ဗျာဒိတ် ၅:၁-၁၄

  • တံ​ဆိပ်​ခု​နစ်​ခု ခတ်​နှိပ်​ထား​တဲ့ စာ​လိပ် (၁-၅)

  • စာ​လိပ်​ကို သိုး​သငယ် ယူ (၆-၈)

  • တံ​ဆိပ်​တွေ​ကို သိုး​သငယ် ဖွင့်​ထိုက် (၉-၁၄)

 ရာဇ​ပလ္လင်​ပေါ်​မှာ ထိုင်​နေ​တဲ့​အရှင်​က+ ညာ​လက်​မှာ စာ​လိပ်​တစ်​လိပ် ကိုင်​ထား​တာ​ကို ကျွန်​တော်​မြင်​တယ်။ စာ​လိပ်​ရဲ့ အတွင်း​အပြင် နှစ်​ဖက်​စ​လုံး​မှာ စာ​ရေး​ထား​ပြီး တံ​ဆိပ်​ခု​နစ်​ခု ခတ်​နှိပ်​ထား​တယ်။ ၂  အဲ​ဒီ​နောက် ကျွန်​တော်​ကြည့်​လိုက်​တော့ ခွန်​အား​ကြီး​တဲ့ ကောင်း​ကင်​တ​မန်​တစ်​ပါး​က “တံ​ဆိပ်​တွေ​ကို ခွာ​ပြီး စာ​လိပ်​ကို ဖွင့်​ထိုက်​တာ ဘယ်​သူ​လဲ” လို့ အသံ​ကျယ်​ကြီး​နဲ့ ပြော​နေ​တယ်။ ၃  ဒါ​ပေမဲ့ ကောင်း​ကင်​နဲ့ မြေကြီး​ပေါ်​မှာ​ရော၊  မြေကြီး​အောက်​မှာ​ရော အဲ​ဒီ​စာ​လိပ်​ကို ဖွင့်​ကြည့်​နိုင်​တဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။ ၄  စာ​လိပ်​ကို ဖွင့်​ကြည့်​ထိုက်​တဲ့​သူ တစ်​ယောက်​မှ မတွေ့​တဲ့​အတွက် ကျွန်​တော် ရှိုက်​ကြီး​တငင် ငို​တယ်။ ၅  အဲ​ဒီ​အခါ အကြီး​အကဲ​တွေ​ထဲ​က တစ်​ယောက်​က “မငို​နဲ့​တော့။ ဒါ​ဝိဒ်ရဲ့+ အမြစ်​ဖြစ်​တဲ့+ ယုဒ​အနွယ်​ဝင်+ ခြင်္သေ့​က အောင်​မြင်​ပြီဖြစ်​လို့+ စာ​လိပ်​နဲ့ တံ​ဆိပ်​ခု​နစ်​ခု​ကို ဖွင့်​နိုင်​တယ်” လို့ ကျွန်​တော့်​ကို ပြော​တယ်။ ၆  ကျွန်​တော် ကြည့်​လိုက်​တဲ့​အခါ အသတ်​ခံ​ခဲ့ရ​ပုံ​ရှိ​တဲ့+ သိုး​သငယ်​က+ ရာဇ​ပလ္လင်​နဲ့ သတ္တ​ဝါ​လေး​ပါး အနား​မှာ၊ အကြီး​အကဲ​တွေရဲ့ အလယ်​မှာ ရပ်​နေ​တယ်။+  သိုး​သငယ်​မှာ   ချို​ခု​နစ်​ချောင်း​နဲ့ မျက်​စိ​ခု​နစ်​လုံး ရှိ​တယ်။ မျက်​စိ​တွေ​ဟာ မြေတစ်​ပြင်​လုံး​ကို ဘု​ရား​စေ​လွှတ်​တဲ့ စွမ်း​အား​တော်​ခု​နစ်​ခု​ကို+ ဆို​လို​တယ်။ ၇  သိုး​သငယ်​က ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​နေ​တဲ့​အရှင်​ရဲ့+ ညာ​လက်​မှာ​ရှိ​တဲ့ စာ​လိပ်​ကို ချက်​ချင်း သွား​ယူ​တယ်။ ၈  စာ​လိပ်​ကို ယူ​လိုက်​တဲ့​အခါ သတ္တ​ဝါ​လေး​ပါး​နဲ့ အကြီး​အကဲ ၂၄ ယောက်​တို့​က+ နံ့​သာ​ပေါင်း​အပြည့်​ပါ​တဲ့ ရွှေ​ဖလား​နဲ့ စောင်း​ကို ကိုယ်​စီ​ကိုင်​ရင်း သိုး​သငယ်​ရှေ့​မှာ ဦး​ချ​ပျပ်​ဝပ်​ကြ​တယ်။ (နံ့​သာ​ပေါင်း​ဟာ သန့်​ရှင်း​သူ​တွေရဲ့ ဆု​တောင်း​ချက်​တွေ​ကို ဆို​လို​တယ်။)+ ၉  သူ​တို့​က  “သခင်​ဟာ  စာ​လိပ်​ကို​ယူ​ပြီး တံ​ဆိပ်​တွေ​ကို ဖွင့်​ထိုက်​သူ​ပါ။  သခင်​က အသတ်​ခံ​ပြီး​နောက် လူ​မျိုး​နွယ်၊ ဘာ​သာ​စ​ကား၊ လူ​စု​နဲ့  လူ​မျိုး​တွေ​ထဲ​က+  လူ​တွေ​ကို ဘုရား​သခင်​အတွက် မိမိ​ရဲ့​သွေး​နဲ့ ဝယ်​ယူ​ခဲ့​တယ်။+ ၁၀  သခင်​က သူ​တို့​ကို ဘု​ရား​သခင်​အတွက် ဘု​ရင်တွေ၊+ ပု​ရော​ဟိတ်​တွေ+ ဖြစ်​စေ​တယ်။ သူတို့​က ဘု​ရင်​အဖြစ် ကမ္ဘာ​မြေကို အုပ်​စိုး​ရ​တယ်”+ ဆို​တဲ့ သီ​ချင်း​သစ်​ကို+ သီ​ဆို​ကြ​တယ်။ ၁၁  အဲ​ဒီ​နောက် ကျွန်​တော်​ကြည့်​လိုက်​တော့ ရာ​ဇ​ပလ္လင်​နဲ့ သတ္တ​ဝါ​တွေ၊ အကြီး​အကဲ​တွေရဲ့ ပတ်​လည်​မှာ ရှိ​နေ​တဲ့ ကောင်း​ကင်​တ​မန်​အမြောက်​အမြား​ရဲ့ အသံ​ကို ကြား​တယ်။ သူ​တို့​ရဲ့​အ​ရေ​အတွက်​ဟာ  ကု​ဋေ​အသင်္ချေ​မက များ​တယ်။+ ၁၂  သူ​တို့​က “အသတ်​ခံ​ခဲ့ရ​တဲ့ သိုး​သငယ်​ဟာ+ တန်​ခိုး၊ စည်း​စိမ်၊ ဉာဏ်​ပညာ၊ ခွန်​အား၊ ဂုဏ်​အသရေ၊ ဘုန်း​အသရေ​နဲ့ ချီး​မွမ်း​မှု​ကို ရ​ထိုက်​တယ်”+ လို့ ကြွေး​ကြော်​ကြ​တယ်။ ၁၃  ကောင်း​ကင်၊ မြေကြီး၊ မြေကြီး​အောက်၊+  ပင်​လယ်​ထဲ​က  သတ္တ​ဝါ​အား​လုံး၊ ရှိ​ရှိ​သမျှ အရာ​အား​လုံး​က​လည်း  “ရာ​ဇ​ပလ္လင်​ပေါ်​မှာ  ထိုင်​တဲ့​အရှင်​နဲ့+ သိုး​သငယ်​က+ ချီး​မွမ်း​ခြင်း၊ ဂုဏ်​အသရေ၊+  ဘုန်း​အသရေ၊ အစွမ်း​ခွန်​အား​တွေ  အစဉ်​ထာ​ဝ​ရ  ရ​ရှိ​ပါ​စေ”+ လို့​ပြော​တာ​ကို ကျွန်​တော်​ကြား​တယ်။ ၁၄  သတ္တ​ဝါ​လေး​ပါး​က “အာ​မင်”*  လို့ ပြော​ကြ​တယ်။ အကြီး​အကဲ​တွေ​က​လည်း ပျပ်​ဝပ်​ပြီး ကိုး​ကွယ်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”