၁ ဘုရင်များ ၁၁:၁-၄၃

  • မိ​ဖု​ရားတွေ​က ရှော​လ​မုန် စိတ်​ယိုင်​အောင်​လုပ် (၁-၁၃)

  • ရှော​လ​မုန်​ကို ပုန်​ကန်​သူ​တွေ (၁၄-၂၅)

  • ဆယ်​နွယ်​ကို ယေ​ရော​ဗောင် ကတိ​ပေး (၂၆-၄၀)

  • ရှော​လ​မုန်​သေဆုံး၊ ရော​ဗောင် ထီး​နန်း​ဆက်​ခံ (၄၁-၄၃)

၁၁  ရှော​လ​မုန်​မင်း​ကြီး​ဟာ ဖာရော​မ​င်း​ရဲ့  သမီး​တော်​အပြင်+ မောဘ၊+ အမ္မုန်၊+ ဧ​ဒုံ၊ ဆိုင်​ဒုန်၊+ ဟိ​တ္တိ+ အမျိုး​သမီး​တွေ​ဖြစ်​တဲ့ တိုင်း​တစ်ပါး​သူ+ အများ​ကြီး​ကို​လည်း ချစ်​ကြိုက်​တယ်။ ၂  အဲဒီ​လူမျိုး​တွေ​နဲ့ ပတ်​သက်​လို့ ယေဟောဝါ​က “သူတို့​နဲ့ ထိမ်း​မြား​ပေး​စား​တာ မလုပ်​နဲ့။ သူတို့​ရဲ့​ဘုရားတွေ​ကို ဝတ်​ပြု​ဖို့ မင်း​တို့​စိတ်​ယိုင်​သွား​အောင် လုပ်​ကြ​လိမ့်​မယ်”+ လို့ အစ္စရေး​တွေ​ကို ပြော​ခဲ့​တယ်။ ဒါ​ပေမဲ့ အဲဒီ​အမျိုး​သမီး​တွေ​ကို​မှ ရှော​လ​မုန် စွဲ​စွဲ​လမ်း​လမ်း ချစ်​နေ​တယ်။ ၃  သူ့​မှာ မင်း​သမီး​တွေ​ဖြစ်​တဲ့ မိ​ဖု​ရား ၇၀၀၊ မောင်း​မ ၃၀၀ ရှိ​တယ်။ မိ​ဖု​ရားတွေ​က သူ့​ကို တ​ဖြည်း​ဖြည်း​ချင်း စိတ်​ယိုင်​သွား​အောင် လုပ်​ကြ​တယ်။ ၄  ရှော​လ​မုန် အသက်​ကြီး​လာ​တဲ့​အခါ+ မိ​ဖု​ရားတွေ​က တ​ခြား​ဘုရားတွေ​ကို ဝတ်​ပြု​ဖို့ စိတ်​ယိုင်​သွား​အောင် လုပ်​ကြ​တယ်။+ ဒါ​ကြောင့် ရှော​လ​မုန်​က ယေဟောဝါ​ဘုရား​ကို ခမည်း​တော်​ဒါဝိဒ်​လို စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​မပြု​တော့​ဘူး။ ၅  ဆိုင်​ဒုန်​လူမျိုး​ရဲ့​ဘုရား​မ အာ​ရှ​တ​ရက်၊+ အမ္မုန်​လူ​မျိုး​ရဲ့ ရွံ​ရှာ​ဖွယ်​ဘုရား မိ​လ​ကုံ​ကို+ ဝတ်​ပြု​လာ​တယ်။ ၆  ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ​ကို လုပ်​တယ်။ ခမည်း​တော်​ဒါဝိဒ်​လို ယေဟောဝါ​နောက် အကြွင်း​မဲ့​မလိုက်​တော့​ဘူး။+ ၇  နောက်​တော့  ရှော​လ​မုန်​ဟာ မောဘ​လူမျိုး​ရဲ့ ရွံ​ရှာ​ဖွယ်​ဘုရား ခေ​မု​ရှ၊ အမ္မုန်​လူမျိုး​ရဲ့ ရွံ​ရှာ​ဖွယ်​ဘုရား မော​လုတ်​အတွက်+ ဂျေရု​ဆ​လင်​မြို့​ရှေ့​က တောင်​ပေါ်​မှာ အထွတ်​အမြတ်​နေ​ရာ​ကို+ တည်​ဆောက်​တယ်။+ ၈  တိုင်း​တစ်ပါး​သူ မိ​ဖု​ရား​အားလုံး​အတွက် အဲဒီ​လို​ဆောက်​ပေး​တယ်။ သူတို့​က အဲဒီ​ဘုရားတွေ​ဆီ ယဇ်​တွေ​ဆက်​သပြီး မီး​ရှို့​ပူ​ဇော်​ကြ​တယ်။* ၉  ရှော​လ​မုန်​က အိပ်​မက်​မှာ နှစ်​ကြိမ်​ရောက်​လာ​တဲ့​အရှင်+ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ဆီ​က​နေ စိတ်​ယိုင်​သွား​တဲ့​အတွက် သူ့​ကို ယေဟောဝါ  အကြီး​အကျယ်  အမျက်​ထွက်​တယ်။+ ၁၀  တ​ခြား​ဘုရားတွေ​နောက် မလိုက်​ဖို့ ယေဟောဝါ သတိ​ပေးခဲ့​ပေမဲ့+ သူ မနာ​ခံ​ဘူး။ ၁၁  ဒါ​ကြောင့် ယေဟောဝါ​က ရှော​လ​မုန်​ကို “မင်း​ဒီ​လို​လုပ်​တဲ့​အတွက်၊ ငါ့​ပဋိ​ညာဉ်​ကို မစောင့်​ထိန်း၊  ငါ​မှာ​ထား​တဲ့  ဥ​ပဒေ​တွေ​အတိုင်း မလိုက်​နာ​တဲ့​အတွက် ဒီ​နိုင်​ငံ​ကို မင်း​ဆီ​က​နေ ကျိန်း​သေ ရုပ်​သိမ်း​ပြီး မင်း​ရဲ့​အမှု​ထမ်း​တစ်​ယောက်​ကို ပေး​မယ်။+ ၁၂  ဒါ​ပေမဲ့ မင်း​ရဲ့​ခမည်း​တော် ဒါဝိဒ်​ကို​ထောက်​ပြီး မင်း​လက်​ထက်​မှာ အဲဒီ​လို မလုပ်​သေး​ဘူး။ မင်း​ရဲ့​သား​လက်​ထက်​မှာ နိုင်​ငံ​ကို ငါ​ရုပ်​သိမ်း​မယ်။+ ၁၃  တစ်​နိုင်​ငံ​လုံး​ကို​တော့ မရုပ်​သိမ်း​ဘူး။+ ငါ့​ကျွန်​ဒါဝိဒ်​ကို ထောက်​ပြီး၊ ငါ​ရွေး​ချယ်​ထား​တဲ့+ ဂျေရု​ဆ​လင်​မြို့​ကို ထောက်​ပြီး မင်း​ရဲ့​သား​ကို အနွယ်​တစ်​နွယ် ပေး​မယ်”+ လို့​ပြော​တယ်။ ၁၄  အဲဒီ​နောက်  ယေဟောဝါ​က ရှော​လ​မုန်​ကို ပုန်​ကန်​သူ​တစ်​ယောက် ပေါ်​လာ​စေ​တယ်။+ သူ​ဟာ ဧ​ဒုံ​မင်း​မျိုး​မင်း​နွယ် ဟာ​ဒ​ဒ်​ဖြစ်​တယ်။+ ၁၅  ဧ​ဒုံ​ပြည်​ကို ဒါဝိဒ်​အနိုင်​ရ​တော့+ ဗိုလ်​ချုပ်​ယွာဘ​က ကျ​ဆုံး​သူ​တွေ​ကို သင်္ဂြိုဟ်​တယ်။ အဲဒီ​တုန်း​က ဧ​ဒုံ​အမျိုး​သား​အားလုံး​ကို ကွပ်​မျက်​ဖို့ သူ​ကြိုး​စား​ခဲ့​တယ်။ ၁၆  (ယွာဘ​နဲ့ အစ္စရေး​တွေ​ဟာ ဧ​ဒုံ​အမျိုး​သား အားလုံး​ကို ကွပ်​မျက်​ပြီး​တဲ့​အထိ ဧ​ဒုံ​ပြည်​မှာ ခြောက်​လ​ကြာ နေ​ထိုင်​ခဲ့​တယ်။) ၁၇  ဟာ​ဒဒ်​က​တော့ ဖခင်​ရဲ့ အမှု​ထမ်း​တွေ​ဖြစ်​တဲ့ ဧ​ဒုံ​အမျိုး​သား တ​ချို့​နဲ့​အတူ အီဂျစ်​ပြည်​ကို ထွက်​ပြေး​သွား​တယ်။ အဲဒီ​တုန်း​က သူ​ဟာ က​လေး​အရွယ်​ပဲ ရှိ​သေး​တယ်။ ၁၈  သူတို့​က မိ​ဒျန်​ပြည်​က​နေ ထွက်​ပြီး ပါ​ရန်​အရပ်​ကို+ ရောက်​လာ​တဲ့​အခါ အဲဒီ​က လူ​တ​ချို့​ကို ခေါ်​ပြီး အီဂျစ်​ပြည်၊ အီဂျစ်​ဘုရင် ဖာ​ရော​ဆီ ရောက်​လာ​တယ်။ ဖာ​ရောမ​င်း​က ဟာ​ဒ​ဒ်​ကို အိမ်​နဲ့ မြေကို​ရော စား​စ​ရာတွေ​ကို​ပါ ထောက်ပံ့​ပေး​တယ်။ ၁၉  ကြင်​ရာ​တော် မိ​ဖု​ရား​တာ​ပနက်​ရဲ့ ညီ​မနဲ့​ပေး​စား​တဲ့​အထိ ဟာ​ဒ​ဒ်​ကို  မျက်​နှာ​သာ​ပေး​တယ်။ ၂၀  နောက်​ပိုင်း​မှာ တာ​ပနက်​ရဲ့​ညီ​မက သား​ဂေနု​ဗတ်​ကို မွေး​တယ်။ တာ​ပနက်​လည်း ဂေနု​ဗတ်​ကို ဖာ​ရော​ရဲ့​နန်း​တော်​ဆီ ခေါ်​ပြီး ကျွေး​မွေး​စောင့်​ရှောက်​တဲ့​အတွက် ဂေနု​ဗတ်​ဟာ ဘု​ရင့်​သား​တော်တွေ​နဲ့​အတူ ကြီး​ပြင်း​လာ​တယ်။ ၂၁  ဒါဝိဒ် ကွယ်​လွန်​သွား​ပြီ၊+ ဗိုလ်​ချုပ်​ယွာဘ​လည်း သေဆုံး​သွား​ပြီဆို​တဲ့ သတင်း​ကို+ အီဂျစ်​ပြည်​မှာ​ရှိ​တဲ့ ဟာ​ဒ​ဒ်​ကြား​တဲ့​အခါ “နေ​ရင်း​ပြည်​ဆီ ပြန်​ခွင့်​ပြု​ပါ” ဆို​ပြီး ဖာ​ရော​ကို ခွင့်​တောင်း​တယ်။ ၂၂  ဒါ​ပေမဲ့ ဖာ​ရော​က  “ဒီ​မှာ  ဘာ​များ​လို​အပ်​နေ​လို့ ကိုယ့်​နေ​ရင်း​ပြည်​ဆီ ပြန်​ချင်​ရ​တာ​လဲ” ဆို​ပြီး​မေး​တော့ ဟာ​ဒ​ဒ်​က “လို​အပ်​တာ ဘာ​မှ​မရှိ​ပါ​ဘူး။ ဒါ​ပေမဲ့ ကျွန်​တော့်​ကို ပြန်​ခွင့်​ပြု​ပါ” လို့​ပြန်​ဖြေတယ်။ ၂၃  ဘုရား​သခင်​က ဧ​လျာ​ဒ​ရဲ့​သား ရေ​ဇုန်​ကို​လည်း ရှော​လ​မုန်​ကို ပုန်​ကန်​စေ​တယ်။+  ရေ​ဇုန်​ဟာ  သူ့​သခင် ဇော​ဘ​မင်း​ကြီး ဟာ​ဒ​ဒေ​ဇာ​ဆီ​က​နေ+ ထွက်​ပြေး​သွား​သူ​ပဲ။ ၂၄  ဇော​ဘ​လူ​တွေ​ကို ဒါဝိဒ်​နှိမ်​နင်း​ချိန်​မှာ+ ရေ​ဇုန်​က လူ​တွေ​ကို​စု​ဆောင်း၊ ဓား​ပြအုပ်​စု​ဖွဲ့​ပြီး ခေါင်း​ဆောင်​လုပ်​တယ်။ သူ့​လူ​တွေ​နဲ့​အတူ ဒ​မတ်​စ​ကတ်​မြို့​ကို ထွက်​သွား​ပြီး+ အဲဒီ​မှာ အခြေ​ချ၊ အုပ်​ချုပ်​တယ်။ ၂၅  ရေ​ဇုန်​က ဆီး​ရီး​ယား​ပြည်​ကို အုပ်​ချုပ်​ချိန်​တစ်​လျှောက်​လုံး အစ္စရေး​တွေ​ကို ရွံ​မုန်း​တယ်။ ဒါ​ကြောင့် ရှော​လ​မုန်​လက်​ထက်​မှာ အစ္စရေး​တွေ​ကို ရန်​မူ​ပြီး ဟာ​ဒ​ဒ်​လို​ပဲ အစ္စရေး​တွေ ဒုက္ခ​ရောက်​အောင် လုပ်​တယ်။ ၂၆  ရှော​လ​မုန်​ကို   ပုန်​ကန်​သူ နောက်​တစ်​ယောက်​က​တော့+ ဇေ​ရ​ဒ​မြို့​မှာ​နေ​တဲ့ နေ​ဗတ်​ရဲ့​သား၊ ဧ​ဖရိမ်​အမျိုး​သား ယေ​ရော​ဗောင်+ ဖြစ်​တယ်။ သူ​ဟာ ရှော​လ​မုန်​ရဲ့​မင်း​မှု​ထမ်း​ပဲ။+ သူ့​မိ​ခင်​က မု​ဆိုး​မ၊ ဇေ​ရု​အာ​လို့​ခေါ်​တယ်။ ၂၇  သူပုန်​ကန်​ဖို့ အကြောင်း​ဖန်​လာ​ပုံ​က​တော့– ရှော​လ​မုန်​က တောင်​ကုန်း​ကို* တည်​ဆောက်​တယ်။+ ဒါဝိဒ်​မြို့​ရဲ့+ မြို့​ရိုး​ကို​လည်း  ဆက်​ဆောက်​တယ်။ ၂၈  အဲဒီ​တုန်း​က ယေ​ရော​ဗောင်​ဟာ လုပ်​ရည်​ကိုင်​ရည်​ရှိ​တဲ့​လူ​ငယ်​တစ်​ယောက်​ဖြစ်​တယ်။ လုံ့​လ​ဝီရိယ​ရှိ​သူ​ဖြစ်​မှန်း ရှော​လ​မုန်​မြင်​တဲ့​အခါ သူ့​ကို ယော​သပ်​အမျိုး​ထဲ​က ချွေး​တပ်​သား​တွေ​ကို ကြီး​ကြပ်​ခိုင်း​လိုက်​တယ်။+ ၂၉  တစ်​နေ့၊ ယေ​ရော​ဗောင်​က ဂျေရု​ဆ​လင်​မြို့​ပြင်​ကို ထွက်​လာ​တဲ့​အခါ ဝတ်​လုံ​အသစ် ဝတ်​ထား​တဲ့ ရှိ​လော​မြို့​သား ပရော​ဖက်​အဟိ​ယ​နဲ့+ လမ်း​မှာ ဆုံ​တယ်။ မြို့​ပြင်​မှာ နှစ်​ယောက်​တည်း​ရှိ​နေ​တုန်း၊ ၃၀  အဟိ​ယ​က သူ့​ဝတ်​လုံ​အသစ်​ကို ချွတ်၊ ၁၂ ပိုင်း ဆုတ်​ဖြဲပြီး၊ ၃၁  ယေ​ရော​ဗောင်​ကို ပြော​တယ်– “ဆယ်​ပိုင်း​ကို မင်း​ယူ​ထား​ပါ။ အစ္စ​ရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ပြော​တာ​က– ‘ဒီ​နိုင်​ငံ​ကို ရှော​လ​မုန်​လက်​ထဲ​က​နေ ရုပ်​သိမ်း​ပြီး မင်း​ကို ဆယ်​နွယ်​ပေး​မယ်။+ ၃၂  ဒါ​ပေမဲ့ ငါ့​ကျွန်​ဒါဝိဒ်​ကို ထောက်​ပြီး၊+ အစ္စရေး​အနွယ် အားလုံး​ထဲ​က​နေ ငါ​ရွေးချယ်​ထား​တဲ့  ဂျေရု​ဆ​လင်​မြို့​ကို​ထောက်​ပြီး+ အနွယ်​တစ်​နွယ်​ကို​တော့ ရှော​လ​မုန်​အတွက်+ ချန်​ထား​ပေး​မယ်။ ၃၃  သူတို့​က ငါ့​ကို​စွန့်​ပယ်​ပြီး+ ဆိုင်​ဒုန်​လူမျိုး​ရဲ့ ဘုရား​မ အာ​ရှ​တ​ရက်၊ မောဘ​ဘုရား ခေ​မု​ရှ၊ အမ္မုန်​လူမျိုး​ရဲ့​ဘုရား မိလ​ကုံ​ကို ဦး​ချ​ရှိ​ခိုး​နေ​ကြ​တယ်။ ရှော​လ​မုန်​ရဲ့​ဖခင် ဒါဝိဒ်​က ငါ့​အမြင်​မှာ မှန်​ရာ​ကို​လုပ်​ပြီး ငါ့​ဥ​ပဒေ​တွေ၊ တရား​စီရင်​ချက်​တွေ​ကို လိုက်​နာ​ခဲ့​ပေမဲ့ သူတို့​က​တော့ ငါ့​လမ်း​စဉ်တွေ​အတိုင်း မလိုက်​လျှောက်​ဘူး။ ဒါ​ကြောင့်  နိုင်​ငံ​ကို  ငါ​ရုပ်​သိမ်း​မယ်။ ၃၄  ဒါ​ပေမဲ့ ရှော​လ​မုန် လက်​ထဲ​က​နေ တစ်​နိုင်​ငံ​လုံး​ကို​တော့ မရုပ်​သိမ်း​ဘူး။ ငါ့​ပညတ်​ချက်​တွေ၊ ဥပ​ဒေ​တွေ​ကို နာ​ခံ​ခဲ့​တဲ့၊ ငါ​ရွေး​ချယ်​ထား​တဲ့ ငါ့​ကျွန်​ဒါဝိဒ်​ကို ထောက်​ပြီး+ သူ့​ကို တစ်​သက်​လုံး ခေါင်း​ဆောင်​အဖြစ်  ဆက်​ထား​မယ်။ ၃၅  သူ့​သား​လက်​ထက်​ကျ​မှ အာ​ဏာ​ရုပ်​သိမ်း​ပြီး မင်း​ကို ဆယ်​နွယ်​ပေး​မယ်။+ ၃၆  သူ့​သား​အ​တွက် အနွယ်​တစ်​နွယ် ချန်​ပေး​မယ်။ နာ​မတော်​တည်​စေ​ဖို့ ငါ​ရွေး​ချယ်​ထား​တဲ့ ဂျေရု​ဆ​လင်​မြို့​မှာ၊ ငါ့​ကျွန်​ဒါဝိဒ်​ရဲ့ မီး​ခွက်​ဟာ အမြဲ ထွန်း​လင်း​နေ​လိမ့်​မယ်။+ ၃၇  မင်း​ကို ငါ​ရွေး​ချယ်​လိုက်​ပြီ။ မင်း​ဟာ အစ္စရေး​ဘုရင်​ဖြစ်​လာ​ပြီး အလို​ရှိ​တဲ့​အတိုင်း အုပ်​ချုပ်​ရ​လိမ့်​မယ်။ ၃၈  မင်း​သာ  ငါ့​ကျွန်​ဒါဝိဒ်​လို+ ငါ့​ဥ​ပဒေ​တွေ၊ ပညတ်​ချက်​တွေ​ကို နာ​ခံ​မယ်၊ ငါ​မိန့်မှာ​သမျှ​ကို နာ​ခံ​မယ်၊ ငါ့​လမ်း​စဉ်တွေ​အတိုင်း လိုက်​လျှောက်​မယ်၊ ငါ့​အမြင်​မှာ မှန်​ရာ​ကို​လုပ်​မယ်​ဆို​ရင် မင်း​နဲ့​အတူ ငါ​ရှိ​မယ်။ ဒါဝိဒ်​ရဲ့​မင်း​ဆက်​လို​ပဲ မင်း​ရဲ့​မင်း​ဆက်​ကို​လည်း ငါ​တည်​မြဲစေ​မယ်။+ မင်း​ကို အစ္စရေး​နိုင်ငံ​ အုပ်​စိုး​ခွင့် ပေး​မယ်။ ၃၉  ရှော​လ​မုန်​ရဲ့ မ​ကောင်း​တဲ့​လုပ်​ရပ်​ကြောင့်+ ဒါဝိဒ်​ရဲ့​သား​မြေး​တွေ​ကို ငါ​အရှက်​ကွဲ​စေ​မယ်။ အမြဲတမ်း​တော့ မဟုတ်​ဘူး။’”+ ၄၀  ရှော​လ​မုန်​က ယေ​ရော​ဗောင်​ကို သတ်​ဖို့ ကြိုး​စား​တဲ့​အတွက် ယေ​ရော​ဗောင်​လည်း အီဂျစ်​ဘုရင်+ ရှိ​ရှက်​ဆီ+ ထွက်​ပြေး​တယ်။ ရှော​လ​မုန် ကွယ်​လွန်​တဲ့​အထိ အီဂျစ်​ပြည်​မှာ ခိုလှုံ​နေ​တယ်။ ၄၁  ရှော​လ​မုန်​ရဲ့  ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ၊ ဉာဏ်​ပညာ ကြီး​မား​ပုံ​တွေ​ကို ရှော​လ​မုန်​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။+ ၄၂  ရှော​လ​မုန်​ဟာ ဂျေရု​ဆ​လင်​မြို့​မှာ နန်း​စံ​ပြီး အစ္စရေး​တွေ​ကို  နှစ်​ပေါင်း ၄၀ အုပ်​ချုပ်​ခဲ့​တယ်။ ၄၃  အဲဒီ​နောက် ကွယ်​လွန်​သွား​တဲ့​အတွက် သူ့​ကို ဒါဝိဒ်​မြို့​မှာ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။ သား​တော်​ရော​ဗောင်​က+ ထီး​နန်း​ဆက်​ခံ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မီး​ခိုး​ငွေ့ တက်​စေ​ကြ​တယ်။”
ဒါ​မှ​မဟုတ်၊ “မိ​လော​ကို။” မြေဖို့​ထား​တဲ့​နေ​ရာလို့ အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး။