ဗျာဒိတ် ၁၀:၁-၁၁

  • ခွန်​အား​ကြီး ကောင်း​ကင်​တ​မန်​တစ်​ပါး စာ​လိပ်​ငယ်ကို ကိုင်​ထား (၁-၇)

    • “နှောင့်​နှေး​မှာ မဟုတ်” ()

    • မြင့်မြတ်​တဲ့​လျှို့ဝှက်​ချက် ပြီး​ဆုံး ()

  • စာ​လိပ်​ငယ်​ကို ယောဟန်​စား (၈-၁၁)

၁၀  အဲဒီ​နောက်  ခွန်​အား​ကြီး​တဲ့ ကောင်း​ကင်​တ​မန် နောက်​တစ်​ပါး​က မိုး​တိမ်​ကို ဝတ်​ဆင်​ပြီး ကောင်း​ကင်​က​နေ ဆင်း​လာ​တာ​ကို ကျွန်​တော် မြင်​တယ်။ သူ့​ခေါင်း​ပေါ်​မှာ သက်​တံ​ရှိ​တယ်။ မျက်​နှာ​က နေ​နဲ့​တူ​ပြီး+ ခြေ​ထောက်​က မီး​တိုင်​နဲ့​တူ​တယ်။ ၂  ဖွင့်​ထား​တဲ့ စာ​လိပ်​ငယ်​တစ်​လိပ်​ကို သူ ကိုင်​ထား​တယ်။ ညာ​ဘက်​ခြေ​ထောက်​ကို ပင်​လယ်​ပေါ်​မှာ၊ ဘယ်​ဘက်​ခြေ​ထောက်​ကို ကုန်း​မြေပေါ်​မှာ ချ​ထား​တယ်။ ၃  ခြင်္သေ့​ဟိန်း​သံ​လို ကျယ်​တဲ့​အသံ​နဲ့ သူ​ကြွေး​ကြော်​တယ်။+ သူ​ကြွေး​ကြော်​လိုက်​တဲ့​အခါ မိုး​ခြိမ်း​သံ​ခု​နစ်​သံ​က​နေ+ စ​ကား​သံ ထွက်​ပေါ်​လာ​တယ်။ ၄  မိုး​ခြိမ်း​သံ​ခု​နစ်​သံ​က​နေ  စ​ကား​သံ​ထွက်​လာ​တဲ့​အခါ ကျွန်​တော် ရေး​မှတ်​မယ်​လုပ်​တော့  ကောင်း​ကင်​က အသံ​တစ်​သံ​က+  “မိုး​ခြိမ်း​သံ​ခု​နစ်​သံ​ကနေ  ထွက်​လာ​တဲ့  စ​ကား​တွေ​ကို တံဆိပ်​ခတ်​ပါ။ မရေး​မှတ်​ပါ​နဲ့” လို့​ပြော​တာ​ကို ကြား​တယ်။ ၅  ကျွန်​တော်​မြင်​ခဲ့​တဲ့ ပင်​လယ်​နဲ့ ကုန်း​မြေပေါ်​ရပ်​နေ​တဲ့ ကောင်း​ကင်​တ​မန်​ဟာ ညာ​လက်​ကို ကောင်း​ကင်​ဆီ မြှောက်​လိုက်​တယ်။ ၆  ကောင်း​ကင်​နဲ့ ကောင်း​ကင်​ပေါ်​မှာ​ရှိ​တဲ့ အရာတွေ၊ မြေကြီး​နဲ့ မြေကြီး​ပေါ်​မှာ​ရှိ​တဲ့​အရာတွေ၊ ပင်​လယ်​နဲ့ ပင်​လယ်​ထဲ​မှာ​ရှိ​တဲ့​အရာတွေ​ကို ဖန်​ဆင်း​ပြီး+ အစဉ်​ထာ​ဝ​ရ အသက်​ရှင်​တဲ့ အရှင်​ကို+ သူ​တိုင်​တည်​ကျိန်​ဆို​တာ​က “ဘု​ရား​သခင်​ဟာ နှောင့်​နှေး​မှာ မဟုတ်​ဘူး။ ၇  မိမိ​ရဲ့​ကျွန် ပရော​ဖက်​တွေ​ကို+ ကြေ​ညာ​ထား​တဲ့ သတင်း​ကောင်း​နဲ့​ဆိုင်​တဲ့ မြင့်မြတ်​တဲ့​လျှို့ဝှက်​ချက်​ဟာ+  သတ္တ​မကောင်း​ကင်​တ​မန်+  ခ​ရာ​မှုတ်​မယ့်​အချိန်​မှာ+ တကယ်​ ပြီး​ဆုံး​သွား​မယ်။” ၈  အဲ​ဒီ​နောက်  ကောင်း​ကင်​က​အသံ+ နောက်​တစ်​ကြိမ် ထွက်​ပေါ်​လာ​ပြီး “ပင်​လယ်​နဲ့ ကုန်း​မြေပေါ်​မှာ ရပ်​နေ​တဲ့ ကောင်း​ကင်​တ​မန်​လက်​ထဲ​က ဖွင့်​ထား​တဲ့ စာ​လိပ်​ကို​သွား​ယူ​ပါ”+  လို့​ကျွန်​တော့်​ကို ပြော​တယ်။ ၉  ကျွန်​တော်​လည်း အဲ​ဒီ​ကောင်း​ကင်​တ​မန်​ဆီ သွား​ပြီး စာ​လိပ်​ငယ်​ပေး​ပါ​လို့ တောင်း​တယ်။ သူ​က “စာ​လိပ်​ကို ယူ​စား​လိုက်​ပါ။+ ဝမ်း​ထဲ​မှာ ခါး​နေ​လိမ့်​မယ်။ ခံ​တွင်း​ထဲ​မှာ​တော့ ပျား​ရည်​လို ချို​လိမ့်​မယ်” လို့ ပြော​တယ်။ ၁၀  ကောင်း​ကင်​တ​မန်​လက်​ထဲ​က စာ​လိပ်​ငယ်​ကို ကျွန်​တော် ယူ​စား​လိုက်​တဲ့​အခါ+ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​လို ချို​နေ​တယ်။+ ဒါ​ပေမဲ့ စား​ပြီး​တဲ့​အခါ ဝမ်း​ထဲ​မှာ ခါး​နေ​တယ်။ ၁၁  “မင်း​က လူ​စု​တွေ၊ လူ​မျိုး​တွေ၊ ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​တဲ့​လူ​တွေ၊ ရှင်​ဘု​ရင်တွေ​နဲ့​ပတ်​သက်​ပြီး နောက်​တစ်​ကြိမ် ပရော​ဖက်​ပြု​ရ​မယ်” လို့ ပြော​တဲ့​အသံ​ကို ကျွန်​တော် ကြား​တယ်။

အောက်ခြေမှတ်ချက်များ