင်​လေး​တိုင်​ရှိ​တယ်။ ထောင့်​တိုင်​လေး​တိုင်​ပေါ်​မှာ အင်​တုံ​ကို တင်​ထား​တယ်။ ထောင့်​တိုင်​တွေ​ကို​လည်း က​နုတ်​ပန်း​တွေ​နဲ့  သွန်း​လုပ်​ထား​တယ်။ ၃၁  အင်​တုံ​ဝ​ကို အနား​ကွပ်​ထဲ ထည့်​ထား​တယ်။ အင်​တုံ​က အောက်​ခြေ​က​နေ   အနား​ကွပ်​အထိ  တစ်​တောင်​ရှိ​တယ်။   အနား​ကွပ်​က  လုံး​ဝိုင်း​တယ်။ အင်​တုံ​အောက်​ခံ​က အနား​ကွပ်​နဲ့ ထောင့်​တိုင်​အပါ​အဝင် တစ်​တောင်​ခွဲ​မြင့်​တယ်။ အနား​ကွပ်​ပေါ်​မှာ ပုံ​တွေ​ထွင်း​ထု​ထား​တယ်။ အနား​ကွပ်​ရဲ့​အကာ​တွေ​က အဝိုင်း​မဟုတ်​ဘဲ စ​တု​ရန်း​ပုံ​ဖြစ်​တယ်။ ၃၂  ဘီး​လေး​ဘီး​က ကြေး​နီ​ချပ်​တွေ​ရဲ့​အောက်​မှာ ရှိ​တယ်။ ဘီး​တွေ​ရဲ့​ဝင်​ရိုး​တုံး​တွေ​ကို တွန်း​လှည်း​နဲ့ ဆက်​ထား​တယ်။ ဘီး​တစ်​ဘီး​စီ​က တစ်​တောင်​ခွဲ မြင့်​တယ်။ ၃၃  ဘီး​တွေ​က မြင်း​ရထား​ဘီး​နဲ့ တူ​တယ်။ ဝင်​ရိုး​တုံး​တိုင်၊ ဘီး​ခွေ၊ စ​ပုတ်​တိုင်၊ ပုံ​တောင်း​တွေ​ကို ကြေး​နီ​နဲ့ သွန်း​လုပ်​တယ်။ ၃၄  တွန်း​လှည်း​ရဲ့ ထောင့်​လေး​ထောင့်​မှာ ထောက်​တိုင်​လေး​တိုင် ရှိ​တယ်။ ထောက်​တိုင်​တွေ​ကို တွန်း​လှည်း​နဲ့ တစ်​စပ်​တည်း သွန်း​လုပ်​တယ်။ ၃၅  တွန်း​လှည်း​ထိပ်​မှာ​ရှိ​တဲ့ အနား​ကွပ်​က တစ်​ထွာ​မြင့်​ပြီး စက်​ဝိုင်း​ပုံ​ရှိ​တယ်။ တွန်း​လှည်း​ထိပ်​မှာ​ရှိ​တဲ့ ကြေး​နီ​ချပ်​တွေ၊ ဘောင်​တွေ​ကို​လည်း တစ်​စပ်​တည်း သွန်း​လုပ်​တယ်။ ၃၆  ဘောင်​တွေ၊ ကြေး​နီ​ချပ်​တွေ​ပေါ်​မှာ ခေရုဗိမ်​ရုပ်၊ ခြင်္သေ့​ရုပ်​နဲ့ စွန်​ပလွံ​ပင်​ပုံ​တွေ​ကို နေ​ရာ​ဆံ့​သလောက် ထွင်း​ထား​တယ်။ ပတ်​လည်​မှာ က​နုတ်​ပန်း​တွေ ထွင်း​ထား​တယ်။+ ၃၇  တွန်း​လှည်း​ဆယ်​ခု​စလုံး​ကို+ အဲဒီ​အတိုင်း တစ်​ပုံ​စံ​တည်း+ သွန်း​လုပ်​တဲ့​အတွက် အရွယ်​အစား​ရော ပုံ​စံ​ပါ တူ​တယ်။ ၃၈  ကြေး​နီ​အင်​တုံ ဆယ်​ခု​ကို​လည်း လုပ်​တယ်။+ အင်​တုံ​တစ်​ခု​စီ​မှာ ရေ​ဗတ်  ၄၀ ဆံ့​တယ်။ အင်​တုံ​တစ်​ခု​စီ​က အချင်း​လေး​တောင်​ရှိ​တယ်။ တွန်း​လှည်း​ဆယ်​ခု​ရှိ​ပြီး တစ်​ခု​စီ​အပေါ်​မှာ အင်​တုံ​တစ်​လုံး​စီ တင်​ထား​တယ်။ ၃၉  ပြီး​တော့ အိမ်​တော်​ရဲ့  ညာ​ဘက်​မှာ တွန်း​လှည်း​ငါး​ခု၊ ဘယ်​ဘက်​မှာ တွန်း​လှည်း​ငါး​ခု ထား​လိုက်​တယ်။ အိမ်​တော်​ရဲ့​ညာ​ဘက်၊ အရှေ့​တောင်​ထောင့်​မှာ ရေ​ကန်​ကို ထား​လိုက်​တယ်။+ ၄၀  ဟိ​ရံ​က+ အင်​တုံ​တွေ၊ ဂေါ်​ပြား​တွေ၊+ ဇ​လုံ​တွေ​ကို​လည်း+ လုပ်​တယ်။ ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက် ရှော​လ​မုန်​မင်း​ကြီး စေ​ခိုင်း​တဲ့​အလုပ်​အားလုံး​ကို လုပ်​ပြီး​သွား​တယ်။+ ၄၁  တိုင်​နှစ်​တိုင်၊+ တိုင်​နှစ်​တိုင်​ထိပ်​ပေါ်​က အိုး​ပုံ​စံ​ထိပ်​ဖူး​နှစ်​ခု၊ ထိပ်​ဖူး​နှစ်​ခု​ကို အလှ​ဆင်​ဖို့ ကွန်​ရက်​နှစ်​ခု၊+ ၄၂  ကွန်​ရက်​နှစ်​ခု​အတွက် သလဲ​သီး+ ၄၀၀၊ တိုင်​နှစ်​တိုင်​ပေါ်​က အိုး​ပုံ​စံ​ထိပ်​ဖူး​နှစ်​ခု​ကို အလှ​ဆင်​ဖို့ ကွန်​ရက်​တစ်​ခု​စီ​အတွက် သလဲ​သီး​နှစ်​တန်း၊ ၄၃  တွန်း​လှည်း​ဆယ်​ခု၊+ တွန်း​လှည်း​တွေ​ပေါ်​က အင်​တုံ​ဆယ်​ခု၊+ ၄၄  ရေ​ကန်၊+ ရေ​ကန်​တင်​ဖို့ နွား​ရုပ် ၁၂ ကောင်၊ ၄၅  ပြာ​ခွက်၊ ဂေါ်​ပြား၊ ဇ​လုံ​နဲ့ အသုံး​အဆောင်​အားလုံး​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက်၊ ရှော​လ​မုန်​မင်း​ကြီး​အတွက် ပြောင်​လက်​တဲ့​ကြေး​နီ​နဲ့ လုပ်​ထား​တယ်။ ၄၆  မင်း​ကြီး​က သု​ကုတ်​နဲ့ ဇာ​ရ​တန်​အရပ်​ကြား ဂျော်​ဒန်​မြစ်​ဝှမ်း​ဒေ​သမှာ အဲဒီ​ပစ္စည်းတွေ​ကို ရွှံ့​စေး​ပုံ​စံ​ခွက်​တွေ​နဲ့ သွန်း​လုပ်​တယ်။ ၄၇  ရှော​လ​မုန်​ဟာ​ အ​သုံး​ အ​ဆောင်​ပစ္စည်း များ​လွန်း​လို့ ချိန်​တွယ်​မနေ​တော့​ဘူး။  ဒါ​ကြောင့်  ကြေး​နီ​ပမာ​ဏ ဘယ်​လောက်​ကုန်​မှန်း​တောင် မသိ​ဘူး။+ ၄၈  ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက်  ရှော​လ​မုန်​လုပ်​တဲ့ အသုံး​အဆောင်​တွေ​က​တော့  ရွှေ​ပလ္လင်၊+ ရှေ့​တော်​မုန့်​တင်​ဖို့ ရွှေ​စား​ပွဲ၊+ ၄၉  အတွင်း​ခန်း​ရဲ့​အရှေ့ ညာ​ဘက်​မှာ​ထား​ဖို့ ရွှေ​စင်​ဆီ​မီး​တိုင်+ ငါး​တိုင်၊ ဘယ်​ဘက်​မှာ​ထား​ဖို့ ရွှေ​စင်​ဆီ​မီး​တိုင်​ငါး​တိုင်၊ ရွှေ​ပန်း​ပွင့်၊+ ရွှေ​မီး​ခွက်၊ ရွှေ​မီး​ညှပ်၊+ ၅၀  ရွှေ​စင်​နဲ့​လုပ်​ထား​တဲ့ အင်​တုံ၊ မီး​ငြိမ်း​ကိ​ရိ​ယာ၊+ ဇ​လုံ၊ ခွက်​နဲ့+ မီး​ခဲ​အိုး​တွေ+ ဖြစ်​တယ်။ အတွင်း​ခန်း​ဖြစ်​တဲ့+ အသန့်​ရှင်း​ဆုံး​အခန်း​ရဲ့ တံခါး​တွေ​နဲ့ ဗိမာန်​တော်​တံခါး​တွေ​အတွက်+ ဆုံ​လည်​တွေ​ကို​လည်း ရွှေ​နဲ့​လုပ်​တယ်။ ၅၁  ဒီ​လို​နဲ့ ရှော​လ​မုန်​မင်း​ကြီး​ဟာ ယေဟောဝါ​ရဲ့​အိမ်​တော်​အတွက် သူ​လုပ်​ရ​မယ့်​အလုပ် အားလုံး​ကို လက်​စ​သတ်​လိုက်​တယ်။ ပြီး​တော့ ခမည်း​တော်​ဒါဝိဒ် ဆက်​ကပ်​ထား​တဲ့* ပစ္စည်းတွေ​ကို+ ယူ​လာ​တယ်။ ရွှေ​ငွေ၊ အသုံး​အဆောင်​ပစ္စည်းတွေ​ကို ယေဟောဝါ​ရဲ့​အိမ်​တော် ဘဏ္ဍာ​တိုက်​မှာ ထည့်​ထား​လိုက်​တယ်။+

အောက်ခြေမှတ်ချက်များ

“အခန်း​တွေ​က” ဖြစ်​နိုင်​သလို “ရက်​မတွေ​က” လည်း​ဖြစ်​နိုင်။
အဓိပ္ပာယ်၊ “[ယေဟောဝါ] အခိုင်​အမာ​တည်​စေ​သား။”
“အစွမ်း​ခွန်​အား​နဲ့” လို့ ဆိုလို​နိုင်။
၂.၉ လက်​မနီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဗတ်​က ၂၂ လီ​တာ (၅.၈၁ ဂါ​လံ) နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
မူ​ရင်း၊ “သန့်​ရှင်း​မြင့်မြတ်​စေ​တဲ့။”