ဗျာဒိတ် ၁၇:၁-၁၈

  • “မဟာ​ဗာ​ဗု​လုန်”​ အပေါ် တ​ရား​စီ​ရင်​ချက် (၁-၁၈)

    • နီ​မြန်း​တဲ့​သား​ရဲ​အပေါ် ထိုင်​နေ​တဲ့ ပြည့်တန်ဆာကြီး (၁-၃)

    • သား​ရဲ​ဟာ ‘ရှိ​ခဲ့​ပေမဲ့ မရှိ​တော့။ မကြာ​ခင် တွင်းနက်​ကြီး​ထဲ​က​နေ တက်လာ’ ()

    • ချို​ဆယ်​ချောင်း​က သိုး​သငယ်​နဲ့ စစ်တိုက် (၁၂-၁၄)

    • ချို​ဆယ်​ချောင်းက​ ပြည့်​တန်​ဆာ​ကို​မုန်း (၁၆၊ ၁၇)

၁၇  အဲဒီ​နောက် ဖလား​ခု​နစ်​လုံး​ကိုင်​တဲ့ ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ထဲ​က+ တစ်​ပါး ရောက်​လာ​ပြီး “လာ​ပါ။ ရေ​ထု​အပေါ်​ထိုင်​နေ​တဲ့ ပြည့်​တန်​ဆာ​ကြီး ဘယ်​လို အပြစ်​ဒဏ်​ခံ​ရ​တော့​မယ်​ဆို​တာ ပြမယ်။+ ၂  ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​က သူ​နဲ့ လိင်​အကျင့်​ယို​ယွင်း​ကြ​တယ်။*+ ကမ္ဘာ​မြေပေါ် နေ​ထိုင်​သူ​တွေ​လည်း လိင်​အကျင့်​ယို​ယွင်း​ခြင်း* ဖြစ်​တဲ့ သူ့​ရဲ့ဝိုင်​ကို သောက်​ပြီး မူး​ယစ်​နေ​ကြ​တယ်”+ လို့ ကျွန်​တော့်​ကို​ပြော​တယ်။ ၃  အဲ​ဒီ​နောက် သူ​က ကျွန်​တော့်​ကို တော​အရပ်​ဆီ စွမ်း​အား​တော်​နဲ့ ခေါ်​ဆောင်​သွား​တယ်။ နီ​မြန်း​တဲ့ သား​ရဲ​တစ်​ကောင်​ပေါ်  ထိုင်​နေ​တဲ့ မိန်း​မတစ်​ယောက်​ကို ကျွန်​တော်​မြင်​တယ်။ ခေါင်း​ခု​နစ်​လုံး၊  ချို​ဆယ်​ချောင်း​ရှိ​တဲ့  အဲ​ဒီ​သား​ရဲ​ဟာ ဘု​ရား​သခင်​ကို စော်​ကား​တဲ့​နာ​မည်​တွေ  တစ်​ကိုယ်​လုံး​မှာ  ရေး​ထား​တယ်။ ၄  အဲ​ဒီ​မိန်း​မက ခ​ရမ်းရောင်​နဲ့+ ကြက်​သွေး​ရောင် ဝတ်​ဆင်​ထား​ပြီး ရွှေ၊ ကျောက်​မျက်​ရ​တ​နာ​နဲ့ ပုလဲ​တွေ ဆင်​မြန်း​ထား​တယ်။+  ရွံ​ရှာ​ဖွယ်​ရာတွေ၊ လိင်​အကျင့်​ယို​ယွင်း​ခြင်း* ဖြစ်​တဲ့ ညစ်​ညမ်း​တဲ့​ အရာတွေ​နဲ့ ပြည့်​နေ​တဲ့  ရွှေ​ဖလား​ကို  ကိုင်​ထား​တယ်။ ၅  “မဟာ​ဗာ​ဗု​လုန်၊ ပြည့်​တန်​ဆာ​တွေ​နဲ့+ ကမ္ဘာ​မြေပေါ်​က ရွံ​ရှာ​ဖွယ်​တွေရဲ့ မိခင်”+ ဆို​တဲ့ လျှို့ဝှက်​နာ​မည်​ကို နဖူး​ပေါ်​မှာ ရေး​ထား​တယ်။ ၆  အဲ​ဒီ​မိန်း​မက သန့်​ရှင်း​သူ​တွေရဲ့​သွေး၊ ယေရှု​ရဲ့ သက်​သေခံ​တွေရဲ့ သွေး​နဲ့ မူး​ယစ်​နေ​တာ​ကို ကျွန်​တော်​မြင်​တယ်။+ သူ့​ကို​မြင်​တဲ့​အခါ ကျွန်​တော် အကြီး​အကျယ်  အံ့​သြသွား​တယ်။ ၇  ဒါ​ကြောင့်  ကောင်း​ကင်​တ​မန်​က “ဘာ​လို့ အံ့​သြတာ​လဲ။ အဲ​ဒီ​မိန်း​မရဲ့ လျှို့ဝှက်​ချက်၊+ သူ​ထိုင်​နေ​တဲ့ ခေါင်း​ခု​နစ်​လုံး ချို​ဆယ်​ချောင်း​ရှိ​တဲ့ သား​ရဲရဲ့​လျှို့ဝှက်​ချက်​ကို ပြော​ပြမယ်။+ ၈  ခင်​ဗျား​မြင်​ရ​တဲ့ သား​ရဲ​ဟာ တစ်​ချိန်​က​ရှိ​ခဲ့​ပေမဲ့ အခု မရှိ​တော့​ဘူး။ ဒါ​ပေမဲ့ မကြာ​ခင် တွင်း​နက်​ကြီး​ထဲ​က​နေ တက်​လာ​ပြီး​နောက်+ ပျက်​စီး​သွား​လိမ့်​မယ်။ တစ်​ချိန်​က ရှိ​ခဲ့​ပေမဲ့ မရှိ​တော့​တဲ့ သား​ရဲ၊ မကြာ​ခင် ပြန်​ပေါ်​လာ​မယ့် အဲ​ဒီ​သား​ရဲ​ကို ကမ္ဘာ​ပေါ်​နေ​ထိုင်​သူ​တွေ မြင်​တဲ့​အခါ အံ့​သြ​သွား​ကြ​လိမ့်​မယ်။ ဒါ​ပေမဲ့ အဲ​ဒီ​လူ​တွေ​ဟာ လူ့​လော​က​အစ​ပြု​ချိန်* က​တည်း​က အသက်​စာ​လိပ်​မှာ+ နာ​မည်​စာ​ရင်း​မဝင်​သူ​တွေ​ပဲ။ ၉  “ဉာဏ်​ပညာ​နဲ့ စဉ်း​စား​ဉာဏ်​ရှိ​သူ​ဟာ ဒါ​ကို​နား​လည်​လိမ့်​မယ်– ခေါင်း​ခု​နစ်​လုံး​ဟာ+ အဲ​ဒီ​မိန်း​မထိုင်​နေ​တဲ့ တောင်​ခု​နစ်​လုံး​ကို ဆို​လို​တယ်။ ၁၀  ဘု​ရင်​ခု​နစ်​ပါး ရှိ​တယ်။ ငါး​ပါး ကျ​ဆုံး​သွား​ပြီ။ တစ်​ပါး ရှိ​နေ​တယ်။ နောက်​တစ်​ပါး​က မပေါ်​လာ​သေး​ဘူး။ ပေါ်​လာ​တဲ့​အခါ တစ်​ခ​ဏ​ပဲ တည်​တံ့​လိမ့်​မယ်။ ၁၁  တစ်​ချိန်​က ရှိ​ခဲ့​ပေမဲ့ မရှိ​တော့​တဲ့ သား​ရဲ​ဟာ+ အဋ္ဌ​မဘု​ရင်​လည်း ဟုတ်​တယ်။ ဒါ​ပေမဲ့ အဲ​ဒီ​သား​ရဲ​က ဘု​ရင်​ခု​နစ်​ပါး​ထဲ​က ပေါ်​ထွက်​လာ​ပြီး​နောက် ပျက်​စီး​ရ​လိမ့်​မယ်။ ၁၂  “ခင်​ဗျား​မြင်​ရ​တဲ့  ချို​ဆယ်​ချောင်း​ဟာ နိုင်​ငံ​မရ​သေး​တဲ့ ဘု​ရင်​ဆယ်​ပါး​ကို ဆို​လို​တယ်။ ဒါ​ပေမဲ့ သူ​တို့​ဟာ သား​ရဲ​နဲ့​အတူ ဘု​ရင့်​အာ​ဏာ​ကို တစ်​နာ​ရီ​လောက် ရ​လိမ့်​မယ်။ ၁၃  သူ​တို့​ဟာ အကြံ​တူ​တွေ​ဖြစ်​လို့ သူ​တို့​ရဲ့​တန်​ခိုး​နဲ့ အာ​ဏာ​ကို သား​ရဲ​ဆီ ပေး​အပ်​ကြ​တယ်။ ၁၄  သူ​တို့​က သိုး​သငယ်​နဲ့+ စစ်​တိုက်​လိမ့်​မယ်။ ဒါ​ပေမဲ့ သိုး​သငယ်​ဟာ သခင်​တ​ကာ​တို့​ရဲ့​သခင်၊ ဘုရင်​တကာ​တို့​ရဲ့ ဘု​ရင်​ဖြစ်​လို့+ သူ​တို့​ကို အောင်မြင်​လိမ့်​မယ်။+ ခေါ်​ယူ​ရွေး​ချယ်​ခံ​ရ​တဲ့ သစ္စာ​ရှိ​သူ​တွေ​လည်း သိုး​သငယ်​နဲ့​အတူ အောင်​မြင်​ကြ​လိမ့်​မယ်။”+ ၁၅  ကောင်း​ကင်​တ​မန်​က “ခင်​ဗျား​မြင်​ရ​တဲ့ ပြည့်​တန်​ဆာ​ထိုင်​နေ​တဲ့ ရေတွေ​ဟာ လူ​စု​တွေ၊ လူ​အုပ်​တွေ၊ လူ​မျိုး​တွေ၊ ဘာ​သာ​စ​ကား အမျိုး​မျိုး​ပြော​တဲ့ လူ​တွေ​ကို ဆို​လို​တယ်။+ ၁၆  ခင်​ဗျား​မြင်​ရ​တဲ့  ချို​ဆယ်​ချောင်း​ရှိ​တဲ့+ သား​ရဲ​က+ ပြည့်​တန်​ဆာ​ကို+ မုန်း​လိမ့်​မယ်။ သူ့​ကို သိမ်း​ရုံး​ဖျက်​ဆီး​ပြီး အဝတ်​ဗ​လာ​ဖြစ်​စေ​မယ်။ သူ့​အသား​ကို​စား​ပြီး သူ့​ကို  အစ​အန​မကျန်​အောင် မီး​ရှို့​ပစ်​လိမ့်​မယ်။+ ၁၇  ဘု​ရား​သခင်​က မိမိ​ရဲ့​အကြံ​ကို သူ​တို့​ရဲ့ စိတ်​ထဲ​ထည့်​ပေး​ပြီး အကောင်​အထည်​ဖော်​လိမ့်​မယ်။+ သူ​တို့​က ဘုရား​သခင်​ရဲ့ နှုတ်​ထွက်​စ​ကား​အတိုင်း ဖြစ်​လာ​တဲ့​အချိန်​အထိ သား​ရဲ​ကို နိုင်​ငံ​ပေး​အပ်​ပြီး+ သူ​တို့​မှာ​ရှိ​တဲ့ တူ​ညီ​တဲ့​အကြံ​ကို အကောင်​အထည်​ဖော်​လိမ့်​မယ်။ ၁၈  ခင်​ဗျား​မြင်​ရ​တဲ့ မိန်းမ​ဟာ+ ကမ္ဘာ​ပေါ်​က​ဘု​ရင်တွေ​ကို အုပ်​စိုး​တဲ့ မြို့​ကြီး​ကို ဆို​လို​တယ်။”

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။