မာကု ၁၆:၁-၈

  • ယေရှု ရှင်​ပြန်​ထ​မြောက်​လာ (၁-၈)

၁၆  ဥပုသ်​နေ့+ ပြီး​သွား​တဲ့​အခါ မာဂ​ဒ​လ​မာ​ရိ၊ ယာကုပ်​ရဲ့​မိ​ခင် မာရိ​နဲ့+  ရှာ​လုံ​တို့​က ယေရှု​ရဲ့​အလောင်း​ကို လိမ်း​ပေး​ဖို့ အမွှေး​နံ့​သာ​တွေ ဝယ်​ပြီး၊+ ၂  သီ​တင်း​ပတ်​ရဲ့ ပထ​မနေ့ နေ​ထွက်​ချိန်​မှာ  သင်္ချိုင်း​ဂူ​ကို  ရောက်​လာ​တယ်။+ ၃  “သင်္ချိုင်း​ဂူ​ဝ​မှာ​ရှိ​တဲ့ ကျောက်​တုံး​ကို ဘယ်​သူ​လှိမ့်​ပေး​မှာ​လဲ” လို့ အချင်း​ချင်း ပြော​ကြ​တယ်။ ၄  ဒါ​ပေမဲ့ သူတို့ လှမ်း​ကြည့်​လိုက်​တော့ အဲဒီ​ကျောက်​တုံး​ကြီး​ကို လှိမ့်​ဖယ်​ထား​မှန်း တွေ့​လိုက်​ရ​တယ်။+ ၅  သင်္ချိုင်း​ဂူ​ထဲ ဝင်​သွား​တဲ့​အခါ ဝတ်​လုံ​ဖြူ​ဝတ်​ဆင်​ထား​တဲ့ လူ​ရွယ်​တစ်​ယောက် ညာ​ဘက်​မှာ ထိုင်​နေ​တာ​ကို မြင်​တော့ သူတို့ သိပ်​အံ့​သြသွား​တယ်။ ၆  အဲဒီ​လူ​က “မအံ့​သြပါ​နဲ့။+ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ခံ​ရ​တဲ့ နာဇရက်​မြို့​သား ယေရှု​ကို ခင်ဗျား​တို့ ရှာနေမှန်း ကျွန်​တော်​သိ​တယ်။ သူ အသက်​ပြန်​ရှင်​လာ​ပြီ။+ ဒီ​မှာ မရှိ​တော့​ဘူး။ အလောင်း​ထား​တဲ့​နေ​ရာ​ကို လာ​ကြည့်​ပါ။+ ၇  အခု၊  တ​ပည့်တွေ​နဲ့ ပေတရု​ဆီ သွား​ပါ။ ‘သူ​မှာ​ခဲ့​တဲ့​အတိုင်း ခင်ဗျား​တို့​ထက်​အရင် ဂါ​လိ​လဲ​ပြည်​ကို သွား​နှင့်​ပြီ။+ အဲဒီ​မှာ သူ့​ကို​တွေ့​ရ​လိမ့်​မယ်’ ဆိုပြီး​ ပြော​လိုက်​ပါ”+ လို့​ပြော​တယ်။ ၈  သူတို့​လည်း စိတ်​လှုပ်​ရှား​လွန်း​တော့ က​တုန်​က​ယင်​ဖြစ်​ပြီး သင်္ချိုင်း​ဂူ​ထဲ​က​နေ ထွက်​ပြေး​ သွား​ကြ​တယ်။ ကြောက်​လွန်း​လို့ ဘယ်​သူ့​ကို​မှ မပြော​ပြရဲ​ဘူး။+

အောက်ခြေမှတ်ချက်များ