ဗျာဒိတ် ၁၅:၁-၈

  • ကပ်​ဘေး​ခု​နစ်​ခု ယူ​ဆောင်​လာ​တဲ့ ကောင်း​ကင်​တမန်  ခုနစ်​ပါး (၁-၈)

    • မော​ရှေ​ရဲ့​သီ​ချင်း​နဲ့ သိုး​သငယ်​ရဲ့​သီ​ချင်း (၃၊ ၄)

၁၅  အဲဒီ​နောက် ကောင်း​ကင်​မှာ ကြီးမြတ်​ပြီး အံ့​ဖွယ်​ကောင်း​တဲ့​နိ​မိတ် နောက်​တစ်​ခု​ကို ကျွန်​တော်​မြင်​တယ်။ ကပ်​ဘေး​ခု​နစ်​ခု ယူ​ဆောင်​လာ​တဲ့ ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ကို+ မြင်​တယ်။ အဲ​ဒီ​ကပ်​ဘေး​တွေ ပြီး​ဆုံး​သွား​ရင် ဘု​ရား​သခင်​ရဲ့ အမျက်​တော်​လည်း ပြီး​ဆုံး​သွား​မှာ​ဖြစ်​လို့ အဲ​ဒီ​ကပ်​ဘေး​တွေ​ဟာ နောက်​ဆုံး​ပဲ။+ ၂  အဲ​ဒီ​အခါ ဖန်​ရေ​ကန်​နဲ့​တူ​တဲ့ အရာ​တစ်​ခု​ကို+ ကျွန်​တော်​မြင်​တယ်။ အဲ​ဒီ​ကန်​ထဲ​မှာ မီး​တွေ​နဲ့ ရော​နေ​တယ်။ သား​ရဲ၊ သား​ရဲ​ရုပ်​တု၊+ သား​ရဲ​နာ​မည်​ရဲ့ ကိန်း​ဂဏန်းတွေ​ကို+ အောင်​မြင်​သူ​တွေ​ကို​လည်း+ မြင်​တယ်။ သူ​တို့​က ဘု​ရား​သခင်​ရဲ့ စောင်း​တွေ​ကို ကိုင်​ပြီး ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​တယ်။ ၃  သူ​တို့​က ဘု​ရား​သခင်​ရဲ့​ကျွန် မော​ရှေ​ရဲ့​သီ​ချင်း​နဲ့+ သိုး​သငယ်​ရဲ့​သီ​ချင်း​ကို+ အခု​လို သီ​ဆို​နေ​ကြ​တယ်– “အနန္တ​တန်​ခိုး​ရှင်+  ယေဟောဝါ* ဘုရား၊​ ကိုယ်​တော်ရဲ့ လုပ်​ဆောင်​မှု​တွေ​ဟာ ကြီးမြတ်​ပြီး အံ့​သြစ​ရာ ကောင်း​လှ​ပါ​တယ်။+ အို ထာ​ဝ​ရ​ဘု​ရင်၊+ နည်း​လမ်း​တော်တွေ​ဟာ  ဖြောင့်​မတ်​မှန်​ကန်​လှ​ပါတယ်။+ ၄  ယေဟောဝါ* ဘုရား၊​ ကိုယ်​တော်​တစ်​ပါး​တည်း​သာ  သစ္စာ​စောင့်​သိ​တဲ့​အရှင် ဖြစ်​တဲ့​အတွက် ဘယ်​သူ​က ကိုယ်​တော့်​ကို မကြောက်​ရွံ့​ဘဲ​နေ​မှာ​လဲ။+ ဘယ်​သူ​က နာ​မတော်​ကို မချီး​မွမ်း​ဘဲ နေ​နိုင်​မှာ​လဲ။ ကိုယ်​တော်ရဲ့​စီ​ရင်​ချက်​တွေ ဖြောင့်​မတ်​ကြောင်း ပေါ်​လွင်​ထင်​ရှား​ပါ​ပြီ။ ဒါ​ကြောင့် လူ​မျိုး​အား​လုံး ရှေ့​တော်​ကို​လာ​ပြီး ကိုး​ကွယ်​ကြ​ပါ​လိမ့်​မယ်။”+ ၅  အဲ​ဒီ​နောက် ကောင်း​ကင်​မှာ​ရှိ​တဲ့ သက်​သေခံ​ချက်​တဲ​တော်ရဲ့+ သန့်​ရှင်း​ရာ​ဌာ​န ပွင့်​လာ​တာ​ကို+ ကျွန်​တော်​မြင်​တယ်။ ၆  ကပ်​ဘေး​ခု​နစ်​ခု​ကို​ ယူ​ဆောင်​လာ​တဲ့ ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​က+  စင်​ကြယ်​တောက်​ပြောင်​တဲ့ ချည်​ထည်​ကို ဝတ်​ဆင်​ပြီး၊ ရွှေ​ရင်​စည်း​စည်း​ပြီး သန့်​ရှင်း​ရာ​ဌာ​န​က​နေ ထွက်​လာ​တယ်။ ၇  သတ္တ​ဝါ​လေး​ပါး​ထဲ​က​တစ်​ပါး​က အစဉ်​ထာ​ဝ​ရ​အသက်​ရှင်​တဲ့ ဘု​ရား​သခင်​ရဲ့ အမျက်​တော်​နဲ့​ပြည့်​နေ​တဲ့ ရွှေ​ဖလား​ခု​နစ်​လုံး​ကို+ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ဆီ  ပေး​လိုက်​တယ်။ ၈  အဲ​ဒီ​အခါ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​နဲ့ တန်​ခိုး​ကြောင့် သန့်​ရှင်း​ရာ​ဌာ​န​ဟာ မီး​ခိုး​တွေ​နဲ့ ပြည့်​သွား​တယ်။+ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ရဲ့  ကပ်​ဘေး​ခု​နစ်​ခု+ မပြီး​မချင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ ဘယ်​သူ​မှ မဝင်​နိုင်​ဘူး။

အောက်ခြေမှတ်ချက်များ