ဗျာဒိတ် ၂၂:၁-၂၁

  • အသက်​ရေ စီး​ဆင်း​တဲ့​မြစ် (၁-၅)

  • နိ​ဂုံး​စ​ကား (၆-၂၁)

    • ‘လာ​ပါ။ အသက်​ရေ​ကို အခ​မဲ့​ယူ​ကြ​ပါ’ (၁၇)

    • “သခင်​ယေရှု၊ ကြွ​လာ​ပါ” (၂၀)

၂၂  အဲဒီ​နောက် ကောင်း​ကင်​တ​မန်​က ကျွန်​တော့်​ကို အသက်​ရေ စီး​ဆင်း​နေ​တဲ့ မြစ်​တစ်​စင်း ပြတယ်။+ သလင်း​ကျောက်​လို ကြည်​လင်​နေ​တဲ့ အဲ​ဒီ​မြစ်​ဟာ ဘု​ရား​သခင်​ရဲ့ ရာ​ဇ​ပလ္လင်​နဲ့ သိုး​သငယ်​ရဲ့+ ရာ​ဇ​ပလ္လင်​က​နေ စီး​ထွက်​လာ​ပြီး၊ ၂  မြို့​လယ်​က လမ်း​မကြီး​တစ်​လျှောက် စီး​ဆင်း​နေ​တယ်။ မြစ်​ကမ်း​နှစ်​ဖက်​မှာ တစ်​လ​တစ်​ကြိမ်၊ တစ်​နှစ်​ကို ၁၂ ကြိမ် အသီး​သီး​တဲ့ အသက်​ပင်​တွေ ပေါက်​နေ​တယ်။ အပင်​ရဲ့​အရွက်​တွေ​က လူ​မျိုး​တွေ​ကို အနာ​ရော​ဂါ ပျောက်​ကင်း​စေ​တယ်။+ ၃  အဲ​ဒီ​မြို့​ဟာ ဘယ်​တော့​မှ ကျိန်​စာ​သင့်​တော့​မှာ မဟုတ်​ဘူး။ အဲ​ဒီ​မြို့​မှာ ဘုရား​သခင်​ရဲ့ ရာ​ဇ​ပလ္လင်​နဲ့ သိုး​သငယ်​ရဲ့ ရာ​ဇ​ပလ္လင်+ ရှိ​နေ​လိမ့်​မယ်။ ဘု​ရားရဲ့​ကျွန်​တွေ​က ဘု​ရား​ကို ဝတ်​ပြု​ကြ​လိမ့်​မယ်။ ၄  ဘု​ရား​သခင်​ကို သူ​တို့ ဖူး​မြင်​ရ​လိမ့်​မယ်။+ သူ​တို့​ရဲ့​န​ဖူး​ပေါ်​မှာ ဘု​ရားရဲ့​နာ​မည် ရေး​ထား​လိမ့်​မယ်။+ ၅  ည​အချိန်​လည်း ရှိ​တော့​မှာ မဟုတ်​ဘူး။+ ယေဟောဝါ* ဘု​ရား​က သူ​တို့​အပေါ် အလင်း​ထွန်း​လင်း​မှာ​ဖြစ်​လို့+ မီး​ခွက်​အလင်း၊  နေ​အလင်း မလို​တော့​ဘူး။ သူ​တို့​ဟာ ဘု​ရင်တွေ​အဖြစ် အစဉ်​ထာ​ဝ​ရ အုပ်​စိုး​ရ​မယ်။+ ၆  အဲ​ဒီ​နောက် ကောင်း​ကင်​တ​မန်​က “ဒါ​ဟာ သစ္စာ​စ​ကား၊ ဟုတ်​မှန်​တဲ့​စကား​ပဲ။+ ပရော​ဖက်​တွေ​ကို စွမ်း​အား​တော်​နဲ့​လမ်း​ညွှန်​တဲ့+ ယေဟောဝါ* ဘုရား​က ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​ပြီး မကြာ​ခင်  ဖြစ်​ပျက်​တော့​မယ့်​အရာတွေ​အ​ကြောင်း မိမိ​ကျွန်​တွေ​ကို ဖော်​ပြတယ်။ ၇  ငါ အမြန်​ဆုံး လာ​မယ်။+  ဒီ​စာ​လိပ်​မှာ​ပါ​တဲ့ ပရော​ဖက်​ပြု​ချက်​တွေ​ကို လိုက်​နာ​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်”+ လို့ ကျွန်​တော့်​ကို ပြော​တယ်။ ၈  ကျွန်​တော်​ယောဟန်​က ဒါ​တွေ​ကို ကြား​ရ​မြင်​ရ​တယ်။ အဲ​ဒီ​လို ကြား​ရ​မြင်​ရ​တဲ့​အခါ အဲ​ဒါ​တွေ​ကို​ဖော်​ပြတဲ့ ကောင်း​ကင်​တ​မန်​ရဲ့ ခြေ​ရင်း​မှာ ပျပ်​ဝပ်​ပြီး ကိုး​ကွယ်​မယ်​လုပ်​တော့၊ ၉  သူ​က “သတိ​ထား​ပါ​ဦး။ အဲ​ဒီ​လို​မလုပ်​ပါ​နဲ့။ ကျွန်​တော်​လည်း ခင်​ဗျား​နဲ့ ခင်​ဗျားရဲ့​ညီ​အစ်​ကို ပရော​ဖက်​တွေ၊ ဒီ​စာ​လိပ်​မှာ​ပါ​တဲ့ စကား​တွေ​ကို လိုက်​နာ​သူ​တွေ​လို​ပဲ ကျွန်​တစ်​ယောက်​ပါ။ ဘု​ရား​သခင်​ကို​သာ ကိုး​ကွယ်​ပါ”+ လို့​ပြော​တယ်။ ၁၀  ပြီး​တော့ သူ​က “သတ်​မှတ်​ထား​ချိန် နီး​နေ​ပြီဖြစ်​လို့ ဒီ​စာ​လိပ်​မှာ​ပါ​တဲ့ ပရော​ဖက်​ပြု​ချက်​တွေ​ကို တံ​ဆိပ် မခတ်​ပါ​နဲ့။ ၁၁  မဖြောင့်​မတ်​တဲ့​သူ​ဟာ မဖြောင့်​မတ်​ဘဲ နေ​ပါ​စေ။ ညစ်​ညူး​တဲ့​သူ​ဟာ ဆက်​ပြီး​ညစ်​ညူး​နေ​ပါ​စေ။ ဖြောင့်​မတ်​တဲ့​သူ​က​တော့ ဆက်​ပြီး​ဖြောင့်​မတ်​နေ​ပါ​စေ။ သန့်​ရှင်း​သူ​က​လည်း ဆက်​ပြီး​သန့်​ရှင်း​နေ​ပါ​စေ” လို့ ပြော​တယ်။ ၁၂  “‘ငါ အမြန်​ဆုံး လာ​မယ်။ လူ​တိုင်း​ကို သူ​တို့​ရဲ့​အကျင့်​အတိုင်း အကျိုး​အပြစ်​ကို ပြန်​ဆပ်​ပေး​မယ်။+ ၁၃  ငါ​ဟာ အာ​လ​ဖနဲ့ သြမေဃ​ဖြစ်​တယ်။*+ ဦး​ဆုံး​နဲ့ နောက်​ဆုံး၊ အစ​နဲ့ အဆုံး ဖြစ်​တယ်။ ၁၄  မိမိ​တို့​ရဲ့​ဝတ်​လုံ​ကို လျှော်​ဖွပ်​တဲ့​သူ​တွေ​ဟာ+  ပျော်​ရွှင်​ချမ်း​မြေ့တယ်။ အသက်​ပင်​ရဲ့​အသီး​ကို စား​ရ​တဲ့​အခွင့်၊+ မြို့​တော်​ထဲ မြို့​တံ​ခါး​က​နေ ဝင်​ရ​တဲ့​အခွင့်​ကို ရ​လိမ့်​မယ်။+ ၁၅  မြို့​ပြင်​မှာ​တော့ ခွေး​တွေ၊* နတ်​ဆိုး​ပညာ လိုက်​စား​သူ​တွေ၊ လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊* လူ​သတ်​သမား​တွေ၊ ရုပ်​တု​ကိုး​ကွယ်​သူ​တွေ၊ လိမ်​ညာ​ပြီး လှည့်​စား​ရ​တာ​ကို နှစ်​သက်​သူ​တွေ ရှိ​နေ​တယ်။’+ ၁၆  “‘ငါ​ယေရှု​က အသင်း​တော်တွေရဲ့ အကျိုး​အတွက် မင်း​ကို ဒီ​အကြောင်း​တွေ သက်​သေခံ​ဖို့ ငါ့​ရဲ့​ကောင်း​ကင်​တ​မန်​ကို လွှတ်​လိုက်​တယ်။ ငါ​ဟာ ဒါ​ဝိဒ်ရဲ့​အမြစ်၊ ဒါ​ဝိဒ်ရဲ့​မျိုး​နွယ်၊+ ထွန်း​တောက်​တဲ့ မိုး​သောက်​ကြယ်​ပဲ။”+ ၁၇  စွမ်း​အား​တော်​နဲ့ သတို့​သမီး​က+ “လာ​ကြ”​ လို့ အဆက်​မပြတ် ဖိတ်​ခေါ်​နေ​တယ်။ ကြား​တဲ့​သူ​တွေ​က​လည်း “လာ​ကြ”​ လို့ တစ်​ဆင့်​ပြန်​ဖိတ်​ခေါ်​ကြ​ပါ။ ရေ​ငတ်​သူ​တိုင်း လာ​ကြ​ပါ။+ ဆန္ဒ​ရှိ​သူ​တိုင်း အသက်​ရေ​ကို အခ​မဲ့ ယူ​ကြ​ပါ။+ ၁၈  “ဒီ​စာ​လိပ်​မှာ​ပါ​တဲ့ ပရော​ဖက်​ပြု​ချက်​တွေ​အကြောင်း ကြား​သိ​သူ​တိုင်း​ကို ငါ​ပြော​မယ်– ဒီ​စ​ကား​တွေ​ထဲ တစ်​စုံ​တစ်​ရာ ထပ်​ဖြည့်​တဲ့​သူ​ကို+ ဘု​ရား​သခင်​က ဒီ​စာ​လိပ်​မှာ ရေး​ထား​တဲ့ ကပ်​ဘေး​တွေ​နဲ့ ဒဏ်​ခတ်​လိမ့်​မယ်။+ ၁၉  ဒီ​ပရော​ဖက်​ပြု​ချက် စ​ကား​တွေ​ထဲ​က တစ်​စုံ​တစ်​ရာ​ကို ဖယ်​ရှား​ရင် ဘု​ရား​သခင်​က ဒီ​စာ​လိပ်​မှာ ရေး​ထား​တဲ့ သူ့​ဝေ​စု​ကို ဖယ်​ရှား​လိမ့်​မယ်။ သူ​က အသက်​ပင်​ရဲ့​အသီး​ကို+ စား​ရ​မှာ မဟုတ်​ဘူး။ သန့်​ရှင်း​တဲ့​မြို့​တော်​ထဲ ဝင်​ရ​မှာ မဟုတ်​ဘူး။+ ၂၀  “ဒီ​အကြောင်း​တွေ​ကို ပြော​တဲ့​သူ​က ‘သေချာ​တယ်၊ ငါ အမြန်​ဆုံး လာ​မယ်’+ လို့​ပြော​တယ်။” “အာ​မင်။* သခင်​ယေရှု၊ ကြွ​လာ​ပါ။” ၂၁  သခင်​ယေရှု​ရဲ့ မဟာ​က​ရု​ဏာ​ကို သန့်​ရှင်း​သူ​တွေ ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ဂရိ​အက္ခရာ​မှာ ‘အာ​လ​ဖ’ က ပထ​မဆုံး​တစ်​လုံး၊ ‘ဩမေဃ’ က နောက်​ဆုံး​တစ်​လုံး။
ဘု​ရားရဲ့​အမြင်​မှာ ရွံ​မုန်း​စ​ရာ​အကျင့် ကျင့်​သူ​တွေ​ကို ဆို​လို။
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”