ဟီဘရူး ၃:၁-၁၉

  • မော​ရှေ​ထက် ကြီးမြတ်​တဲ့ ယေရှု (၁-၆)

    • အရာ​ခပ်​သိမ်း​ကို တည်​ဆောက်​သူ ဘုရားသခင် ()

  • ယုံ​ကြည်​ခြင်း ကင်း​မဲ့​လာ​နိုင်​တဲ့​အတွက် သတိပေး (၇-၁၉)

    • “ဒီ​နေ့၊ ငါ​ပြော​တာ​ကို နား​ထောင်​ကြ” (၁၅)

 ကောင်း​ကင်​အသက်​တာ​အတွက် ခေါ်​တော်​မူ​ခြင်း​ခံ​ရ​တဲ့+ သန့်​ရှင်း​တဲ့ ညီ​အစ်​ကို​တို့၊ တမန်​တော်​နဲ့ ပု​ရော​ဟိတ်​မင်း​အဖြစ် ကျွန်​တော်​တို့ အသိ​အမှတ်​ပြု​တဲ့ ယေရှု​အကြောင်း+ စဉ်း​စား​ကြည့်​ပါ။ ၂  မော​ရှေ​က ဘု​ရား​သခင်​ရဲ့ အိမ်​တော်​မှာ သစ္စာ​ရှိ​ရှိ အမှု​ဆောင်​ခဲ့​သလို+ ယေရှု​က​လည်း မိမိ​ကို​ခန့်​အပ်​တဲ့ ဘု​ရား​သခင်​အပေါ် သစ္စာ​ရှိ​တယ်။+ ၃  ယေရှု​က မော​ရှေ​ထက် ကြီးမြတ်​တဲ့ ဘုန်း​အသရေ​ကို ရ​ထိုက်​တယ်။+ အိမ်​ကို ဆောက်​တဲ့​သူ​ဟာ  အိမ်​ထက် ပို​ပြီး​ဂုဏ်​ပြု​ခံ​ထိုက်​သလို​ပေါ့။ ၄  အိမ်​ဆို​တာ တည်​ဆောက်​တဲ့​သူ​ရှိ​လို့ ဖြစ်​လာ​တာ။  အရာ​ခပ်​သိမ်း​ကို တည်​ဆောက်​သူ​က​တော့ ဘု​ရား​သခင်​ပဲ။ ၅  မော​ရှေ​ဟာ ဘု​ရား​သခင်​ရဲ့ အိမ်​တော်​မှာ သစ္စာ​ရှိ​တဲ့ ကျွန်​တစ်​ယောက်​ဖြစ်​တယ်။ သူ​လုပ်​ဆောင်​ခဲ့​တာ​တွေ​က  နောင်​တစ်​ချိန်​မှာ  ဘု​ရား​သခင် အသိ​ပေး​မယ့်​အရာတွေရဲ့  သက်​သေအထောက်​အထား​ပဲ။ ၆  ခ​ရစ်​တော်​က​တော့ ဘု​ရား​သခင်​ရဲ့ အိမ်​တော်​ကို အုပ်​ချုပ်​တဲ့ သစ္စာ​ရှိ​တဲ့​သား  ဖြစ်တယ်။+ ကျွန်​တော်​တို့​ကျ​တော့ ဘု​ရား​သခင်​ရဲ့ အိမ်​တော် ဖြစ်​တယ်။+  ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်​ကို* သုံး​ပြီး ဆက်​ဟော​နေ​မယ်၊ ကျွန်​တော်​တို့ ဂုဏ်​ယူ​စွာ​ပြော​နေ​တဲ့ မျှော်​လင့်​ချက်​ကို အဆုံး​ထိ ဆုပ်​ကိုင်​ထား​မယ်​ဆို​ရင်​ပေါ့။ ၇  ဒါ​ကြောင့် သန့်​ရှင်း​သော စွမ်း​အား​တော်​က​တစ်​ဆင့် ပြော​တာ​က+ “ဒီနေ့ ငါ​ပြော​တာ​ကို နား​ထောင်​ကြ။ ၈  တော​ကန္တာရ​မှာ အမျက်​တော်​ကို​ဆွ​ပြီး အကဲ​စမ်း​ခဲ့​ချိန်​တုန်း​က​လို ခေါင်း​မမာ​ကြ​နဲ့။+ ၉  အဲ​ဒီ​တုန်း​က မင်း​တို့​ရဲ့ ဘိုး​ဘေး​တွေ​ဟာ နှစ်​ပေါင်း ၄၀ လုံး​လုံး ငါ့​ရဲ့​လုပ်​ဆောင်​မှု​တွေ​ကို မြင်​ခဲ့​ရတာ​တောင် ငါ့​ကို အကဲ​စမ်း​ခဲ့​ကြ​တယ်။+ ၁၀  အဲ​ဒီ​လူ​မျိုး​ဆက်​ကို  ငါ​ရွံ​ရှာ​တဲ့​အတွက် ‘သူ​တို့​ရဲ့​စိတ်​ဟာ အမြဲပဲ  လမ်း​လွဲ​နေ​တယ်။ ငါ့​လမ်း​စဉ်တွေ​ကို  မသိကြ​ဘူး’  လို့​ပြော​ခဲ့​တယ်။ ၁၁  ဒါ​ကြောင့် ‘သူ​တို့​ကို ငါ​နဲ့​အတူ အနား​ယူ​ခွင့် မပေး​ဘူး’ ဆို​ပြီး ဒေါ​သနဲ့ ငါ​ကျိန်​ဆို​ခဲ့​တယ်။”+ ၁၂  ညီ​အစ်​ကို​တို့၊  အသက်​ရှင်​တဲ့ ဘုရား​သခင်​ကို  ကျော​ခိုင်း​မယ်​ဆို​ရင် ယုံကြည်​ခြင်း​ကင်း​မဲ့​ပြီး  ဆိုး​ညစ်​တဲ့​စိတ် ဖြစ်​ပေါ်​လာ​နိုင်​လို့ သတိ​ထား​ကြပါ။+ ၁၃  “ဒီ​နေ့”+  ဆို​တဲ့​အချိန် မကုန်​ဆုံး​သေး​သရွေ့ နေ့​တိုင်း အချင်း​ချင်း အားပေး​တိုက်​တွန်း​ကြ​ပါ။ အဲ​ဒီ​လို​မလုပ်​ရင် အပြစ်​ရဲ့ လှည့်​စား​နိုင်​စွမ်း​ကြောင့် ခေါင်း​မာ​လာ​မှာ စိုး​ရ​တယ်။ ၁၄  အစ​က​တည်း​က​ရှိ​ခဲ့​တဲ့ ယုံ​ကြည်​စိတ်​ချ​မှု​ကို အဆုံး​အထိ ဆုပ်​ကိုင်​ထား​နိုင်​မှ​သာ ခရစ်​တော်ရ​ရှိ​တဲ့​အရာ​ကို  ကျွန်​တော်​တို့​လည်း ရ​ရှိ​နိုင်​မယ်။+ ၁၅  “ဒီ​နေ့  ငါ​ပြော​တာ​ကို  နား​ထောင်​ကြ။ အမျက်​တော်​ကို နှိုးဆွခဲ့​ချိန်​တုန်း​က​လို ခေါင်း​မမာ​ကြ​နဲ့”+ လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။ ၁၆  ဘု​ရားရဲ့​အသံ​ကို ကြား​လျက်​နဲ့ အမျက်​တော်​ကို​ ဆွခဲ့​ကြ​တာ ဘယ်​သူ​တွေ​လဲ။ အီ​ဂျစ်​ပြည်​က​နေ မော​ရှေ ခေါ်​ထုတ်​သွား​သူ​တွေ​ပဲ မဟုတ်​လား။+ ၁၇  ဒါ့​အပြင် နှစ်​ပေါင်း ၄၀ လုံး​လုံး ဘု​ရား​သခင် ရွံ​ရှာ​ခဲ့​သူ​တွေ​ဟာ ဘယ်​သူ​တွေ​လဲ။+ အပြစ်​လုပ်​ပြီး တော​ကန္တာရ​မှာ သေဆုံး​ခဲ့​သူ​တွေ​ပဲ မဟုတ်​လား။+ ၁၈  ဘု​ရား​သခင်​က ငါ​နဲ့​အတူ အနား​ယူ​ခွင့်​မရှိ​ဘူး​လို့ ဘယ်​သူ​တွေ​ကို ကျိန်​ဆို​ခဲ့​တာ​လဲ။ နာ​ခံ​မှု​မရှိ​သူ​တွေ​ကို မဟုတ်​လား။ ၁၉  သူ​တို့ ယုံ​ကြည်​ခြင်း​မရှိ​လို့ ဘု​ရား​သခင်​နဲ့​အတူ အနား​ယူ​ခွင့်​မရခဲ့​မှန်း ကျွန်​တော်​တို့ သိ​ရ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။