ဗျာဒိတ် ၈:၁-၁၃

  • ခု​နစ်​ခု​မြောက် တံ​ဆိပ်​ကို ဖွင့် (၁-၆)

  • ခ​ရာ​လေး​ခု မှုတ် (၇-၁၂)

  • အဖြစ်​ဆိုး​သုံး​ခု ကြေ​ညာ (၁၃)

 သတ္တ​မတံ​ဆိပ်​ကို+ သိုး​သငယ်+ ဖွင့်တဲ့​အခါ ကောင်း​ကင်​မှာ နာ​ရီ​ဝက်​လောက်  တိတ်​ဆိတ်​သွား​တယ်။ ၂  အဲ​ဒီ​နောက်  ဘု​ရား​သခင်​ရဲ့​ရှေ့​မှာ ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး+ ရပ်​နေ​တာ​ကို ကျွန်​တော်​မြင်​တယ်။ ဘု​ရား​သခင်​က သူ​တို့​ကို ခ​ရာ​ခု​နစ်​လက် ပေး​တယ်။ ၃  ကောင်း​ကင်​တ​မန် နောက်​တစ်​ပါး ရောက်​လာ​ပြီး နံ့​သာ​ပေါင်း​ပလ္လင်​နား​မှာ+ ရပ်​နေ​တယ်။ သူ​က နံ့​သာ​ပေါင်း​ပူ​ဇော်​ဖို့ ရွှေ​လင်​ပန်း​ကို ကိုင်​ထား​တယ်။ သန့်​ရှင်း​သူ​တွေ ဆု​တောင်း​တာ​ကို ဘုရား​နား​ထောင်​နေ​ချိန်​မှာ  ရာ​ဇ​ပလ္လင်​ရှေ့​က ရွှေ​နံ့​သာ​ပေါင်း​ပလ္လင်​ပေါ်​မှာ+ ပူ​ဇော်​ဖို့ နံ့​သာ​ပေါင်း​အများ​ကြီး​ကို+ သူ​ရ​ထား​တယ်။ ၄  နံ့​သာ​ပေါင်း​ငွေ့တွေ​ဟာ သန့်​ရှင်း​သူ​တို့​ရဲ့ ဆု​တောင်း​ချက်​တွေ​နဲ့​အတူ+ ကောင်း​ကင်​တ​မန် လက်​ထဲ​က​နေ ဘု​ရား​သခင့် ရှေ့​တော်​ကို တက်​သွား​တယ်။ ၅  ဒါ​ပေမဲ့ ကောင်း​ကင်​တ​မန်​က ချက်​ချင်း​ပဲ နံ့​သာ​ပေါင်း​ပလ္လင်​ပေါ်​က မီး​ကို လင်​ပန်း​ထဲ​ထည့်​ပြီး ကမ္ဘာ​မြေပေါ် ပစ်​ချ​လိုက်​တယ်။ အဲ​ဒီ​အခါ မိုး​ခြိမ်း​သံ​တွေ၊ စ​ကား​သံ​တွေ ပေါ်​ထွက်​လာ​တယ်။ လျှပ်​စီး​တွေ​လက်​ပြီး+ မြေင​လျင်​လှုပ်​တယ်။ ၆  ခ​ရာ​ခု​နစ်​လက် ကိုင်​ထား​တဲ့ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​က+ ခရာ​မှုတ်​ဖို့ အသင့်​ဖြစ်​နေ​တယ်။ ၇  ပထ​မကောင်း​ကင်​တ​မန် ခ​ရာ​မှုတ်​လိုက်​တဲ့​အခါ သွေး​နဲ့​ရော​နေ​တဲ့ မီး​တွေ၊ မိုး​သီး​တွေ မြေပေါ် ကျ​လာ​တယ်။+ ကမ္ဘာ​မြေရဲ့ သုံး​ပုံ​တစ်​ပုံ၊ သစ်​ပင်​သုံး​ပုံ​တစ်​ပုံ လောင်​ကျွမ်း​သွား​တယ်။ စိမ်း​စို​တဲ့​အပင်​ရှိ​သမျှ လောင်​ကျွမ်း​သွား​တယ်။+ ၈  ဒုတိ​ယ​ကောင်း​ကင်​တ​မန် ခ​ရာ​မှုတ်​လိုက်​တဲ့​အခါ  မီး​လောင်​နေ​တဲ့ တောင်​ကြီး​နဲ့​တူ​တဲ့​အရာ​တစ်​ခု ပင်​လယ်​ထဲ ကျ​လာ​တယ်။+ အဲ​ဒီ​အခါ ပင်လယ်​သုံး​ပုံ​တစ်​ပုံ  သွေး​ဖြစ်​သွား​တယ်။+ ၉  ပင်​လယ်​ထဲ​က သတ္တ​ဝါ​သုံး​ပုံ​တစ်​ပုံ သေကုန်​တယ်။+ သင်္ဘော​သုံး​ပုံ​တစ်​ပုံ​လည်း ပျက်​စီး​သွား​တယ်။ ၁၀  တ​တိ​ယ​ကောင်း​ကင်​တ​မန် ခရာ​မှုတ်​လိုက်​တဲ့​အခါ  မီး​ခွက်​လို  ထွန်း​တောက်​နေ​တဲ့  ကြယ်​ကြီး​တစ်​လုံး ကောင်း​ကင်​က​နေ ကျ​လာ​ပြီး မြစ်​သုံး​ပုံ​တစ်​ပုံ​နဲ့ စမ်း​ရေတွေ​ပေါ် ကျ​လာ​တယ်။+ ၁၁  အဲ​ဒီ​ကြယ်​ကို ဒေါ​န​လို့* ခေါ်​တယ်။ ရေ​သုံး​ပုံ​တစ်​ပုံ​ဟာ ဒေါ​န​လို​ ခါး​သွား​တယ်။ အဲ​ဒီ​ရေ ခါး​လွန်း​လို့ လူ​အများ​ကြီး သေဆုံး​ကုန်​တယ်။+ ၁၂  စ​တုတ္ထ​ကောင်း​ကင်​တ​မန် ခ​ရာ​မှုတ်​လိုက်​တဲ့​အခါ နေ​ရဲ့ သုံး​ပုံ​တစ်​ပုံ၊+ လ​ရဲ့ သုံး​ပုံ​တစ်​ပုံ၊ ကြယ်​တွေရဲ့ သုံး​ပုံ​တစ်​ပုံ​ဟာ ကပ်​ဆိုက်​သွား​တယ်။ အဲ​ဒီ​အခါ နေ၊ လ​နဲ့ ကြယ်​တွေရဲ့ သုံး​ပုံ​တစ်​ပုံ မှောင်​မိုက်​သွား​တယ်။+ နေ့​အချိန်​ရဲ့ သုံး​ပုံ​တစ်​ပုံ​ဟာ အလင်း​မရ​တော့​ဘူး။ ည​အချိန်​လည်း အဲ​ဒီ​လို​ပဲ ဖြစ်​သွား​တယ်။ ၁၃  အဲ​ဒီ​အခါ ကောင်း​ကင်​မှာ လင်း​ယုန်​တစ်​ကောင် ပျံ​ဝဲ​နေ​တာ ကျွန်​တော်​မြင်​တယ်။ အဲ​ဒီ​လင်း​ယုန်​က “ကောင်း​ကင်​တ​မန်​သုံး​ပါး ခ​ရာ​ထပ်​မှုတ်​ဦး​မယ်။+ အဲ​ဒီ​ခ​ရာ​သံ​တွေ​ကြောင့်  ကမ္ဘာ​ပေါ်​နေ​ထိုင်​တဲ့​သူ​တွေ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်၊ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်၊ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်”+ ဆို​ပြီး အော်​ပြော​တာ​ကို ကျွန်​တော်​ကြား​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။