ဗျာဒိတ် ၂:၁-၂၉

  • ဧဖက်​အသင်း​တော်​အတွက် သတင်း​စ​ကား (၁-၇)၊ စမုရန အသင်း​တော်​အတွက် (၈-၁၁)၊ ပေရဂံ အသင်း​တော်​အတွက် (၁၂-၁၇)၊ သွာ​တိ​ရ အသင်း​တော်​အတွက် (၁၈-၂၉)

 “ဧဖက်​အသင်း​တော်ရဲ့+ စေ​တ​မန်​ဆီ+  အခု​လို​ရေး​လိုက်​ပါ–  ညာ​လက်​မှာ ကြယ်​ခု​နစ်​လုံး​ကို​ကိုင်​ပြီး ရွှေ​ဆီ​မီး​တိုင် ခု​နစ်​ခု​အလယ်​မှာ သွား​လာ​တဲ့​သူ  ပြော​တာ​က၊+ ၂  ‘မင်း​ရဲ့​အကျင့်၊ ကြိုး​စား​အား​ထုတ်​မှု​နဲ့ ခံ​နိုင်​ရည်​ကို ငါ​သိ​တယ်။ လူ​ဆိုး​တွေ​ကို မင်း သည်း​မခံ​ခဲ့​တာ၊ တမန်​တော်တွေ​ပါ​လို့ ပြော​ပေမဲ့ တ​ကယ်​မဟုတ်​တဲ့​သူ​တွေ​ကို+ စစ်​ဆေး​ပြီး လူ​လိမ်​အဖြစ် ဖော်​ထုတ်​ခဲ့​တာ​တွေ​ကို ငါ​သိ​တယ်။ ၃  မင်း​က ခံ​နိုင်​ရည်​တင်​ပြပြီး ငါ့​နာ​မည်​အတွက် မဆုတ်​မနစ် လုပ်​ဆောင်​ခဲ့​တယ်၊+ စိတ်​အား​မလျှော့​ခဲ့ဘူး။+ ၄  ဒါ​ပေမဲ့  က​န​ဦး​မေတ္တာ​ပျက်​ပြယ်​သွား​လို့ မင်း​ကို အပြစ်​ဆို​စ​ရာ ရှိ​တယ်။ ၅  “‘ဒါ​ကြောင့် ဘယ်​လို​အခြေ​အနေ​က​နေ ကျ​ဆင်း​သွား​တယ်​ဆို​တာ သတိ​ရ​ပြီး နောင်​တ​ရ​ပါ။+ အရင်​အကျင့်​တွေ​ကို ပြန်​ကျင့်​ပါ။ ဒီ​လို​မကျင့်​ရင် မင်း​ဆီ ငါ​လာ​မယ်။ နောင်​တ​မရ​ဘူး​ဆို​ရင်+ မင်း​ရဲ့​ဆီ​မီး​တိုင်​ကို ငါ​ဖယ်​ရှား​မယ်။+ ၆  ဒါ​ပေမဲ့ မင်း​မှာ​ရှိ​တဲ့ ကောင်း​ကွက်​တစ်​ခု​က​တော့ ငါ​မုန်း​တဲ့ နိ​ကော​လ​ဂိုဏ်း​ရဲ့+ အကျင့်​တွေ​ကို မင်း​လည်း မုန်း​တယ်။ ၇  အောင်​မြင်​သူ​ကို+ ဘု​ရား​သခင့်​ပရ​ဒိ​သု​မှာ​ရှိ​တဲ့ အသက်​ပင်​ရဲ့ အသီး​ကို ငါ​စား​ခွင့်​ပေး​မယ်။+ အသင်း​တော်တွေ​ဆီ စွမ်း​အား​တော် ဆင့်​ဆို​တဲ့ အဲ​ဒီ​စ​ကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’+ ၈  “စ​မု​ရ​န​အသင်း​တော်ရဲ့ စေ​တ​မန်​ဆီ​ အခု​လို​ရေး​လိုက်​ပါ– ‘ဦး​ဆုံး​နဲ့​နောက်​ဆုံး’  ဖြစ်​တဲ့​သူ၊+  သေဆုံး​ပြီး​နောက် အသက်​ပြန်​ရှင်​လာ​တဲ့​သူ ပြော​တာ​က၊+ ၉  ‘မင်း ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​တာ၊ နွမ်း​ပါး​တာ​ကို ငါ​သိ​တယ်။ ဒါ​ပေမဲ့ မင်း​ဟာ ကြွယ်​ဝ​ပါ​တယ်။+ တ​ချို့​က ကိုယ့်​ကိုယ်​ကိုယ် ဂျူး​လူ​မျိုး​ပါ​လို့ ပြော​ပြီး မင်း​တို့​ကို စော်​ကား​တာ​လည်း  ငါ​သိ​တယ်။  တကယ်​တော့  သူ​တို့​ဟာ  ဂျူး​တွေ​မဟုတ်​ဘူး။ စာတန်​ရဲ့ အဖွဲ့​ဝင်​တွေ​ပဲ။+ ၁၀  ကြုံ​ရ​တော့​မယ့် ဆင်း​ရဲ​ဒုက္ခတွေ​ကို မကြောက်​ပါ​နဲ့။+ စာ​တန်​က မင်း​တို့​ထဲ​က တ​ချို့​ကို​အ​ဆက်​မပြတ် ထောင်​ချ​လိမ့်​မယ်။ မင်း​တို့ အပြည့်​အဝ စမ်း​သပ်​ခံ​ရ​ပြီး ဆယ်​ရက်​တိုင်​တိုင်  ဆင်း​ရဲ​ဒုက္ခ​ကြုံ​ရ​လိမ့်​မယ်။ သေတဲ့​အထိ သစ္စာ​ရှိ​ပါ။ ဒါ​ဆို​ရင် မင်း​ကို အသက်​သရ​ဖူ ငါ​ပေး​မယ်။+ ၁၁  အောင်​မြင်​သူ​ဟာ+ ဒုတိ​ယ​သေ​ခြင်း​ကို လုံး​ဝ ကြုံ​ရ​မှာ​မဟုတ်​ဘူး။+ အသင်း​တော်တွေ​ဆီ စွမ်း​အား​တော်​ဆင့်​ဆို​တဲ့ အဲ​ဒီ​စ​ကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’+ ၁၂  “ပေရဂံ​အသင်း​တော်ရဲ့ စေ​တ​မန်​ဆီ အခု​လို​ရေး​လိုက်​ပါ– အသွား​နှစ်​ဖက်​ထက်​တဲ့ ဓား​ရှည်​ရဲ့ ပိုင်​ရှင်​ပြော​တာ​က၊+ ၁၃  ‘မင်း ဘယ်​မှာ​နေ​ထိုင်​ရ​မှန်း ငါ​သိ​တယ်။ စာ​တန့်​ပလ္လင် တည်​ရှိ​တဲ့​နေ​ရာ​ပဲ။ ဒါ​ပေမဲ့ မင်း​က ငါ့​နာ​မည်​ကို မြဲမြဲကိုင်​စွဲ​ထား​တယ်။+ စာ​တန်​နေ​ထိုင်​တဲ့ မင်း​ရဲ့​နေ​ရာ​မှာ​တင် ကွပ်​မျက်​ခံ​ခဲ့ရ​တဲ့+ ငါ့ရဲ့​သစ္စာ​ရှိ​သက်​သေ+  အန္တိ​ပလက်​ထက်​မှာ​တောင် မင်း​က ငါ့​အပေါ်​ထား​တဲ့ ယုံ​ကြည်​ခြင်း​ကို မစွန့်​လွှတ်​ခဲ့​ဘူး​ဆို​တာ​ကို​လည်း+ ငါ​သိ​တယ်။ ၁၄  “‘ဒါ​ပေမဲ့ မင်း​ကို အပြစ်​ဆို​စ​ရာ နည်း​နည်း​ရှိ​တယ်။ ဗာ​လမ်ရဲ့ အယူ​အဆ​ကို လိုက်​လျှောက်​သူ​တွေ မင်း​တို့​ထဲ​မှာ ရှိ​တယ်။+ ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တာ​တွေ​ကို စား​ပြီး လိင်​အကျင့်​ယို​ယွင်း​အောင်*+ အစ္စရေးတွေ​ကို ဖြား​ယောင်း​ဖို့ ဗာ​လက်​ကို+ သူ​သင်​ပေး​ခဲ့​တယ်။ ၁၅  အလား​တူ၊ မင်း​ဆီ​မှာ​လည်း နိ​ကော​လ​ဂိုဏ်း​ရဲ့ အယူ​အဆ​ကို လိုက်​လျှောက်​သူ​တွေ ရှိ​နေ​တယ်။+ ၁၆  ဒါ​ကြောင့် နောင်​တ​ရ​ပါ။ နောင်​တ​မရရင် မင်း​ဆီ ငါ​အမြန်​လာ​မယ်။ သူ​တို့​ကို ငါ့​ခံ​တွင်း​က​ထွက်​နေ​တဲ့ ဓား​ရှည်​နဲ့ တိုက်​ခိုက်​မယ်။+ ၁၇  “‘အောင်​မြင်​သူ​ကို+ ဝှက်​ထား​တဲ့ မန္န​မုန့်​တ​ချို့ ငါ​ပေး​မယ်။+ ကျောက်​စ​ရစ်​ဖြူ​လည်း ပေး​မယ်။ ကျောက်​စ​ရစ်​ဖြူ​ပေါ်​မှာ နာ​မည်​သစ် ရေး​ထား​တယ်။ လက်​ခံ​ရ​ရှိ​သူ​က​လွဲ​လို့ အဲ​ဒီ​နာ​မည်​သစ်​ကို ဘယ်​သူ​မှ မသိ​ဘူး။ အသင်း​တော်တွေ​ဆီ စွမ်း​အား​တော်​ဆင့်​ဆို​တဲ့ အဲ​ဒီ​စ​ကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’+ ၁၈  “သွာ​တိ​ရ​အသင်း​တော်ရဲ့+ စေ​တ​မန်​ဆီ အခု​လို​ရေး​လိုက်​ပါ– မီး​လျှံ​နဲ့​တူ​တဲ့ မျက်​စိ၊+ ပြောင်​လက်​တောက်​ပတဲ့ ကြေး​နီ​လို ခြေ​ထောက်​ရှိ​တဲ့+ ဘု​ရား​သခင့်​သား​တော်  ပြော​တာ​က၊ ၁၉  ‘မင်း​ရဲ့ အကျင့်၊ မေတ္တာ၊ ယုံ​ကြည်​ခြင်း၊ ဘု​ရား​အတွက် အမှု​ဆောင်​ခြင်း၊ ခံနိုင်​ရည်​ကို ငါ​သိ​တယ်။ မင်း​ရဲ့ အကျင့်​တွေ​ဟာ အစော​ပိုင်း​က​ထက် နောက်​ပိုင်း​မှာ ပို​ကောင်း​လာ​မှန်း​ကို​လည်း ငါ​သိ​တယ်။ ၂၀  “‘ဒါ​ပေမဲ့ မင်း​ကို အပြစ်​ဆို​စ​ရာ​တစ်​ခု  ရှိ​တယ်။  ကိုယ့်​ကိုယ်​ကိုယ် ပရော​ဖက်​မလို့ ပြော​နေ​တဲ့ ယေ​ဇ​ဗေ​လ​ကို+ မင်း သည်း​ခံ​ထား​တယ်။ အဲ​ဒီ​မိန်းမ​က ငါ့​ကျွန်​တွေ​ကို လိင်​အကျင့်​ယို​ယွင်း​အောင်၊*+ ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တာ​တွေ စား​အောင် သွန်​သင်​ပေး​ပြီး လမ်း​လွဲ​စေ​တယ်။ ၂၁  နောင်​တ​ရ​ဖို့ ငါ​အချိန်​ပေး​ပေမဲ့ သူ​က လိင်​အကျင့်​ယို​ယွင်း​တာ​ကို* နောင်​တ​ရ​ချင်​တဲ့​စိတ် မရှိ​ဘူး။ ၂၂  သူ့​ကို ဖျား​နာ​ပြီး အိပ်​ရာ​ထဲ​လဲ​အောင် ငါ​လုပ်​တော့​မယ်။ သူ​နဲ့​ဖောက်​ပြန်​တဲ့​သူ​တွေ​လည်း သူ့​လို​အကျင့်​မျိုး ကျင့်​နေ​တာ​ကို နောင်​တ​မရ​ဘူး​ဆို​ရင် သူ​တို့​ကို ငါ​အကြီး​အကျယ် ဒုက္ခရောက်​စေ​မယ်။ ၂၃  သူ့​သား​သမီး​တွေ​ကို​လည်း သေနိုင်​တဲ့​ကပ်​ရော​ဂါ​နဲ့ ငါ​ကွပ်​မျက်​မယ်။ ငါ​ဟာ အနက်​ရှိုင်း​ဆုံး​ခံ​စား​ချက်​နဲ့* နှ​လုံး​သား​ကို စစ်​ဆေး​သူ​ဖြစ်​မှန်း အသင်း​တော်​အား​လုံး သိ​ရ​လိမ့်​မယ်။ မင်း​တို့​ယောက်​တိုင်း​ကို လုပ်​ခဲ့​တဲ့​အကျင့်​တွေ​အတိုင်း ငါ​ဆပ်​ပေး​မယ်။+ ၂၄  “‘ဒါ​ပေမဲ့ သွာ​တိ​ရ​မြို့​ထဲ​က ကျန်​တဲ့​သူ​တ​ချို့​ဟာ ယေ​ဇ​ဗေ​လ​ရဲ့ သွန်​သင်​ချက်​နောက်​ကို မပါ​သွား​တဲ့​အပြင် လူ​တွေ​ပြော​နေ​ကြ​တဲ့ “စာ​တန်​ရဲ့​နက်​နဲရာတွေ”+ ကို​မသိ​ကြ​ဘူး။ သူ​တို့​ကို ငါ​ပြော​တာ​က– မင်း​တို့​အပေါ် တ​ခြား​ဝန်​ကို ငါ​မတင်​ပါ​ဘူး။ ၂၅  ငါ​လာ​တဲ့​အထိ မင်း​တို့​လျှောက်​နေ​တဲ့ လမ်း​မှန်​မှာ ဆက်​ပြီး​လျှောက်​နေ​ပါ။+ ၂၆  ငါ့​လမ်း​စဉ်​အတိုင်း အဆုံး​အထိ လျှောက်​လှမ်း​ပြီး အောင်​မြင်​သူ​ကို လူ​မျိုး​တွေ​အပေါ် အုပ်​ချုပ်​နိုင်​တဲ့  အခွင့်​အာ​ဏာ  ငါ​ပေး​မယ်။+ ၂၇  အဖဘု​ရား​ဆီ​က အခွင့်​အာ​ဏာ​ကို ငါ​ရ​ရှိ​သလို​မျိုး​ပေါ့။ သူ​က လူ​တွေ​ကို သံ​လှံ​တံ​နဲ့ အုပ်​ချုပ်​လိမ့်​မယ်။+ လူ​တွေ​ဟာ မြေအိုး​တွေ​လို အစိတ်​စိတ်​အမြွှာ​မြွှာ ကွဲ​သွား​လိမ့်​မယ်။ ၂၈  သူ့​ကို  မိုး​သောက်​ကြယ်+  ငါ​ပေး​မယ်။ ၂၉  အသင်း​တော်တွေ​ဆီ စွမ်း​အား​တော်​ဆင့်​ဆို​တဲ့ အဲ​ဒီ​စ​ကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ကျောက်​ကပ်​တွေ။”