ယောရှု ၁:၁-၁၈

  • ၁ ယောရှုကို ယေဟောဝါ အားပေး (၁-၉)

    • ပညတ်တရားကို ဖတ်ရွတ်ဆင်ခြင်ပါ ()

  • ဂျော်ဒန်မြစ်ကူးဖို့ ကြိုတင်ပြင်ဆင် (၁၀-၁၈)

၁  ယေဟောဝါရဲ့ကျွန် မောရှေ သေဆုံးပြီးနောက် မောရှေရဲ့လက်ထောက်၊+ နုန်ရဲ့သား ယောရှုကို*+ ယေဟောဝါပြောတယ်– ၂  “ငါ့ကျွန်မောရှေ သေဆုံးသွားပြီ။+ ဒါကြောင့် မင်းက အစ္စရေးလူမျိုးနဲ့အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး ငါပေးမယ့်ပြည်ထဲ ဝင်ဖို့ အသင့်ပြင်ပါ။+ ၃  မောရှေကို ငါကတိပေးခဲ့တဲ့အတိုင်း မင်းခြေချတဲ့ မြေမှန်သမျှ ငါပေးမယ်။+ ၄  မင်းရဲ့နယ်မြေဟာ တောကန္တာရကနေ လက်ဘနွန်ပြည်အထိ၊ ယူဖရေးတီးမြစ်ကြီးအထိ ဟိတ္တိလူမျိုးရဲ့ နယ်မြေအားလုံး၊+ အနောက်ဘက်ပင်လယ်ကြီး* အထိ ကျယ်ပြန့်လိမ့်မယ်။+ ၅  မင်းအသက်ရှင်နေသရွေ့ မင်းကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ဘူး။+ မောရှေနဲ့အတူ ငါရှိခဲ့သလို မင်းနဲ့လည်း အတူရှိနေမယ်။+ မင်းကို ပစ်ထားမှာ မဟုတ်ဘူး။ စွန့်ခွာမှာ မဟုတ်ဘူး။+ ၆  ရဲစွမ်းသတ္တိရှိပါ။+ သူတို့ကိုပေးမယ်လို့ ဘိုးဘေးတွေကို ငါကတိပေးခဲ့တဲ့ ပြည်ကို သူတို့အမွေရဖို့ ခေါ်သွားရမယ့်သူဟာ မင်းပဲ။+ ၇  “ရဲစွမ်းသတ္တိ ရှိပါ။ ငါ့ကျွန်မောရှေ မှာကြားခဲ့တဲ့ ပညတ်တရားကို ဂရုတစိုက် လိုက်နာပါ။ ဘယ်ညာ မလွဲသွားနဲ့။+ ဒါမှ အရာရာကို ဉာဏ်ပညာရှိရှိ  လုပ်ဆောင် နိုင်မယ်။+ ၈  ဒီပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို မပြောဘဲမနေနဲ့။+ အဲဒီမှာ ရေးထားသမျှကို ဂရုတစိုက် လိုက်နာနိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ပါ။+ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။+ ၉  ရဲစွမ်းသတ္တိရှိပါလို့ ငါမိန့်မှာထားတယ်  မဟုတ်လား။  မကြောက်ပါနဲ့။ မင်းရဲ့ဘုရားသခင်  ယေဟောဝါဟာ မင်းသွားလေရာမှာ အတူရှိနေမယ်။”+ ၁၀  ယောရှုလည်း လက်ထောက် ခေါင်းဆောင်တွေကို ခေါ်ပြီး၊ ၁၁  “စခန်းတစ်လျှောက် သွားကြ။ လူတွေကို ‘စားနပ်ရိက္ခာတွေ အသင့်ပြင်ထား။ သုံးရက်အတွင်းမှာ ဂျော်ဒန်မြစ်ကို ကူးပြီး ယေဟောဝါဘုရား အပိုင်ပေးမယ့်ပြည်ကို ဝင်ရောက်သိမ်းပိုက်ရတော့မယ်’+ လို့ပြောလိုက်ပါ” ဆိုပြီး မှာတယ်။ ၁၂  ယောရှုက ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ်တစ်ဝက်ကိုလည်း ပြောတယ်။ ၁၃  “ယေဟောဝါရဲ့ကျွန် မောရှေ မှာခဲ့တယ် မဟုတ်လား–+ ‘ယေဟောဝါဘုရားဟာ ခင်ဗျားတို့ကို ဒီပြည်မှာ အေးအေးချမ်းချမ်း နေထိုင်ခွင့်ပေးပြီ။ ၁၄  ခင်ဗျားတို့ရဲ့ သားမယားတွေ၊ တိရစ္ဆာန်တွေက ဂျော်ဒန်မြစ် ဒီဘက်ကမ်း၊ မောရှေပေးခဲ့တဲ့ပြည်မှာ နေထိုင်ကြလိမ့်မယ်။+ ခွန်အားကြီး စစ်သည်တွေကတော့+ ညီအစ်ကိုတွေရှေ့ကနေ တပ်ဖွဲ့ပုံစံနဲ့ စနစ်တကျ ဖြတ်ကူးရမယ်။+ ၁၅  ယေဟောဝါဘုရားက ခင်ဗျားတို့ကို အေးအေးချမ်းချမ်း နေထိုင်ခွင့် ပေးခဲ့သလို ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေလည်း ယေဟောဝါပေးမယ့် ပြည်ကို သိမ်းပိုက်ပြီး အေးအေးချမ်းချမ်း နေထိုင်ခွင့်ရမယ့်အချိန်အထိ သူတို့ကို ကူညီပေးရမယ်။ ပြီးမှ ဂျော်ဒန်မြစ်အရှေ့ဘက်ကမ်းမှာ ယေဟောဝါရဲ့ကျွန် မောရှေပေးထားတဲ့ ခင်ဗျားတို့ရဲ့နယ်မြေဆီ ပြန်လာရမယ်’+ ဆိုပြီး သူမှာကြားခဲ့တာကို သတိရကြပါ။” ၁၆  အဲဒီအခါ သူတို့က “ခင်ဗျားပြောတဲ့အတိုင်း လုပ်ပါ့မယ်။ သွားခိုင်းတဲ့နေရာ သွားပါ့မယ်။+ ၁၇  မောရှေပြောသမျှကို ကျွန်တော်တို့ နားထောင်ခဲ့သလို ခင်ဗျားပြောသမျှကိုလည်း နားထောင်ပါ့မယ်။ အရေးကြီးတာကတော့ ယေဟောဝါဘုရားက မောရှေနဲ့အတူ ရှိခဲ့သလို ခင်ဗျားနဲ့လည်း အတူရှိနေဖို့ပါပဲ။+ ၁၈  ခင်ဗျားရဲ့အမိန့်ကို ဆန့်ကျင်တဲ့သူ၊ ခင်ဗျားမှာကြားသမျှကို မနာခံတဲ့သူ ကွပ်မျက်ခံရမယ်။+ ဒါကြောင့် ရဲစွမ်းသတ္တိသာ ရှိပါ”+ လို့ပြောကြတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါဟာ ကယ်တင်ခြင်း။”
မြေထဲပင်လယ်။